TVR ကား ကုမ္ပဏီရဲ့ တစ်ကျော့ပြန်လာနိုင်မှုကိုတော့ ကားလောက ထဲအတော်လေး စောင့်ဆိုင်းခဲ့ကြရတာ ဖြစ်ပြီး ၂၀၁၃ ပြီး ကတည်းက အခုမှ သေချာပေါက် ပြန်လည်မြင်တွေ့ရမယ့် လက္ခဏာတွေကို မြင်နေရတာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကတော့ ကုမ္ပဏီ‌ကနေ နာမည်ကြီး Gordon Murray နဲ့ Cosworth တို့နဲ့ ပူးပေါင်းကာ V 8 Engine သုံး နမူနာ ကား တစ်မျိုးကို ပြန်လည်ချပြခဲ့ဖူးပြီး အဆိုပါ ကားကတော့ Sports ကား ဖြစ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကား သေချာပေါက် ထုတ်လုပ်ဖို့ ရှိလာခဲ့ပြီး အနောက်မှာလည်း လျှပ်စစ်စွမ်းအင်သုံး မျိုးကွဲအနေနဲ့ တစ်ပါတည်း ပါလာဖို့ပါ ရှိနေပါတယ်။ ပုံမှန်အားဖြင့် ဗြိတိန်နာမည်ကြီး အဆိုပါ ကားကုမ္ပဏီဟာ Coupe နဲ့ အမိုးဖွင့် ကားတို့လိုမျိုး Sports Car တွေနဲ့သာ နာမည်ကျော်လေ့ ရှိတာဖြစ်ပေမယ့်လည်း ၂၀၂၄ အရောက် တစ်ကျော့ပြန် အနေအထားမှာတော့ အပြောင်းအလဲတွေ များလာဖို့ ရှိနေပါတယ်။ အထူးသဖြင့် အဆိုပါ V8 နဲ့ပြိုင်ကား ၊ လျှပ်စစ်မျိုးကွဲတွေ ထွက်လာ ပြီးတာနဲ့ လျှပ်စစ်စွမ်းအင်သုံး Sedan ၊ SUV တို့ကိုပါ ထုတ်လုပ်‌လာတော့မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု သတင်းကတော့ ယူကေ အခြေစိုက် Autocar ကနေ ထွက်ပေါ်လာတာဖြစ်ပြီး ကားသစ်တွေ ထွက်မယ့် အချိန် အတိအကျကိုတော့ အခုနေခန့်မှန်းလို့ မရနိုင်သေးတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တာဝန်ရှိသူ Edgar က Autocar ကို အတည်ပြု ပြောကြားရာမှာတော့ အခုဆိုရင် သူတို့ ကုမ္ပဏီအနေနဲ့ တိကျမှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ ဖြစ်လို့ လျှပ်စစ်ကားသစ်တွေ ထုတ်လုပ်ပေးလာ နိုင်တော့မယ်လို့ ဆိုထား ပါတယ်။ ဒါ့အပြင် ၎င်းကပဲ သူတို့အနေနဲ့ ၂၀၂၄ အရောက်မှာ ချပြနိုင်မယ့် ပြိုင်ကားအတွက်လည်း စတင်လုပ်ဆောင် နေပြီလို့ပါ တစ်ပါတည်း အတည်ပြုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိပြုရမှာကတော့ TVR ကုမ္ပဏီ အနေနဲ့ တောင်အမေရိက Lithium သတ္တုတွင်း ကုမ္ပဏီ Ensorcia Metals နဲ့ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက ပူးပေါင်း ခဲ့တာဖြစ်ပြီး အခု TVR EV Sports ကား ကို တစ်ပါတည်း ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ထွက်ပေါ်လာမယ့် ပြိုင်ကား ကတော့ TVR Griffith V 8 Sports ကားလို့ အမည်ရပြီး Murray က ဒီဇိုင်းဆွဲထားတဲ့ Platform ပေါ်မှာပဲ ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဆိုပါ ကားနမူနာတုန်း ကတော့ Coyote Engine ကို သုံးထားပြီး 493 hp အထိစွမ်းဆောင် ထားနိုင်ကာ Rear-Wheel Drive စနစ်ကိုမှ Six-Speed Manual Gear နဲ့ ချပြထား ဖူးပါတယ်။ Autocar ရဲ့ သတင်းအရတော့ အဆိုပါ ကားကိုမှ လျှပ်စစ် Version အသစ်မှာဆိုရင်လည်း ဒီ Platform ကိုပဲ အတူတူ အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် TVR ရဲ့ ပြောကြားချက် အရတော့ သူတို့ရဲ့ အနာဂါတ် ကား မော်ဒယ်မှာ ဆိုရင် အဆင့်အတန်း မြင့်မြင့်မားမားနဲ့ ကမ္ဘာ့ထိပ်တန်း အဆင့်ရှိမယ့် နည်းပညာမြင့် Skateboard Platform တွေပေါ် အခြေခံ တည်ဆောက် သွားမယ်လို့ သိထား ရပါတယ်။ ဖြစ်နိုင်တာကတော့ အခုလို Platform အသစ်ကို ကုမ္ပဏီရဲ့ နောက်ပိုင်း ဆက်ထွက်လာမယ်ဆိုတဲ့ Sedan တွေနဲ့ SUV တွေမှာသာ သုံးလာနိုင်ပါတယ်။ အခု လက်ရှိ အနေအထားမှာတော့ TVR အနေနဲ့ Griffith ကားရဲ့ V8 Engine အမျိုးအစားအပြင် လျှပ်စစ်ကားမျိုးကွဲတွေ ကိုပါ ဆက်လက်ထုတ်လုပ်ဖို့ ပြင်ဆင်ရင်း ကမ္ဘာ့ထိပ်တန်း ဇိမ်ခံကားလုပ်ငန်းအဖြစ် ပြန်လည် ဦးဆောင်ဖို့ကြိုးစား နေပြီ ဖြစ်ပါတယ်။

Ref: motor 1.com

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube