အမေရိကန် နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပမယ့် 2022 SEMA ကားပြပွဲကြီးမှာ V8 Engine သုံးထားတဲ့ Frontier Pickup Truck ကားကို မိတ်ဆက်လာတော့မှာပါ။ လောလောဆယ်မှာ ကားက Concept အဆင့် ဖြစ်တယ် ဆိုပေမယ့်လည်း Forsberg Racing ဆိုတဲ့ ပြိုင်ကားအသင်းနဲ့ ပေါင်းစပ်ပြီး လာမယ့် Baja-Style သဲကန္တာရကားမောင်း ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် အသုံးပြုလာဖို့ ရှိနေပါတယ်။ Nissan Nismo Off Road Frontier V8 Concept လို့ အမည် ပေးထားမယ့် အဆိုပါ ကားမှာတော့ Nismo Off Road ဆီက အစိတ် အပိုင်းတွေ Accessories တွေ အတော်လေး ပါဝင်လာပါတယ်။ ဒါ့အပြင် တကယ် Nissan တို့ လက်တွေ့ ထုတ်လုပ် တဲ့ အခါကျရင် အသုံးပြုမယ့် Prototype အစိတ်အပိုင်းတွေကိုလည်း အခု မြင်ရတဲ့ကားမှာ စပြီး ထည့်ပေးထားတာ တွေ့ရမှာပါ။

Photo Credit: MotorAuthority

အခု Concept ကိုတော့ Redesigned 2022 Nissan Frontier ကားပေါ် အခြေခံကာ Armada နဲ့ Titan ကားတွေဆီက  5.6 Liter V8 Engine ကို သုံးထားပါတယ်။ အဆိုပါ အင်ဂျင်ကြောင့် ကား အနေနဲ့ 400 hp လောက် အထိ ကောင်းကောင်း စွမ်းဆောင်လာနိုင်ပေမယ့် အတိအကျတော့ မချပြထားသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန် ကားတွေထက်တော့ အခု Concept မှာ ပိုသာလွန်တဲ့ စွမ်းဆောင်ရည်တစ်ချို့ ပါဝင် လာနိုင်ပြီး အကြောင်းကတော့ လေအေးဝင်ရောက်မှု စနစ်နဲ့ Cat-Back အိတ်ဇော စနစ်အသစ် တို့ကြောင့်ပဲ ဖြစ်ပါတယ်။ အခု ကားမှာတော့ ကာဗွန်ဖိုက်ဘာတွေနဲ့ ပြုလုပ်ထားတဲ့ အရှေ့ဘက် Fenders တွေ၊ ဘေးဘက် Side တွေ အစုံ တပ်ဆင်လာ ပြီးအင်ဂျင်စက်ဖုံး ကလည်းကာဗွန်သားနဲ့ပါပဲ။ အဆိုပါ Wide Body Kit ကတော့ ကားရဲ့ ပိုကျယ်လာ စေတဲ့ Suspension နဲ့ အတော်လေး ကွက်တိကျနေတာ ဖြစ်ကာ  Arms တွေ ၊ အရှေ့ဘက်က Spindles တွေ ၊ ဘီး Hubs ‌ တွေနဲ့ Titan ဆီက ယူဆောင်လာတဲ့ အနောက်ဘက် ဝင်ရိုးတွေကို ပိုပြီး ကောင်းကောင်း ထိန်းချုပ်ပေးလာ နိုင်ပါတယ်။

Photo Credit: MotorAuthority

ကားရဲ့ Suspension စနစ်မှာတော့ Upper Control Arms‌ တွေနဲ့ Bilstein Coil-Over Shocks တွေ ပါဝင် လာတဲအပြင် အနောက်ဘက် မှာလည်း Bilstein ရဲ့ အပြင်ဘက် Reservoir Shocks ဘားတွေပါ ထပ်မံ ပါဝင်လာ ခဲ့ ပါသေးတယ်။ အခု လို စက်ပိုင်းဆိုင်ရာမှာ အသေးစိတ် ပြင်ဆင်ပေးထားတာ တွေကြောင့်ပဲ အမြင့်နဲ့ ကုန်တင် နိုင်စွမ်းတွေ ပိုကောင်းလာမှာ ဖြစ်တယ်လို့ Nissan က ဆိုထားပါတယ်။ အခြားသော အပိုင်း တွေမှာတော့  ၁၈ လက်မ အရွယ်ဘီး တွေကို 295/70 Mud-Terrain တာယာတွေ၊ မီးအပိုတွေနဲ့ အချက်ပြမီးတွေ စသဖြင့် စုံစုံလင်လင် တပ်ဆင် ပေးထားပါတယ်။ Prototype အစိတ်အပိုင်းတွေ အနေနဲ့ကတော့ ကားရဲ့ အရှေ့ဘက်ဘန်ဘာ၊ အမိုးကိုင်း နဲ့ ဘီးအပို တင်စရာတွေ ပါဝင်လာတာ ဖြစ်ပါတယ်။ အခု ကားကိုတော့ SEMA ပြပွဲအတွင်း လာမယ့် အခု နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက် အထိ ကိုပြသထားမှာဖြစ်ပြီး နောက် ထပ် ဆက်စပ် Nissan ကားတွေ အနေနဲ့ကတော့ Z GT4 ပြိုင်ကား ၊ Nismo ရဲ့ Accessories တွေနဲ့ Z ကားသစ် ၊ Nissan Leaf ရဲ့ လျှပ်စစ် အင်ဂျင်နဲ့ ပြန်လည်မွမ်းမံထားတဲ့ ခေတ်ဟောင်း Sunny Truck တို့ စသ ဖြင့် အစုံအလင် မြင်နေရမှာလည်း ဖြစ်ပါတယ်။

Ref: MotorAuthority