ယခင် V8 Engine သုံးထားပြီး အခု မော်ဒယ်အသစ်မှာ Hybrid ဖြစ်သွားကာ Twin-Turbo V6 Engine ဖြစ်လာတဲ့ 2023 Toyota Sequoia ရဲ့ စွမ်းအင်သုံးစွဲမှုနှုန်းတွေကတော့ ထွက်ပေါ်လာပါပြီ။ အင်ဂျင် အတွဲအဖက်တွေ ပြောင်းသွားတယ် ဆိုပေမယ့်လည်း စွမ်းဆောင်ရည်ကတော့ ပိုကောင်းလာတယ်ဆိုတာ အချက်အလက်တွေက ညွှန်ပြနေပါတယ်။ Two-Wheel Drive SUV အနေနဲ့မြို့တွင်း မောင်းကို 21 mpg ၊ အဝေးပြေးကို 24 mgp နဲ့ ၂ မျိုး ပေါင်းကိုတော့ 22 mpg ပဲ စွမ်းအင်သုံးစွဲတာ တွေ့ရကာ Four-Wheel Drive အနေနဲ့ ဆိုရင်တော့ လက်ရှိနှုန်းထား တွေထက် 2 mpg လောက်စီတော့ လျော့ကျသွားမှာပါ။ ယခင် မျိုးဆက်အဟောင်းမှာတော့ 5.7 Liter V8 Engine ကို သုံးထား ခဲ့တာကြောင့် မြို့တွင်း ၊ အဝေးပြေးနဲ့ နှစ်ခုပေါင်း အနေအထားတွေကို 13/17/15 mpg အထိပဲ ရခဲ့ပြီး အခု ကားအသစ် မှာတော့ သိသိသာသာကိုပဲ ပိုပြီး စွမ်းအင်ချွေတာ လာနိုင်တာကို ကိန်းဂဏန်းတွေနဲ့တင် ဆုံးဖြတ် ကြည့်လို့ ရနိုင်ပါတယ်။ အဓိက အခုလို ပိုကောင်းလာရခြင်း အကြောင်းကတော့ ကားသစ်မှာ ပါလာတဲ့ i-Force Max Hybrid အင်ဂျင် အချိုးအစားကြောင့်ဖြစ်ပြီး လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ 3.4 Liter Twin-Turbo V6 Engine အနေနဲ့ ဆိုရင်တော့ စွမ်းဆောင်ရည်က 437 hp နဲ့ 583 lb-ft Torque အထိကို ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည် ကိန်းဂဏန်းတွေထဲမှာတော့ လျှပ်စစ်မော်တာဆီက ထုတ်ပေးနိုင်တာက 48 hp အထိရှိပြီး 10-Speed Automatic Transmission ဂီယာ ကလည်း ယခင် ကားအဟောင်းတုန်းက Four-Speed Gear ထက် ပိုကောင်းလာ ခဲ့တာ ဖြစ်ပါတယ်။ ကားရဲ့ အမြင့်ဆုံးသော Torque စွမ်းဆောင်ရည်ကလည်း 2,400 rpm အထိ ရှိထားတဲ့ အချိန်မှာ Hybrid ရဲ့ အထောက်အကူတွေကြောင့်တွေပါ ပိုပြီး ချောချောမွေ့မွေ့ ရှိနေစေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: MotorTrend

 

အခု ကားရဲ့ စွမ်းအင်သုံးစွဲမှု နှုန်းထားတွေကတော့ အမျိုးအစားတူ i-Force Max Hybrid Engine ကို သုံးထားတဲ့ Toyota Tundra Pickup နဲ့ကို အတူတူနီးပါး ဖြစ်လို့နေပါတယ်။ ဒါ့အပြင် Sequoia ကားရဲ့ TNGA-F Platform ကိုတော့ Toyota ရဲ့ မျိုးဆက်သစ်ကားတွေ ဖြစ်တဲ့ Tundra ၊ Land Cruiser ၊ Lexus LX နဲ့  Tacoma Pickup ကားတွေ ဆီမှာပါ အသုံး ပြုထားတာပဲ ဖြစ်ပါတယ်။ Tundra ကားသစ်ကတော့ 3.5 Liter Twin-Turbo V6 PowerBoost Hybrid အင်ဂျင်သုံးထားတဲ့ Ford F-150 နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရမယ့် ကားဖြစ်ပြီး F-150 ကတော့ Two-Wheel Drive ဆိုရင် လမ်း ၂ မျိုးပေါင်း 25 mpg ရှိကာ Four-Wheel Drive ဆိုရင်တော့ 23 mpg အထိ ရှိပါတယ်။ အခုလိုမျိုး PowerBoost Hybrid အင်ဂျင် ရှိတဲ့ နောက်ထပ် Ford ကားလည်း မရှိသလို Hybrid Full-Size SUV လည်း သိပ်ယှဉ်နိုင် စရာ မရှိတာကြောင့် Sequoia ကားကတော့ အခုကားတန်းမှာ အတော်လေး သိသိသာသာ ကောင်းနေတော့တာပါ။

Photo Credit: MotorTrend

တစ်ခြား ကားတွေ ထဲမှာလည်း ဒီ ပမာဏကို ယှဉ်နိုင်တဲ့ ကားသိပ်မရှိ ပြန်သလို အနီးစပ်ဆုံးဆိုရင်တောင် GM ရဲ့ ဒီဇယ်ကားတွေ ပဲရှိနိုင်တာပါ။ 2023 Chevrolet Tahoe ကားကတော့ 3.0 Liter Diesel Engine သုံးထားပြီး Two Wheel Drive နဲ့ ဆိုရင် 24 mpg ရှိထားကာ Four-Wheel Drive ဆိုရင်တော့ 22 mpg အထိ ရှိထား ပါတယ်။ GMC ဘက်မှာလည်း အဆိုပါ ပမာဏ အတိုင်းအတာ ဆိုရင်တော့ ဒီဇယ်အင်ဂျင်သုံး Yukon နဲ့ Yukon XL တို့ ရှိနေပြီး Ford Expedition နဲ့ Jeep Wagoneer တို့ကတော့ ယှဉ်နိုင်တယ်ဆိုတဲ့အဆင့်နားမှာ ရှိကာ Nissan Armada ကတော့ အလယ်အလတ် အဆင့်လောက် ရှိထားပါတယ်။ Sequoia ထက်ပိုကြမ်းမယ့် TRD Pro Sequoia ကားနဲ့ ပတ်သက်လို့ တော့ အသေးစိတ် အချက် အလက်တွေ မရရှိထားသေးပေမယ့် Tundra TRD Pro Pickup ကားလိုပဲ ပိုကောင်းတာမျိုး ဖြစ်လာ နိုင်ပါတယ်။ Tundra TRD Pro မှာကတော့ Four-Wheel Drive အတွက်ဆိုရင် 18/20/19 mpg ရှိထားတာ ပဲဖြစ်ပါတယ်။ 2023 Toyota Sequoia ကားသစ် တွေကတော့ အခု ၂၀၂၂ နွေရာသီ နှောင်းပိုင်းလောက်မှာ စတင် ရောင်းချနေတာပဲ ဖြစ်ပါတယ်။

Ref: MotorTrend

(17) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube