Toyota အနေနဲ့ သူတို့ရဲ့ နာမည်ကျော် Crown အသစ်ကို မိတ်ဆက်ပေးအပြီး နာရီပိုင်း လောက်အတွင်းမှာတင်ပဲ Gazoo Racing နဲ့ Modellista တို့ဆီကနေ ကားကို ပိုကောင်းအောင် မွမ်းမံနိုင်မယ့် အပြင်အဆင် တွေကပါ ဆက်တိုက် ထွက်ပေါ်လာ ခဲ့ပြန်ပါတယ်။ အခု In-House Tuner တွေအနေနဲ့ကတော့ ကားကို ၂၁ လက်မ အရွယ် အလွိုင်းဘီးကြီးတွေ နဲ့ ၂ ရောင်စပ် ဒီဇိုင်းကို သုံးလာခဲ့တာပါ။ ဒါပေမယ့် ပိုပြီး ထင်ရှားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာ ပေးတာက တော့ GR ဖြစ်ပြီး ကားကို Sport ပိုဆန် ပိုတောင့်တင်းတဲ့ အသွင်ရစေဖို့အတွက် အရှေ့နဲ့ အနောက်က Spoiler တွေကို အစုံလိုက် ပြင်ဆင်ပေးလာတာ ဖြစ်ပါ တယ်။ GR အနေနဲ့ ကားရဲ့ ဘေးဘက်တွေမှာ ကြည့်ကောင်းရုံတင် မဟုတ်ပဲ တကယ်လည်း အသုံးဝင်နိုင်တဲ့ Side Skirts တွေ ၊ Trunk Lid Spoiler တွေကိုပါ တပ်ဆင် ပေးလာပါတယ်။ ဒါ့အပြင် ကားရဲ့အရှေ့ဘက်ကို NVH Level အထိ ရောက်အောင် နှိမ့်ပေးနိုင်စေဖို့ အတွက် Yamaha တံဆိပ် Dampers တွေကို လည်း ထည့်သွင်းပေးထားပြီး နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အပြင် အဆင် တစ်ခုကတော့ တံခါးကို ချိန်ညှိပေးနိုင်မယ့် GR Door Stabilizer ဆိုတာ ပါပဲ။ အဆိုပါ လုပ်ဆောင်ချက် ကတော့ ကားတံခါးတွေ အဖွင့်အပိတ်တွေ လုပ်တာကိုပဲ ကိုယ်ထည်ကို အထိအခိုက်နည်းအောင် လျှော့ချပေးနိုင်တာ ပါပဲ။

Photo Credit: motor 1.com

Modellista ရဲ့ အပြင်အဆင်ဘက်ကို ကြည့်မယ် ဆိုရင်တော့ Garnish Finish လေးတွေကို အရှေ့ဘက် ဘန်ဘာ ၊ ဘက်ကြည့်မှန်တွေနဲ့ တံခါး တွေဘက်မှာ ထည့်ကာ ရိုးရှင်းတဲ့ အရသာကို ယူဆောင် ပေးထားပါတယ်။ နောက်ထပ် အပြောင်းအလဲ အသေးစိတ်တွေကိုတော့ တံခါးလက်ကိုင် အကာလေးတွေ ၊ Sunshade နဲ့ အနောက်ဘက် တံခါးတွေ အပြင် လိုင်စင်နံပါတ်ပြားတွေမှာ မြင်ရမှာဖြစ်ကာ Modellista ရဲ့ တံဆိပ်တွေကိုလည်းထည့်ပေးထား ပြန်ပါတယ်။ ကား ရဲ့ အတွင်းခန်းမှာတော့ Cushion အနေနဲ့လည်း အသုံးပြုနိုင်တဲ့ Denim Bag ကိုပါ ထည့်ပေးထားပါတယ်။ အဆိုပါ အပြင်အဆင် အလန်းစားတွေကိုတော့ ၂၀၂၃ Crown Model လာမယ့် ဆောင်းရာသီ ဂျပန်ဈေးကွက် အတွင်း စရောင်းပြီ ဆိုတာနဲ့ ရရှိလာနိုင်ပါတယ်။ Crown တံ‌ဆိပ် Sedan ၊ ပိုသေးတဲ့ Crossover နဲ့ Wagon ကား အမြင့် စတဲ့အမျိုးအစားကွဲ ၃ မျိုးကို Toyota တို့က လာမယ့် ၁၈ လ လောက် အတွင်းမှာ ချပြဦးမှာဖြစ်လို့ စောင့်ကြည့်စရာ တွေ ရှိနေပါသေးတယ်။ Toyota အနေနဲ့ သူတို့ရဲ့ အခုလိုမျိုးဆက် ၁၆ ခုမြောက် နာမည်ကျော် Crown အသစ်ကို နိုင်ငံပေါင်း ၄၀ ကျော် အထိမှာ ရောင်းချသွားနိုင်ပြီး တစ်နှစ်ကို အစီးရေ ၂၀၀,၀၀၀ လောက် ကမ္ဘာ့ဈေးကွက်တွေထဲ ရောင်းနိုင်ဖို့ ရည်မှန်းထားပါတယ်။

Photo Credit: motor 1.com

ဒီကားရဲ့ နောက်ဆက်တွဲ စွမ်းဆောင်ရည် အသားပေးထားတဲ့ GR ရဲ့ လက်ရာအပြည့် Crown GR Version ကိုရော ထုတ်လုပ်ပေးလာဦးမှာလား ဆိုတာက တော့ အခုအချိန်မှာ ခန့်မှန်းပြောကြားဖို့ရာ စောလွန်း နေပါသေးတယ်။ ယခင် တုန်းကတော့ Toyota က သူတို့ရဲ့ ဘယ်ကားကိုမဆို ထုတ်လုပ်ပြီးတာနဲ့ နောက် ထပ် စွမ်းဆောင်ရည်မြင့် Version ကို နောက်က လိုက်ထုတ်ပေးတတ်တာကြောင့် အခု Crown မှာလည်း မျှော်လင့်ထားလို့တော့ ရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com