အမေရိကလို ထိပ်တန်း ကားဈေးကွက် ကြီးရဲ့ Compact Pickup Truck အပိုင်းမှာ ဦးဆောင်နေတာက တော့ Ford Maverick နဲ့ Hyundai Santa Cruz တို့ပါပဲ။ ယခင် ဆယ်စုနှစ်တွေတုန်းက အမေ့ခံ ဖြစ်ခဲ့ကြ ပေမယ့် အခု ဆိုရင်တော့ ပိုကြီးလာတဲ့ အရွယ်အစားတွေနဲ့အတူ  နောက်ပိုင်းနှစ်တွေမှာတော့ ထိပ်တန်းနေ ရာကို ရောက်လာကြတဲ့ ကားတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် အမေရိကန်တွေ အကြိုက် Truck အရ သာတွေကို ပေးစွမ်းလာနိုင်တာကြောင့်ပါပဲ။ တကယ်တော့ အခု ကားနှစ်စီးလုံးရဲ့ ရောင်းအားကလည်း အတော်လေးကို ကောင်းမွန်နေခဲ့တာပါ။ Santa Cruz ဆိုရင်လည်း မနှစ်က ရောင်းအား အကောင်းဆုံးကား တွေ စာရင်းထဲပါခဲ့သလို Ford ကလည်း သူတို့ရဲ့ Maverick ကားသစ် အမှာစာတွေကို အခုနှစ် အစောပိုင်း မှာ ခေတ္တဆိုင်းငံ့ ထားလိုက်ရတဲ့ အထိကို ရောင်းကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်နှစ်ကို Maverick နဲ့ Hyundai Santa Cruz ကားတွေကတော့အစီးရေ ၅၀,၀၀၀ လောက် အထိ ရောင်းရနိုင်တယ် လို့ ခန့်မှန်းနေကြတာပါ။ ဒါပေမယ့်လည်း အခုလို ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ Compact Pickup Truck ကားလောကထဲ ဝင်ရောက်လာဖို့ ပြင်ဆင်နေတဲ့ နောက်ထပ် နာမည်ကြီး ကားကုမ္ပဏီ တစ်ခု ရှိနေပါသေး တယ်။ အဲ့ဒါ ကတော့ Toyota ပါပဲ။

Photo Credit: motor 1.com

Toyota Motor မြောက်အမေရိက ဒေသရဲ့ Senior Vice President ဖြစ်သူ Jack Hollis က Automotive News ကို ဖြေကြားရာမှာတော့ လက်ရှိ သူတို့ရဲ့ အရွယ်အစား အလယ်အလတ်ရှိ Tacoma နောက်မှာ နောက်ထပ် ကားတစ်စီး အတွက် နေရာရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ Hollis က အဆိုပါ နေရာလွတ်ကို ဘယ်လို ဖြည့်ဆည်းနိုင်မလဲ ဆိုတာ ကိုလည်း Compact Truck ကား အမျိုးအစား အနေနဲ့ ဖြည့်လို့ရနိုင်တယ်လို့ ဆိုခဲ့ပြီး ယခင်ကတည်းက သူတို့ရဲ့ လိုချင် နေခဲ့တဲ့ နောက်ထပ် ကားအမျိုးအစား တစ် စီးလည်း ဖြစ်တယ်လို့ပါ ဆိုခဲ့ပါတယ်။ တကယ်တော့Toyota Tacoma ပထမဆုံး စတင်ထွက်ခဲ့တဲ့ မျိုးဆက် တုန်းကတော့ Compact Pickup အနေနဲ့ ထွက်လာခဲ့တာဖြစ်ပြီး နောက်ပိုင်း ၂၀၀၄ လောက် အရောက်မှာ Midsize Truck တစ်စီး ဖြစ်လာခဲ့တာပါ။ အဆိုပါ အချိန်မှာတော့ ကားက ဒုတိယမြောက် မျိုးဆက် အနေနဲ့ မိတ်ဆက်တဲ့ အထိကို ရောက်နေခဲ့ပါပြီ။

Photo Credit: motor 1.com

Toyota Motor မြောက်အမေရိကရဲ့ ထုတ်ကုန်ဗျူဟာပိုင်းဆိုင်ရာ Vice President ဖြစ်သူ Cooper Ericksen  ကလည်း အခုလိုကားဈေးကွက်အတွက် ယှဉ်ပြိုင်ဖို့နေရာ ကျန်နေသေးတာတော့ အမှန်ပဲ ဖြစ်ပြီး ဈေးကွက်က ဘယ်လောက်အထိ ရှိနေလဲ ဆိုတာကိုသာ သုံးသပ်ရမယ်လို့ ဆိုထား ပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ် သူတို့ ဝင်ပါပြီး ယှဉ်ပြိုင်ရမယ့် ဈေးကွက် အနေအထားကိုတော့ လေ့လာရဦးမယ်လို့ စကားဦး သမ်းထား ပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နောက်ထပ် စဉ်းစားစရာ အချက်တွေလည်း Toyota မှာ အတော်များများ ရှိနေသေးပြီး အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်မယ့် ကာဗွန်ထုတ်လွှတ်မှု အကန့်အသတ် စည်း မျဉ်းတွေနဲ့ ယာဉ်ရဲ့ အရွယ်အစားတွေ က အဓိက စဉ်းစားစရာတွေ ဖြစ်လာနေတာပါ။ ကာဗွန်ထုတ်လွှတ်မှု အနေအထားကလည်း အမေရိကမှာ တော်တော် လေးကို တဖြည်းဖြည်း တင်းကြပ်လာတဲ့ အခြေအနေ ဖြစ်နေလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဈေးကွက်ထဲမှာ အသုံးတည့်ပြီး ပြိုင်ဆိုင်လို့ ကောင်းမယ့် ကားတစ် စီး ချပြပေးလာမယ် ဆိုရင်တော့လည်း သိပ်ပြီးအံ့အားသင့်စရာ မဟုတ်ပေမယ့် စိတ်ဝင်စားဖို့တော့ ပိုကောင်း သွားမှာ သေချာပါတယ်။

Ref: motor 1.com