မနှစ်တုန်းက Prototype အနေနဲ့ မြင်ခဲ့ ရတဲ့ Lexus LS Hybrid ကားမှာ Lexus Teammate ဆိုတဲ့ ထူးထူးခြားခြား နည်းပညာအသစ် တစ်ခုကို မြင်လိုက်ရပါတယ်။ GM ရဲ့ Super Cruise နဲ့ Ford ရဲ့ Blue Cruise တို့လို နည်းပညာမျိုးပဲ ဖြစ်ပြီး အဆိုပါ Teammate စနစ်ကတော့ Level 2 အဆင့် Semi-Autonomous မောင်းသူမဲ့ စနစ်ပါ ရလာမှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကတော့ တစ်ချို့သော အဝေးပြေး လမ်းမတွေမှာဆိုရင် ယာဉ်မောင်းတွေအဖို့ လက်ပါ လွှတ်ထားပြီး မောင်းလို့ရမယ့် အထိ စွမ်းဆောင်နိုင်ပါ တယ်။ LS 500 h ကတော့ အခု နည်းပညာကို ရထားတဲ့ တစ်စီး တည်းသော ကားဖြစ်နေပေမယ့် အခုတော့ ထူးထူးခြားခြားပဲ အခြားသော ဆက်စပ် ကားတစ်စီးမှာပါ ရလာဖို့ ရှိနေပါပြီ။ အဆိုပါ ကားကတော့ 2022 Toyota Mirai ဖြစ်ပြီး Lexus မှာလိုပဲ Toyota ရဲ့ အဆင့်မြင့် လုပ်ဆောင်ချက် အဖြစ် Toyota Teammate ဆိုပြီး ရရှိလာတာပါ။ အဆိုပါ စနစ်မှာလည်း Level 2 အဆင့် မောင်းသူမဲ့အပိုင်းကို Society Of Automotive Engineers ( SAE ) International လို့ခေါ်တဲ့ အဖွဲ့အစည်း အသိအမှတ်ပြုပြီးသားကို ရရှိ လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကျော် Tesla ရဲ့ Autopilot ဒါမှမဟုတ် FSD နဲ့ မတူတာက ယာဉ် မောင်းတွေ အဖို့ တကယ်ကို စတီယာတိုင်ကို မကိုင်ပဲ လွှတ်ထားလို့ ရမှာဖြစ်တာကြောင့် ပိုပြီး အဆင့်မြင့် ပါတယ်။

Photo Credit: CARBUZZ

အခု အဆင့်မြင့် မောင်းသူမဲ့ စနစ်မှာတော့ မြန်နှုန်းအပိုင်း ၊ ဘရိတ် အပိုင်းနဲ့ စတီယာတိုင် အချိုးအကွေ့ တွေ က အစ ယာဉ်မောင်းရဲ့ စောင့်ကြည့်မှုအောက်မှာ အလုပ်လုပ် နိုင်ပါလိမ့်မယ်။ ယာဉ်မောင်းက ထိန်းချုပ်စရာ မလိုပဲ စောင့်ကြည့်နေရုံနဲ့တင် လမ်းကြောင်းအတွင်း စနစ်တကျ မောင်းနှင်တာ ၊ တစ်ခြား ကားအနောက်ကို ပုံမှန် လေးလိုက်နေတာနဲ့ လမ်းကြောင်းပြောင်းဖို့ အချက်ပြတာ၊ လမ်းကြောင်းကို ယာဉ်မောင်း ခွင့်ပြုချက်နဲ့ ပြောင်းလဲ တာ တွေအပြင် ရှေ့ကားတွေက နှေးလွန်းနေရင်လည်း ဆက်တိုက် ကျော်တက်တာတွေကအစ လုပ်ဆောင် နိုင်ပါလိမ့်မယ်။ ဒါ့အပြင် လက်လွှတ်ထားပြီး အလိုအလျောက် ကားပါကင် ထိုးပေးသွားမယ့် Advanced Park Function လည်း အခု စနစ်အသစ် မှာ ပါဝင်လာပါတယ်။ Mirai ဆိုတာကတော့ ဟိုက် ဒရိုဂျင် စွမ်းအင်စနစ်သုံး ကား တစ်စီး ဖြစ်ပြီး ဟိုက်ဒရိုဂျင် ပြန်လည် ဖြည့်တင်းစရာ နေရာတွေ ရှိတဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ဈေးကွက် တစ်ခု တည်းမှာပဲ ရောင်းချနေတဲ့ ကားဖြစ်ပါတယ်။ Lexus LS နဲ့ အတူတူ အဆိုပါကားကိုတော့ RWD Platform ပေါ်မှာပဲ တည်ဆောက်ထားတာ ဖြစ်ပေမယ့် မော် တာကတော့ အနောက်ဘက်မှာ တစ်လုံးပဲ ပါဝင်တာဖြစ်ကာ 182 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ အား သာချက် တစ်ခုကတော့ ဟိုက်ဒရိုဂျင်တစ်ခါ ဖြည့်ထားရင် ၄၀၂ မိုင် လောက် အထိကိုမောင်းနှင် နိုင်တာ ကြောင့် လက်ရှိဘယ်လို လျှပ်စစ်ကားမျိုး ထက်မဆိုကို သာလွန်နေတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ ဈေးနှုန်းကတော့ $ 49,500 ကျသင့်တာဖြစ်ပြီး အခုဆိုရင်တော့ Toyota ရဲ့ အဆင့်မြင့် Teammate လုပ်ဆောင်ချက် အသစ်နဲ့ ကားတွေထဲ ဈေးအသက်သာဆုံးလို့တောင် ဆိုလို့ရသွားပါတယ်။ 2021 Lexus LS 500h ကတော့ $ 90,500 ကနေကို စတင်ကျသင့်တာဖြစ်ပြီး Mirai Limited Grade တောင်မှ $ 66,000 အထိပဲ ကျသင့် သေးတာကြောင့် Lexus နဲ့ ယှဉ်ရင်တော့ ဈေးသက်သာပါသေးတယ်။ ဒါ့အပြင် Mirai ကတော့ အဆိုပါ ဈေးနှုန်း တွေထဲမှာ ဟိုက်ဒရိုဂျင် အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်မယ့် $ 15,000 ကလည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ အခု Teammate နည်းပညာအသစ်ကိုတော့ Toyota ရော Lexus တို့ကပါ အခြားသော မော်ဒယ်တွေဆီ ဆက်လက် ဖြန့်ချီ ပေးလာနိုင်ဖို့ မျှော်လင့်ရပါတယ်။

Ref: carbuzz.com