ချစ်သူများနေ့မှာတော့ ဘယ်သူမဆို ကိုယ်ချစ်ရသူတွေဆီကို အမှတ်တရ လက်ဆောင်လေးတွေ အမျိုးမျိုးပုံဖော်ပြီး ပို့ကြပါလိမ့်မယ်။ ဒါပေ မယ့် အခု လက်ဆောင်ကတော့ အတော့်ကို ထူးခြားပြီး တစ်ခါမှ မမြင်ဖူးတာမျိုး ဖြစ်နေမှာ သေချာပါတယ်။ ပုံမှန်အားဖြင့်တော့ နှင်းဆီပန်း လေးတွေနဲ့ အမှတ်တရ လက်ဆောင်တွေ ဖန်တီးပေးတတ်ကြတာ သဘာဝဖြစ်ပေမယ့်လည်း တကယ်တမ်း မှာတော့ ဘယ်သူမှ နှင်းဆီပန်း အပွင့် ၁၀၀၀ လောက်အထိ လုပ်နိုင်မယ် မထင်ပါဘူး။ ဒါပေမယ့် အခု Ferrari ကား တစ်စီးကတော့ လုပ်လိုက်နိုင်ပါတယ်။ ဒါပေမယ့် အခုနှင်းဆီပန်းတွေနဲ့ အလှဆင်ထားတဲ့ Ferrari ကားက ငှားသုံးထား‌တာဖြစ်ပြီး ကားတစ်စီးလုံးမှာ နှင်းဆီပန်း အပြည့်ပြင်ထားတာ ကတော့ အတော်လေးကို Surprise ဖြစ်စေမှာ အသေအချာပါပဲ။

 

အခု ကားလေးကိုတော့ နာမည်ကျော် Supercar Blondie Youtube Channel ကနေတစ်ဆင့် မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။ ဒီကား လေး အကြောင်းပြောပြထားတဲ့ Video ထဲမှာဆိုရင်တော့ ချစ်သူနှစ်ဦး အဖြစ် Thomas နဲ့ Romi တို့ ဆိုသူတွေကပါဝင်ထားပြီး အဓိက ဖန်တီး ဖြစ်တဲ့ အကြံဉာဏ်ကတော့ Sergi ဆိုသူဆီက ဖြစ်ပါတယ်။ သူတို့ရဲ့ ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်၊ Ferrari SF 90 Stradale ကားကို နှင်းဆီအပြည့် အုပ်ပြီး ချစ်သူကို Surprise တိုက်လိုက်ဖို့ပါပဲ။ ‌ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး ၊ အဆိုပါ နှင်းဆီပန်းအပြည့်နဲ့ ကားကြီးကို ထိုင်းနိုင်ငံဆီ ခရီးတိုလေးသွားဦးမှာမို့ တော်တော်တော့ အမှတ်တရ ဖြစ်စေမယ့် Valentine’s Day ပါပဲ။

Photo Credit: motor 1.com

ဒါပေမယ့်လည်း နောက်ကွယ်က ဖန်တီး အားထုတ်ရတဲ့ အပိုင်းတွေမှာတော့ အတော်လေး ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရမှာ သေချာပါတယ်။ အဆိုပါ ကားရဲ့အပြင်ပိုင်း တစ်ခုလုံးမှာ အလှဆင်ဖို့အတွက် နှင်းဆီပန်းပွင့်ချပ်ပေါင်း ၃၀,၀၀၀ အထိကိုသုံးခဲ့ကြတာပါ။ ဒါပေမယ့်တကယ့် အခက်အခဲကတော့ အဆိုပါ နှင်းဆီပန်းတွေ ကွာကျမသွားအောင် သုံး ရမယ့် ကော်က ကားရဲ့ မူလဆေးတွေ ကွာသွားနိုင်စေတဲ့ ပြဿနာ ဖြစ်လို့ နေပါတယ်။ ပြန်စဉ်းစားရမယ် ဆိုရင် တော့ ဒီကားက ငှားထားတာပဲ ဖြစ်နေတာရယ် ဒေါ်လာ ၈၀၀,၀၀၀ တန်တဲ့ စူပါကား တစ်စီး ဖြစ်နေတာရယ် ကြောင့် Loose Wrap တွေ ထပ်ထည့် ပေးလိုက်ရပါတယ်။ ဒါကြောင့် နောက်ဆုံး ထွက်လာတဲ့ ရလဒ်အပိုင်း ကတော့ အတော့်ကို အံ့အားသင့်စရာ ကောင်းတဲ့ Ferrari နှင်းဆီ ကားလေး ဖြစ်သွား တော့တာပါပဲ။ တကယ်တမ်း အခု ကားလေးနဲ့ စပရိုက် လုပ်ခဲ့ ရာမှာ လည်း Video ထဲမှာတော့ မိန်းကလေး ဖြစ်သူ Romi တစ်ယောက် အတော် လေးကို အံ့အားသင့်ကာ မျက်ရည်တွေကျတဲ့အထိ ဝမ်း သာခဲ့ရပါတော့တယ်။ ကားက မောင်းသွားတဲ့ အချိန်မှာ လည်း နှင်းဆီပန်းတွေ အပြည့်နဲ့ တကယ့်ကို ပနံရလှပနေပါတယ်။ ဒါပေမယ့် လည်း ဒါကတော့ တစ်ခဏတာ Video ရိုက်ကူးမှု အတွက်ပဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် Video ထဲက ချစ်သူစုံတွဲအ တွက် ကတော့ တကယ့်ကို မမေ့နိုင်တဲ့ ချစ်သူများနေ့ အမှတ်တရ ရက်လေးဖြစ်လာတော့မှာ အသေအချာပါပဲ။

Ref: motor 1.com