Six-Cylinder အင်ဂျင်ကြီး၊ Six-Speed Manual Transmission ဂီယာ တွေပါဝင်လာတဲ့ Toyota Supra ကားသစ် ကတော့ ဂျပန် ဈေးကွက်သီးသန့် ဖြစ်လာ မယ့် ထူးထူးခြားခြား အဖြူရောင် Matte Edition အသစ်ကို ရရှိလာခဲ့ပါပြီ။ အခု ကားကို ပိုပြီးထူးခြားစေတာ ကတော့ အစီးရေ ၅၀ ပဲ ထုတ်ပေးထားတဲ့ အထိ သီးသန့် ဖန်တီးပေးထားတာပါ။ အဆိုပါ သီးသန့် ကားမှာတော့ Matte Avalanche White လို့ခေါ်တဲ့ အဖြူသီးသန့် အရောင်ကို သုံးပေးထားပြီး အတွင်းခန်း ကတော့ Tan Leather သား ဖြစ်ပါတယ်။ ဒါ့အပြင် Matte White Edition Carbon အမှတ်တံဆိပ် ကိုလည်း ကားရဲ့ခရီးသည် ဘက်ခြမ်း Dashboard မှာပါ လှလှပပ ထည့်ပေးထားပါသေးတယ်။

Photo Credit: motor 1.com

အခု အထူးထုတ်ကားရဲ့ ‌ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ၅၇,၀၆၄ ဖြစ်ပြီး သာမန် Six-Speed၊ Six-Cylinder Supra ကား ကတော့ $ 52,891 ပမာဏပဲ ရှိတာ ဖြစ်ပါတယ်။ ဂျပန် ဈေးကွက်ထဲမှာတော့ အခု ဇူလိုင် ၂၀ ရက်ကနေ ဩဂုတ်လ ၂၁ ရက် ထဲမှာ မှာယူနိုင်မှာဖြစ်ပြီး ကားသစ်တွေကိုတော့ အောက်တိုဘာလထဲ ရရှိမှာပါ။ Toyota ဘက်ကတော့ လာမယ့် 2023 Supra တွေအတွက် ကိုလည်း Manual Gear တွေ ထည့်ပေးလာဦးမှာ ဖြစ်တယ် လို့ နဂိုကတည်းက ကတိပေးထားခဲ့တာဖြစ်ပြီး Supra ဆိုတဲ့ အနီရောင် စာသား လိုဂို လေးကို ကားရဲ့ အနောက်ဘက်မှာ မြင်ရတာနဲ့တင် အခြား ကားတွေနဲ့ ကွဲပြား စေပါတယ်။ Manual Gear နဲ့ ဆိုရင်တော့ အတွင်းခန်းက အနည်းငယ် လေး ပြောင်းလဲမှု ရှိနိုင်ပြီး အဓိက ကတော့ Console ပေါ်က ခလုတ်တွေနဲ့ ဂီယာအုံ တို့အကြား ၁.၇ လက်မ လောက် လွတ်လွတ်လပ်လပ် အကွာအဝေးရအောင် စီစဉ်ထားရလို့ပါပဲ။ အမေရိက ဈေးကွက်ထဲမှာ ဆိုရင်တော့ A 91-MT Special Edition ကို ရရှိနိုင်ပြီး အဆိုပါကားမှာဆိုရင် Premium Grade ကို အခြေခံကာ အတွင်းခန်းမှာတော့ Cognac Leather သားတွေ ထည့်သုံးထားပြီး Alcantara အုပ်ထားတဲ့ ဂီယာအုံလည်း ပါလာပါသေးတယ်။ ဒါ့အပြင် အသံ စနစ် ကလည်း စပီကာ ၁၂ လုံး အထိပါလာတဲ့ JBL Stereo စနစ် ဖြစ်တာကြောင့် အဆိုပါ ကားကိုလည်း ကုမ္ပဏီဘက်က အစီးရေ ၅၀၀ ထဲပဲ ထုတ်ပေးခဲ့တာပါ။

Photo Credit: motor 1.com

2023 Supra ကားတွေ မှာတော့ Suspension အပိုင်းနဲ့ စတီယာတိုင် အပိုင်းတွေကိုလည်း အပြောင်းအလဲ လေးတွေ လုပ်ပေးထားခဲ့ပြီး Hairpin+ ဆိုတဲ့ Function ကလည်း ကားရဲ့ ဘီးလည်ပတ်မှုနှုန်း တွေကို ကြီးကြီးမားမား ကွာဟ ပြောင်းလဲစေတာ တွေ့ရပါတယ်။ ဥရောပ ဈေးကွက်ထဲမှာ ဆိုရင်တော့ ပိုပြီး ပေါ့ပါးသွက်လက်တဲ့ Version တစ်ခု ရှိနေပြီး အဆိုပါကားဆိုရင် ၈၄.၄ ပေါင်ပဲ လေးတာဖြစ်ကာ ထိုင်ခုံတွေမှာလည်း လယ်သာ သားတွေ ၊ အလိုအလျောက် ချိန်ညှိလို့ ရတာတွေနဲ့ Lumbar Support တွေကိုလည်း ထည့်ပေးထားပါတယ်။ ဒါ့အပြင် Supra ကိုမှ ပိုပြီးတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ GRMN Supra ထွက်လာဦးမယ် ဆိုပြီး သတင်းတွေ ထွက်နေပြန်တာကြောင့် Supra ကားတွေကို ရှေ့ဆက် စောင့်ကြည့် သွားရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com