ကား အကြောင်း စိတ်ဝင်စားကြသူတွေ ကြားထဲ မှာတော့ တိုယိုတာ ကားတွေ နဲ့ ပတ်သက်လာရင် လတ်တ လော အမေး အများဆုံးက Toyota Supra ကားမှာ Manual Transmission ဘယ်တော့ ထည့်ပေးမှာလဲ ဆိုတာပါပဲ။ အဆိုပါ အကြောင်းကိုတော့ ၂၀၁၉ ခုနှစ် ဒက်ဒရွိုက် ကားပြပွဲ ကြီးမှာ ချပြခဲ့တဲ့ ၅ ခုမြောက် မျိုးဆက် A 90 ကားတွေ မတိုင်ခင် ကတည်း ကဆက်တိုက် မေးလာပြောလာခဲ့ကြတာ  ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အများ မျှော်လင့်နေတဲ့ အဆိုပါ Manual Transmission ကို Supra ကားတွေဆီ ယူဆောင် လာပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ မနေ့က သောကြာနေ့ကပဲ Toyota ကိုယ်တိုင်က အတည်ပြုပေးခဲ့ပြီး ဖြစ်ကာ Supra တွေမှာ မကြာခင် မြင်လာရတော့မှာပါ။

Photo Credit: MotorAuthority

Toyota ရဲ့ အဆို အရတော့ အခု Manual Transmission အသစ်က အစစအရာရာ ကိုယ်တိုင် ဖန်တီးထား တာ ဖြစ်ပြီး လက်ရှိ ကားတွေမှာ သုံးထားတဲ့ BMW ဆီက 8-Speed Automatic တွေလို လွယ်လွယ်လေး ယူသုံးထားတာ မျိုးမဟုတ်ဘူးလို့ သိရပါတယ်။ လက်ရှိ Supra ကား ရဲ့ Platform ကတော့ BMW Z4 နဲ့ အတူတူ အခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပြီး 4-Cylinder နဲ့ 6-Cylinder Engine တွေကိုလည်း BMW ကား အတိုင်း အတူတူ ထည့်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ ဂျာမနီ ထုတ်ကား တစ်ချို့မှာတော့ Manual Transmission တွေနဲ့ ရနိုင်နေခဲ့တာဖြစ်ပြီး အခု Supra နဲ့ အတော်လေး တူညီတဲ့ Z 4 မှာ လည်း Manual Transmission ပဲ သုံးထားတာပါ။ အဆိုပါ Manual Transmission အသစ် ကိုတော့ Supra ရဲ့ အင်ဂျင် ၂ မျိုးလုံးနဲ့ တွဲဖက်ပြီး ရနိုင်မှာလား ဆိုတာ သေချာမသိရ‌သေးပဲ အမေရိက ဈေးကွက်ကိုလည်း ဒီလို Manual Transmission နဲ့ ကားမျိုးကွဲ တင်သွင်းလာမှာလား ဆိုတာပါ အတည်မပြုနိုင်သေးတာ ဖြစ်ပါတယ်။ ဘယ် လိုပဲ ဖြစ်ဖြစ် အမေရိကလို ‌ဈေးကွက်ထဲ အထိ အခု ကားအသစ်တွေ ရောက်သွားမယ် ဆိုရင်လည်း လူကြိုက် များကြမှာ သေချာနေပြီး အကြောင်း ကတော့ Porsche 911 GT 3 လိုမျိုး Manual Transmission နဲ့ ကားမျိုးတွေကို ကြိုက်ကြသူတွေ အတော်လေးများလို့ပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Manual Transmission နဲ့ ပွဲထွက်လာမယ့် Supra အသစ်တွေမှာတော့ သာမန်ကားနဲ့ ကွဲပြားနေအောင် Supra ဆိုတဲ့ တံ‌ဆိပ် လေးကို သာမန် အနက်ရောင်အစား အနီရောင်လေး ပြောင်းသုံး ပေးထားမှာပါ။ Toyota ကတော့ အဆိုပါ ကားတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အခု လာမယ့် ရက် သတ္တပတ်တွေထဲ ချပြသွားမယ်လို့ ဆိုထား တာကြောင့် ဘယ်လိုတွေ ထူးခြားလာဦးမလဲဆိုတာ စိတ်ဝင်စား ဖွယ် စောင့်ကြည့်သွား ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority