ဆယ်ကျော်သက် အရွယ် ကားမောင်းတတ်ခါစ လူငယ်ယာဉ်မောင်းတွေ အတွက် ကားဝယ် ပေးတော့မယ် ဆိုရင် တော့ အတွေ့အကြုံ နုနယ်သေးတာ တွေကြောင့် လုံခြုံရေးပိုင်း ပိုစိတ်ချရတဲ့ ကားကောင်း တွေကိုပဲ သေချာ ရွေးဝယ် ရမှာ ဖြစ်ပါတယ်။ IIHS နဲ့ Consumers Report (CR) တို့လို့ နာမည်ကြီး အဖွဲ့ကြီးတွေ ကလည်း အခု အချက်ကို လက်တွေ့ သဘောတူထားပြီး ဆယ်ကျော်သက် အရွယ်ယာဉ်မောင်းတွေ ရွေးချယ် သင့်တဲ့ ကားတွေရဲ့ စာရင်းတွေကို တောင် ထုတ်ပြန်ပေးလာ ခဲ့ပါပြီ။ မျှော်လင့်ထားတဲ့ အတိုင်းပဲ လုံခြုံရေး ပိုင်းရလဒ် အတော်ကောင်းထားတဲ့ ကားတွေ ကို ဦးစားပေး ရွေးချယ်လာခဲ့ပြီး စိတ်ချရမှုအပြင် သာမန်ထက် မိသားစုစီးတွေ ပိုစွမ်းဆောင်လာနိုင်တဲ့ ကားတွေလည်း ဖြစ်လို့ နေပါတယ်။ အခုစာရင်းထဲမှာတော့ အမျိုး အစား ၃ မျိုး ခွဲပေးထားပြီး တစ်ပတ်ရစ်ထဲက အကောင်းဆုံး ရွေးချယ် စရာတွေရယ် ၊ တစ်ပတ်ရစ် ထဲကပဲ ကောင်းတယ်ဆိုတဲ့ အဆင့်ကားတွေရယ်နဲ့ ကားသစ်ပိုင်းထဲက ကားကောင်းတွေဆိုပြီး ဖြစ်ပါတယ်။ ဈေးနှုန်း တွေကတော့ ကားတွေရဲ့ အဆင့်အလိုက်ပဲ အတော်လေး ကွာခြားဖို့ ရှိပါတယ်။

Photo Credit: motor 1.com

လူငယ်တွေ အတွက် အရွေးသင့်ဆုံးသော တစ်ပတ်ရစ်ကားသေးတွေထဲမှာ ဆိုရင်တော့ ၂၀၁၄-၁၅ မော်ဒယ် Ford C-Max Hybrid ကား‌က $ 8,400 နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါ့အပြင် Mazda 3 ကားကတော့ 2014 Model နဲ့ အထက် ကိုမှ Sedan ပဲဖြစ်ဖြစ် Hatchback ပဲဖြစ်ဖြစ် $ 8,700 နဲ့ ရွေးချယ်လို့ ကောင်း တယ်လို့ ‌ဖော်ပြထားပြီး တတိယ နေရာမှာတော့ $ 10,500 နဲ့ Chevrolet Volt (2014 model) ရှိနေပါ တယ်။ အရွယ်အစား အလယ်အလတ် တစ်ပတ်ရစ် ကား စာရင်းမှာ ဆိုရင်တော့ 2013 Model နဲ့ အထက် Subaru Legacy ကားက အရွေးသင့်ဆုံးအဖြစ်ရှိနေပြီး Toyota Avalon (2015 Model အထက်) ကလည်း ကားကြီးတွေ စာရင်းထဲရွေးလို့ အကောင်းဆုံး ဖြစ်နေပါတယ်။ လူငယ်တွေ အတွက် အရွေးသင့်ဆုံးသော SUV အသေး တွေထဲမှာဆိုရင်တော့ 2014 မော်ဒယ်နဲ့အထက် Mazda CX-5 ကို ထိပ်ဆုံး ကအကြံပြုထား ပြီး 2015 ကနေ 2020 Model တွေ ဖြစ်မယ့် Ford Edge ကားတွေကလည်း နောက်မှာ ဆက်လက် ရပ်တည်နေပါတယ်။ 2015 ကနေ 2018 အတွင်း ထုတ်လုပ်ထားခဲ့တဲ့ Toyota Sienna ကားတွေကလည်း Minivan ကြိုက်တဲ့ လူငယ်တွေအဖို့ အရွေးသင့်ဆုံး ကားတစ်စီးပါပဲ။ တစ်ပတ်ရစ် ကားတွေထဲမှာမှ ကိုယ် ထည် ပုံစံကို လိုက်ပြီး လူငယ်တွေအဖို့ ရွေးသင့်တဲ့ ကားတွေထဲမှာ ဆိုရင်တော့ (2011-13 Model) တွေဖြစ် ကြတဲ့ Mazda 3 တွေ ၊ (2012-2014 Model) တွေဖြစ်တဲ့ Toyota Prius V ၊ Ford Taurus (2011) နဲ့ Nissan Rogue (2014-2020) ကားတွေက ထိပ်ဆုံးက စာရင်းဝင် နေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားအသစ်ပိုင်းတွေကို ကြည့်မယ်ဆိုရင်တော့ အကြံပြုထားတဲ့ ကားတွေ အကုန်လုံးဟာ IIHS ရဲ့ အဆင့် အမြင့် ဆုံးသော လုံခြုံရေးအဆင့် သတ်မှတ်ချက် Top Safety Pick+ ဆုတွေကို ရထားကြတာတွေ ဖြစ်တဲ့ အပြင် ကား တိုင်းကလည်း အသုံးဝင်တဲ့ အလိုအလျောက် ဘရိတ်စနစ်တွေ တပ်ဆင်ထားကြတာပါ။ အဆိုပါ ကားတွေကတော့ ယုံကြည် စိတ်ချရမှု အပိုင်းတွေအပြင် ၊ အရေးပေါ် အထိန်းအကွပ် အပိုင်းတွေနဲ့ တစ်နာရီ မိုင် ၆၀ နဲ့ မောင်းလာရင်တောင်မှ အန္တရာယ်နဲ့ ၁၄၀ ပေ အတွင်းအထိ ဘရိတ်စနစ်ကို ကောင်းကောင်း သုံးပေးနိုင်တဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေ ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ အရွေးသင့် ဆုံးသော ကားသစ်တွေမှာ ဆိုရင် တော့ Mazda 3 ၊ Subaru Legacy ၊ Chevrolet Trailblazer နဲ့ ဇူလိုင် ၂၀၂၁ နောက်ပိုင်းထုတ်ထားတဲ့ Hyundai Santa Fe တို့အပြင် Honda Odyssey ကားတွေကို အကြံပြု ထားကြတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com