2024 Ford Transit (Tourneo Custom) လို့ အမည်ရတဲ့ ကားလေးရဲ့ နောက်ဆုံးပေါ်  Version ကတော့ ဥရောပဈေးကွက်ထဲ တရားဝင်ထွက်ရှိခဲ့ပြီး ဖြစ်ပါ တယ်။ ဒါပေမယ့် အခု တရုတ်ဈေးကွက် အတွင်းမှာတော့ Ford က သူတို့ရဲ့ တွဲဖက် Jiangling နဲ့ ပူးပေါင်းပြီး JMC Transit လို့ ခေါ်လို့ရတဲ့ ကားသစ်တစ်မျိုး ကို ထုတ်လုပ် ပေးလိုက်ပါတယ်။ အဆိုပါကားရဲ့ တရုတ်ဈေးကွက် ပုံစံသစ်ကတော့ ၉ ယောက်စီး ကားဖြစ်ပြီး အတွင်းခန်း အတော်လေး ကျယ်ဝန်းကာ မူလ Ford Transit Custom ကားရဲ့ Wheelbase အရှည်အမျိုး အစားကို အခြေခံအသုံးပြုထား ပါတယ်။

Photo Credit: AllAutoExperts

အပြင်ဘက် ဒီဇိုင်းပိုင်းမှာ ကတည်းကိုက ဥရောပရဲ့ Transit Custom ကားထက် ပိုမိုက်တဲ့ အဆင့်မြှင့်တင်မှု တစ်ချို့ လုပ်ပေးထားတာတွေ့ရပြီး Ford ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းအပြင်အဆင် တွေလည်း အခုကားမှာ ပါဝင်လာ ပါတယ်။ ဒါ့အပြင် Grille အကြီးကြီးကိုမှ ပိုပါးပြီး ပိုလှတဲ့ LED မီးအိမ်ကြီးတွေနဲ့ တွဲဖက်ပေးထား လိုက်ပြီး ခပ်ပေါ့ပေါ့ Trim လိုင်းလေးတွေကိုပါ LED Bar အပြည့်နဲ့စပ်ပြီး ထုတ်လုပ်ပေးထားလိုက်တာ ဖြစ်ပါတယ်။ ဘန်ဘာ ပုံစံ အသစ် ကလည်း အခုဆိုရင် Sport ပိုဆန်လာတဲ့ Intake တွေ Chrome အပိုင်း တွေနဲ့ တော်တော်လေး လှပလာ ပြန်ပါတယ်။ အခုလိုမျိုး အရှေ့ဘက် ဒီဇိုင်းမှာ သိသာ တဲ့ အပြောင်းအလဲ တွေ မြင်ခဲ့ရအပြီးမှာတော့ ကားရဲ့ဘေးနဲ့ အနောက်ဘက်တွေက အမြင်အရ ယခင်မော်ဒယ်တွေနဲ့ အတူတူ လောက်ပဲ ဖြစ်နေတာကို တွေ့ရ ပါလိမ့်မယ်။ ဒါပေမယ့် JMC Transit ရဲ့ အတွင်းခန်းပိုင်းကတော့ လုံးဝကို ပုံစံ အသစ် တစ်ခုကို မြင်ရတာဖြစ်ပြီး အထူးသဖြင့် Dashboard ပုံစံသစ်ကို Digital Cockpit ဒီဇိုင်းသစ်နဲ့ လှလှပပ ပေါင်းစပ် ထားလိုက်တာပါ။ ဒါတင်မကသေးပဲ ၁၂.၃ လက်မ အရွယ် Screen ၂ ခုကိုလည်း Panel တစ်ခုတည်းမှာ အတူတူ ပေါင်းထည့်ပေးထားပြီး သူတို့ရဲ့ အောက်မှာတော့ အဲကွန်းပေါက လေးတွေ ထည့်ပေးထားတာက အတော်လေး စနစ်ကျပုံ ရပါတယ်။

Photo Credit: AllAutoExperts

အခု အတွင်းခန်းမှာတော့ ဥရောပ Version တုန်းကလို မျိုးစားပွဲလိုလို ခုံလိုလို အလွယ်တကူ ပြောင်းလို့ရတဲ့ ထူးထူးခြားခြား စတီယာတိုင် ဒီဇိုင်း မပါဝင်လာ တော့တာ တွေ့ရမှာပါ။ ဒါပေမယ့်လည်း တကယ်ကောင်းတဲ့ နည်းပညာ အသစ်တွေအဖြစ် Driver Assistance စနစ် (ADAS) ၁၃ မျိုးကို ထည့်ပေးထားပြီး Level 2 အဆင့် မောင်းသူမဲ့ အနေအထား အထိကို စွမ်းဆောင် နိုင်ပါတယ်။ ဒါတင်မကသေးပဲ ၆၄ ရောင်အထိ ထောက်ပံ့ ပေးနိုင်တဲ့ အတွင်းခန်း Ambient အလင်းရောင်တွေ ၊ Remote Control စနစ်အသစ်တွေ ၊ Baidu လမ်းညွှန်စနစ်နဲ့ နောက်ထပ် ဘက်ကြည့် ကင်မရာစတာတွေလည်း ပါဝင်တာပဲ ဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည် ပိုင်း အတွက်ကိုတော့ Turbocharged 2.0 Liter ဒီဇယ် ဒါမှမဟုတ် ဓာတ်ဆီ အင်ဂျင်တွေအဖြစ် ရွေးချယ် နိုင်မှာဖြစ်ပြီး Nine-Speed Automatic ဂီယာကိုလည်း Front-Wheel Drive အနေနဲ့တွဲပြီး ရွေးချယ် နိုင်ပါသေးတယ်။ ဒါ့အပြင် Five-Speed Manual ဂီယာကို လိုချင်သေး တယ် ဆိုရင်လည်း ဈေးပိုပေးပြီး ရွေးချယ်နိုင်ဦးမှာ ဖြစ်ကာ အချိန်တော့ စောင့်ရနိုင်ပါတယ်။ ဥရောပ ဈေးကွက်ရဲ့ အဆိုပါကား အမျိုးအစား မှာ ထူးခြားတာ ကတော့ အခုလို အင်ဂျင်တွေအဖြစ် လျှပ်စစ်သီးသန့် အမျိုးအစားပါ ရရှိနေတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts