Toyota ဆိုတာကတော့ ကားနဲ့ ပတ်သက်လာရင် အမြဲတမ်း ယုံကြည် စိတ်ချ‌နေရဖို့ နဲ့ အရည်အသွေးပိုင်း ကောင်းမွန် ဖို့ အတွက်အာရုံစိုက်ထားတဲ့ ကုမ္ပဏီကောင်း တစ်ရပ်ပါပဲ။ ဒါပေမယ့်လည်း ဘယ်လိုပဲ ကောင်းပါ စေ ၊ အားနည်း ချက် တစ်ရပ်ကတော့ ရှိမြဲ ဖြစ်ပါတယ်။ Toyota ရဲ့ အဓိက အားနည်းချက် ကတော့ Infotainment စနစ်အပိုင်း ဖြစ်ပြီး အထူးသဖြင့် ကားသစ်တွေမှာ မပြည့်မစုံ ဖြစ်နေတာ ဖြစ်ပါတယ်။ Toyota Lexus တို့လို နာမည်ကြီး ကားမျိုးတွေမှာပါ အခုစနစ်ရဲ့ အားနည်းချက်တွေကြီးမားနေတာ ကြောင့် ကားသစ်ဝယ်ထားမယ့် သူတွေအဖို့ လက်တွန့်စရာ တစ်ခု လို ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း ဒီ အခြေအ နေကတော့ လာမယ့်ကားသစ်တွေမှာ ပြေလည်သွားတော့မှာ ဖြစ်ပြီးမျိုးဆက်သစ် Interface အသစ် နဲ့ အတူ ပြောင်းလဲ ပေးသွား တော့မှာပါ။ Toyota အနေနဲ့ အခုဆိုရင် တကယ် အလိုအပ်ဆုံးသော အခြေခံ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Apple CarPlay နဲ့ Android Auto စနစ်တွေကို ထည့်ပေးလာတော့မှာ ဖြစ်ပြီး အတိတ်က မှားခဲ့တာတွေ ကိုလည်း ပြန်သင်ခန်းစာ ယူကာ Infotainment System ကို အတော်လေး ပြန် လည် ဆန်းသစ်ဖို့ ရှိနေပါပြီ။ ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက Automotive News ကို ဖြေကြား ရာမှာတော့ သူတို့ရဲ့ Infotainment စနစ်အသစ် ဖြန့်ချီရာမှာ လက်ရှိ ရှိထားဖူးတဲ့ Multimedia စနစ် တွေထဲ မှာ အမြန် ဆုံး ဖြန့်ချီပေးမှု ဖြစ်လာမယ်လို့ ဆိုထားပါတယ်။

Photo Credit: CARBUZZ

အခု Infotainment System အသစ်ရဲ့ Interface အသစ်ကို ရလာ မှာကတော့ Toyota ထဲမှာဆိုရင် 2022 Toyota Tundra က ပထမဆုံး ဖြစ်လာနိုင်ပြီး ၊ Lexus အပိုင်းမှာ ဆိုရင်တော့ 2022 Lexus NX က ပထမ ဆုံး ဖြစ်လာ နိုင်ပါတယ်။ အဆိုပါ စနစ်အသစ်ကို ချပြလာမှာ ကတော့ အခုနှစ်ထဲမြင်ရမယ့် 2023 Corolla Cross ရဲ့ ဒုတိယ မြောက် မျိုးဆက်ကားမှာ ဖြစ်လာနိုင်ပြီး လာမယ့် ၃ နှစ် လောက် အတွင်းမှာတင် ကားသစ် အမျိုးအစားပေါင်း ၂၀ လောက် အထိကို အခု စနစ်အသစ် ဖြန့်ချီ ပေးသွားနိုင်မှာ ဖြစ်တယ်လို့တော့ Toyota ဘက်က အာမခံ ထားပါတယ်။ ဒါပေမယ့်လည်း အခြားသော ကားမော်ဒယ် တွေကတော့ နှစ် အနည်းငယ် လောက် ထပ်စောင့်ရနိုင်‌သေးပြီး အခု ပြောပြထားတဲ့ နှစ် ပမာဏကတော့ ကား အကုန်လုံးကို အခု စနစ်အ သစ်ထဲ ဝင်ရောက်လာနိုင်ဖို့ အတွက် ခန့်မှန်းထားတဲ့ ပမာဏရဲ့ တစ်ဝက် ကာလလောက်ပဲရှိလာနိုင် ပါသေး တယ်။ တကယ်တော့ လက်ရှိ Toyota ရဲ့ Infotainment စနစ် တိုင်းက သုံးရတာ ခက်ခဲတယ်လို့ပဲ သိထား ကြတာဖြစ်ပြီး ရိုးရှင်းတဲ့ လုပ်ဆောင်ချက်လေး တစ်ခု အတွက်တောင် အချက် ပေါင်းများစွာ နှိပ်နေရတာ မျိုးတွေ ရှိနေတာပါ။ ဒါကြောင့် တကယ်တမ်း ကားမောင်းနေရင်း နဲ့ လိုတာ တစ်ခုခုလုပ်ဖို့ ဆိုရင် ခက်ခဲပြီး အာရုံများလွန်းလှတာ ဖြစ်ပါတယ်။ အခု ပြင်ဆင်ကာ အသစ် ထွက်လာမယ့် Interface အပိုင်း ကတော့ ယခင်ကထက် သိသိသာသာ ပိုပြီး ချောချောမွေ့မွေ့နဲ့ သုံးလို့ ကောင်းလာမယ့်အပြင် ပိုပြီး လည်း ရိုးရှင်း လွယ်ကူတိကျတဲ့ Menu တွေ ပါလာတော့မှာ ဖြစ်ပါတယ်။ စနစ်အသစ်ကို ကူးပြောင်းဖို့ အတွက် တော့ ကား အတော်များများ ကို Over The Air Update နဲ့ပဲ အဆင်ပြေအောင် လုပ်ပေးလာနိုင်ပြီး အဆင်ပြေ ခဲ့မယ် ဆိုရင် တော့ ကားကို သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ် Showroom တွေဆီမှာ တကူးတက သွားလုပ်နေစရာ မလိုတော့ ပဲ ကိုယ်တိုင်ပဲ အဆင့်မြှင့်တင်နိုင်ဖို့ ရှိပါတယ်။ ဒါ့အပြင် အသစ် ပါဝင်လာမယ့် Digital Key စနစ်ကြောင့်လည်း ကားသော့ တောင်မလိုတော့ပဲ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဖွင့်နိုင်တာမျိုး တွေ လုပ်နိုင် တော့မှာပါ။

Photo Credit: CARBUZZ

အဆိုပါ Software အသစ်ရဲ့အခြားသော တိုးတက်လာမယ့်အပိုင်းတွေမှာတော့ Cloud နဲ့ ချိတ်ဆက်ပေး ထားမယ့် User Profile ထားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် မတူညီတဲ့ ယာဉ်မောင်းတစ်ယောက် ချင်းစီ တိုင်းက သူတို့ကြိုက်တဲ့ ရေဒီယိုလိုင်း ၊ ထိုင်ခုံ အနေအထားနဲ့ အခြားလိုအပ်တဲ့ ယာဉ်ရဲ့ Settings တွေ အားလုံးကို မှတ်သားထားနိုင်တော့မှာပါ။ ပိုပြီး ထူးခြားတာကတော့ ကိုယ့် အကြိုက်ကို တစ်ခါ သိမ်း ထားလိုက်တာနဲ့ Cloud ကနေ တစ်ဆင့် အခြားသော Toyota ကားတွေ ဆီမှာလည်း အချိန်မရွေး ပြောင်းလဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကို ကားအားလုံးဆီ ယူဆောင် ပေးလာနိုင်မယ့် အချိန်အတိ အကျ ကို မသိရသေးပေမယ့်လည်း လက်ရှိ bZ4X လျှပ်စစ် ကားသစ် မှာတော့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါ့အပြင် အခုနှစ် နှောင်းပိုင်း လောက်မှာ ထွက်ပေါ်လာမယ့် RAV 4 အသစ်မှာလည်း အဆင်သင့် ဖြစ်လာနိုင် လောက်ပါတယ်။ ဒါပေမယ့်လည်း Toyota ရဲ့ အခုလိုအပြောင်းအလဲတွေက ကားလောကထဲမှာ Infotainment အပိုင်းနဲ့ ပတ်သက်လို့ လိုက်မှီရုံပဲ ရှိနေဦးမှာ ဖြစ်ကာ ဦးဆောင်နိုင်တဲ့ အပိုင်း ကိုတော့ မရောက်နိုင် လောက်သေးပါဘူး။ အကြောင်း ကတော့ လက်ရှိမှာ Toyota ရဲ့ ပြိုင်ဘက် ကုမ္ပဏီ အများ စုက Over The Air Update တွေကနေ တစ်ဆင့် ဒီထက် ပိုအဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ခြေတစ်လှမ်း သာ နေပြီး ဖြစ်လို့ ပါပဲ။

Ref: carbuzz.com