Toyota Yaris Cross ကတော့ Toyota Brand Lineup ထဲက တစ်ချို့ ဈေးကွက်တွေမှာ ဆိုရင် C-HR ရဲ့ အောက်မှာ ရှိတဲ့ Compact Crossover တစ်စီးဖြစ်ပါတယ်။ အဆိုပါ ကားလေးကိုမှ ပိုပြီး စိတ်လှုပ်ရှားရ အောင် လုပ်ပေးထားနိုင် တာကတော့ Sport ဆန်တဲ့ GR Sport ကားမျိုးကွဲ အသစ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားအသစ်ကိုတော့ အခုနှစ်ရဲ့ တတိယမြောက် ၃ လ ပတ်လောက် ကာလမှာ ဥရောပဈေးကွက်အတွင်း စတင် ရောင်းချတော့မှာဖြစ်ကာ ဈေးနှုန်း အတိအကျကိုတော့ မသိရသေးပါဘူး။ Toyota ကတော့ GR ဆိုတဲ့ ကားမျိုးကွဲတွေကို သာမန်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြောင်းလဲ ထုတ်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် GR နဲ့ GRMN ကားမျိုးကွဲ တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေရအောင် Tuning ပြုလုပ်ပေးထားလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခု ကားလေးအတွက် အဓိက ပြောင်းလဲပေးထားတဲ့ အပိုင်းကတော့ Suspension အပိုင်းကို Tuning လုပ်ထား ပေးတာပါပဲ။ ဂျပန် ဈေးကွက်ထဲက အဆိုပါကား Version မှာဆိုရင်တော့ ကားရဲ့ အလယ် ပိုင်းနဲ့ အနောက်ဘက်ပိုင်းတို့မှာ အစိတ်အပိုင်း အပိုလေးတွေနဲ့ ပြင်ဆင်ပေးထားပေမယ့် အခုတစ်ခေါက် ဥရောပ မျိုးကွဲမှာ တော့ ရမရ အတည်တကျ မသိရနိုင်သေးပါဘူး။ Yaris Cross GR Sport Version အသစ် ကတော့ ကားရဲ့ Grille မှာ အနက်ရောင် အပြင်အဆင် ၊ အနောက်ဘက် ဘန်ဘာအောက်မှာ Diffuser အသွင်ပုံစံလေးတွေ ထည့်ပေးထားတာ ကြောင့် ပိုပြီးလည်း Aggressive ဖြစ်တဲ့ ပုံစံကိုတော့ မြင်လာရပါတယ်။ ဒါပေမယ့် ကားရဲ့ Shade Scorched Orange ဆိုတဲ့ လိမ္မော်ရောင်လေးကတော့ အခုကားအတွက် သီးသန့်ဖြစ်ကာ အနက်ရောင်အမိုး ၊ Pillars တွေနဲ့ ပြင်ဆင်ထားမယ့် Ash Grey အရောင်ကိုလည်း အခုကားအသစ် မှာ ရွေးချယ်လို့ ရပါသေးတယ်။ ကားအသစ်မှာတော့ 10-Spoke ၁၈ လက်မအရွယ် ဘီးတွေကို ထည့်သွင်းအသုံးပြုပေး ထားတာဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားအတွင်းခန်းမှာ ပိုပြီး Sport ဆန်တဲ့ အရသာ ရနိုင်ဖို့အတွက် အနက်ရောင် Ultrasuede အပြင်အဆင်ကို အနီရောင် အစင်းကြောင်းလေးတွေနဲ့ ပြင်ဆင်ခြယ်သပေးထားပါတယ်။ Gunmetal Silver Trim အပြင် အဆင် တွေကိုလည်း တံခါးတစ်လျှောက်နဲ့ Instrument Panel တွေမှာ မြင်ရမှာဖြစ်ပြီး GR Logo ကိုတော့ ထိုင်ခုံ နောက်မှီ နေရာတွေနဲ့ ကြမ်းခင်းတွေ ၊ Start Button ခလုတ်တွေ ၊ စတီယာတိုင်တွေမှာ ထည့်သွင်း ထားမှာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းမှာ ဆိုရင်တော့ Dual-Zone Climate Control စနစ် ၊ အပူပေးစနစ်နဲ့ အရှေ့ဘက် ထိုင်ခုံအပြင် ၉ လက်မအရွယ် Infotainment Screen ကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။ ကားရဲ့ အင်ဂျင်ပိုင်းကတော့ အခြားသော Yaris Cross Lineup တွေနဲ့ အတူတူပဲ ဖြစ်ပြီး 1.5 Liter Three-Cylinder Engine ကို Hybrid စနစ်နဲ့ ထွက်ပေါ်လာတာကြောင့် 116 hp စွမ်းဆောင်ရည်ရှိ နေမှာပါ။ Yaris Cross ကားကတော့ ၂၀၂၀ ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီမှာ ဥရောပ ဈေးကွက်ထဲ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီ ကတော့ Lineup တစ်ခုလုံးကို Adventure Grade အနေနဲ့ ခပ်ကြမ်းကြမ်းအသွင် ကားမျိုးကွဲတွေနဲ့ အဆင့်မြှင့်တင် ပေးထားပါသေးတယ်။ အထူးသဖြင့် အဆိုပါ ကားတွေမှာဆိုရင် အရှေ့ဘက် Fascia အသစ် ၊ အနောက်ဘက် ဘန်ဘာ အသစ်တွေ ပါဝင်လာ ခဲ့ပြီး အတွင်းခန်းမှာတော့ Piano Black Trim နဲ့ အနက်ရောင် Headliner တွေ ပါဝင် လာခဲ့တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com