ဂျပန်ရဲ့ ပြည်တွင်း ကားဈေးကွက်ထဲ ကြည့်လိုက်ရင်တော့ အခြားသော ကားဈေးကွက်တွေလို မဟုတ်ပဲ နိုင်ငံရဲ့ လမ်းကျဉ်းလေးတွေထဲ အထိ အဆင်ပြေစေမယ့် ကားသေးသေးလေးတွေလည်း သီးသန့် တွေ့နေရ တတ်ပါ သေးတယ်။ အဆိုပါ ကား သေးသေးလေးတွေထဲကို နောက်ထပ် ဝင်ရောက်လာတဲ့ အမျိုးအစား တစ်ရပ်ကတော့ လွန်ခဲ့တဲ့ စက်တင်ဘာ ၂၀၀၃ လောက်ကတည်းက စတင်ရောင်းချနေခဲ့တဲ့ ၇ ယောက် စီး Toyota ကားလေး တစ်စီးပါပဲ။ Minivan အရွယ်နဲ့လုပ်ငန်းသုံးယာဉ်ကြားထဲက ချစ်စရာကောင်းတဲ့အရွယ် ကားလေးတစ်စီး ဖြစ်ပြီး Crossover အမျိုးအစားဖြစ်ကာ ဂျပန် ပြည်တွင်းမှာပဲ ထုတ်လုပ်သွားမှာပါ။ အခုကားကို ဖန်တီးရာမှာတော့ ဝယ်ယူနေကြသူတွေရဲ့ မှတ်ချက်တွေကို အထူးတလည် ဂရုတစိုက် ပြင်ဆင်ထားပြီး Sienta ကားအသစ်လေးရဲ့ အပြင်အဆင်တွေ အကုန်လုံးကိုလည်း ပြောင်းလဲ ပေးလိုက်ပါတယ်။ အထူးသဖြင့် ဈေးကိုတော့ ယခင်အတိုင်း သက်သက်သာသာ ထားပေးထားပြီး အမိုးကို မြှင့်ပေးလိုက်တာမျိုးဖြစ်ပါတယ်။ လုံခြုံရေး စနစ်သစ်တွေ ထည့်ပေးထားတဲ့အပြင် စွမ်းအင်ချွေတာမှု အပိုင်းလည်း ပိုကောင်း လာမယ့် အဆိုပါ ကားလေးမှာတော့ အတွင်းခန်းမှာလည်း ပိုအသုံးတည့်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါသေးတယ်။

Photo Credit: motor 1.com

အပြောင်းအလဲတွေရဲ့ ရလဒ်အနေနဲ့ ကတော့ကားရဲ့ အရှည်နဲ့ အကျယ်တို့ အတူတူပဲ ဖြစ်ပေမယ့် အတွင်းခန်း အမိုး မြင့်မြင့်မားမားဖြစ်သွားပါတယ်။ အထူးသဖြင့် ကားထဲမှာ ခရီးသည်  ၇ ယောက်  ကောင်းကောင်း လိုက်ပါ စီးနင်း နိုင်ဖို့ကို Toyota က ပြင်ဆင် ပေးလိုက်တာပါ။ ဒီလောက် ကားသေးသေးလေးထဲ ၇ ယောက်စီး အတွက် အဆင်ပြေပါ့မလားလို့ တွေးကောင်း တွေးမိနိုင်ပေမယ့် ဒုတိယမြောက် ခုံတန်းမှာတောင် လွတ်လွတ်လပ်လပ် ထိုင် နိုင်မယ့်အထိ ပြင်ဆင်ပေးထားကာ ခုံတွေကိုလည်း ဒီဇိုင်း ပြောင်းထားတာ ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။ ယာဉ်မောင်း ‌နေရာကလည်း ယခင်ထက် ခေတ်မီတဲ့ Digital Instrument Cluster နဲ့ Infotainment Screen အသစ်တို့ကို Console အလယ်မှာ ထည့်ပေးထားတာ တွေ့ရမှာပါ။ Climate System တွေ အတွက် ခလုတ်တွေနဲ့ ခွက်တင်စရာတွေ အံခွက်လေးတွေလည်း အများကြီး ပါလာပါသေးတယ်။ အနောက်ဘက် မှာ လိုက်ပါလာမယ့် ခရီးသည်တွေ အတွက်ကိုလည်း ပိုဆန်းသစ် ကောင်းမွန်လာမယ့် မျက်နှာကျက်ဆီက အဲကွန်းစနစ် ကို ခံစားရအောင် စီစဉ်ပေးထားပါတယ်။ဒါ့အပြင် အနောက်ဘက် ထိုးတံခါးဆီက Sunshade တွေကလည်း ခရီးရှည်ရှည် သွားရရင်တောင် သက်တောင့်သက်သာ အိပ်စက်လိုက်ပါ နိုင်အောင် ကူညီပေးနိုင် ဦးမှာပါ။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်ပိုင်းမှာတော့ 1.5 Liter Hybrid Engine ကို CVT Gear တွေနဲ့ တွဲသုံးပေးထားကာ Manual Gear အရသာ ကောင်းကောင်းလေးရနိုင်မယ် လို့လည်း Toyota တို့က ဆိုထားပါတယ်။ ကားရဲ့ ဆီစာနှုန်း ကလည်း WLTP Cycle အရ တွက်မယ်ဆိုရင် ကီလိုမီတာ ၁၀၀ လောက်ကိုပဲ ၅.၅ လီတာလောက်အထိ ရှိမယ်လို့ ခန့်မှန်းထား ရပါတယ်။ ဒါ့အပြင် 1.5 Liter Gas Engine အမျိုးအစားကိုလည်း All-Wheel Drive နဲ့ တွဲဖက်ပြီး ကားတစ်မျိုး ထပ်ရနိုင်ပါသေးတယ်။ အခု Sienta ကားအသစ်လေးတွေကို လာမယ့် လ‌အစောပိုင်းမှာတင် ဂျပန်ဈေးကွက်ထဲ စတင်ရောင်း ချနိုင်ဖို့ ခန့်မှန်းထားပြီး တစ်လကို အစီးရေ ၈,၃၀၀ လောက် အထိ ရောင်းချရမယ်လို့လည်း ယူဆ ထားပါတယ်။ ဈေးကတော့ FWD Model အတွက်ဆိုရင် $ 14,190 ကနေစတင်ထားပြီး Range အမြင့်ဆုံးဖြစ်တဲ့ AWD Hybrid Model ဆိုရင်တော့ $ 22,615 လောက်အထိ ဈေးရှိနေမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com