Toyota Hiace ကားတွေနဲ့ ပတ်သက် လာရင်တော့ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ပြင်ဆင်မှု အပိုင်းတွေ ကို မကြာခဏ မြင်တွေ့ ရလေ့ရှိပါတယ်။ အထူးသဖြင့် Motorhome ဖြစ်သွားတဲ့ Hiace တွေ V8 Engine တပ်ဆင်ထားတဲ့ လူနာတင်ယာဉ်တွေ စသဖြင့် အဆုံး အစမဲ့ ပြန်လည်ဖန်တီး ပြင်ဆင်နိုင်တဲ့ ကားတစ်စီးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခု တောင်အာဖရိက ဈေးကွက်ထဲမှာ ပြန်လည် ပြင် ဆင်ထားတဲ့ Hiace ကား တစ်စီးကို မြင်ပြီးရင်တော့ အတော်လေး အံ့အားသင့်သွား ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ အဆိုပါ ကားရဲ့ ပိုင်ရှင်ကတော့ James Redelinghuis ဆိုသူဖြစ်ပြီး သူ့ရဲ့ Boost အတော်လေး လုပ်ထားပြီးသား V8 Engine သုံး ကားအပေါ် တော် တော်လေး အားမရသေးဖြစ်နေခဲ့ကာ Toyota ရဲ့ အကြီးဆုံး အင်ဂျင်တစ်လုံးကို ပြောင်းလဲ တပ်ဆင်ဖို့ အတွက် ဆုံးဖြတ်လိုက် ပါတော့ တယ်။ အဆိုပါ အင်ဂျင်ကတော့ 1GZ-FE ဆိုတဲ့ အင်ဂျင်ဖြစ်ပြီး Toyota Century ဒုတိယ မြောက်မျိုးဆက်မှာတုန်းက သုံးခဲ့တဲ့ V 12 Engine ကြီး ဖြစ်ပါတယ်။
အဆိုပါ V12 Engine သုံးလိုက်တဲ့ အတွက် ကားကတော့ 276 hp နဲ့ 355 lb-ft Torque အထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုပဲ ဘယ် လိုမှ အားမရ သေးတာကြောင့် အတွင်းပိုင်း ပြင်ဆင်မှုတွေ ထပ်လုပ်ပြီး ၊ တာဘိုတွေ ထပ်တပ် လိုက်ချိန်မှာတော့ ကားက 600 hp နဲ့ 524 lb-ft Torque ဆိုတဲ့ ပမာဏအထိကို အံ့အားသင့်ဖွယ် မြင့်တက် သွားခဲ့ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ Rear-Wheel Drive မောင်းနှင်မှု စနစ်နဲ့အတူ Three-Speed Transmission ဂီယာ တို့ကိုပါ ပေါင်းထည့် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ V 12 အင်ဂျင်ကြီး ကားထဲမှာ ကောင်းကောင်း အထိုင်ကျ နိုင်ဖို့အတွက် Bespoke Fabric တွေကိုလည်း သုံးခဲ့ရပြီး ထိုင်ခုံတွေအောက်မှာ တောင် မဆံ့တဲ့ အင်ဂျင်ကြီး ဖြစ်နေတာကြောင့် ကြမ်းပြင်ကို ဖောက်ပြီး ထည့်သွင်းတပ်ဆင်ထား လိုက်ရပါတယ်။ အထိုင်ကျ စေဖို့ အတွက်လည်း အပို ပြင်ဆင်မှုတွေ ၊ Subframe တွေ ထပ်ထည့်ရတာတွေနဲ့ အခြား သောအသေးစိတ် လက်ရာ တွေလည်း တော်တော် လုပ်လိုက်ရသေးတာပါ။
ဒါ့အပြင် အခြားသော ကားတွေဆီက အစိတ်အပိုင်းတွေကိုလည်း ယူသုံး ခဲ့ရပါသေးတယ်။ ဥပမာ ပြရမယ် ဆိုရင် တော့ Mustang ဆီက Rear Differential စနစ် ၊ Audi R8 ဆီက ကားဘီးတွေနဲ့ 997 Era Porsche 911 Carrera S ဆီက Fuel Injector တွေ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပိုင်ရှင် ရိုက်ပြထားတဲ့ Video ထဲမှာတော့ ဘယ်လိုပြင်ဆင်ထားလဲ ဆိုတဲ့ အသေးစိတ်တွေကို ပိုမြင်ရနိုင်ပြီး ဒီပြင်ဆင် မှု အတွက် ၅ နှစ် လောက်ကို အချိန်ယူ ခဲ့ရတာ ဖြစ်ကာ တောင်အာဖရိကမှာလည်း အတော်လေးတော့ စိတ်ဝင်စား ခံခဲ့ရတဲ့ ကားဖြစ်ပါ တယ်။ ဒါပေမယ့် အခု ကားကို ပြောင်းလဲ ဖန်တီးခဲ့သူတွေက အခုချိန်က နောက်တစ်ဆင့်ကို တက်ဖို့ အချိန်ရောက်ပြီလို့လဲ ဆိုထား ပါသေး တယ်။ လက်ရှိမှာတော့ Taxi လို့ပဲ အမည် ပေးထားတဲ့ အဆိုပါကားရဲ့ တန်ကြေးက အမေရိကန် ဒေါ်လာ နဲ့ဆိုရင် ၈၅,၄၈၉ လောက် အထိ ကျသင့်နေပြီပဲ ဖြစ်ပါတယ်။
Ref: motor 1.com