၁၉၇၁ ခုနှစ် ထုတ် Toyota Land Cruiser FJ 40 ကားလေးကို မူလအတိုင်း လုံးဝ ပုံစံမပျက်စေပဲ အရောင်ကိုလည်း ပထမ ဆုံးမျိုးဆက် FJ တွေရဲ့ Rocky Mountain Gray ဆိုတဲ့ အရောင်သုံးကာ Icon ကနေ ပြန်လည် ပြင်ဆင် ပေးလိုက်ပါတယ်။ အခု ကားရဲ့ အထင်ရှားဆုံးသော ဒီဇိုင်းတွေထဲ တစ်ခုကတော့ Bikini Top လို့ ခေါ်ဆိုကြတဲ့ အမိုး ပွင့် ဖြစ်ပြီး အဆိုပါ ခပ်ပါးပါး အမိုး ပျော့လေးက‌ အရိပ်လည်း ရသလို လွတ်လွတ်လပ်လပ် အရသာကိုလည်း ပေးနိုင် ပါသေးတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ကား အတွင်းပိုင်း‌ကိုတော့ ပုံစံအသစ် တစ်မျိုးနဲ့ ထည့်သွင်းပေးထားပြီး Three-Point ထိုင်ခုံခါးပတ်တွေ အပြင် Charcoal OEM ဥရောပ ဗီနိုင်းသားနဲ့ အမေရိကန်ထုတ် Woven Vinyl သားတွေကို ထိုင်ခုံတွေမှာ သုံးပေးထား ပါတယ်။ ကားရဲ့ အင်ဂျင်ပိုင်းကလည်း ပြန်ပြီး ပိုကောင်းအောင် ပြင်ဆင်ပေးထားတဲ့ 6.2 Liter LS3 အင်ဂျင်ကိုသုံး ပေးထားတာဖြစ့်ကာ Truck Intake Injectors တွေနဲ့ အရှေ့ဘက် အင်ဂျင်အထား အသိုတွေက ဟိုးယခင်အတိုင်း ကို ပြန်ပြင် ပေးထားပါ‌တယ်။ အခု အင်ဂျင်နဲ့တွဲပြီး Warner AX 15 5-Speed Manual ဂီယာ သုံးထားတာဖြစ်ကာ Twin- Stick Part-Time Four-Wheel Drive စနစ်ကိုလည်း ပြန်ထည့်ပေးထား ပါသေးတယ်။ အခုလို ဂန္ဓဝင် ကားတစ်စီး အတွက် တကယ်ကို အသုံးတည့်စေမယ့် အရာတွေကိုလည်း ထပ်သုံးပေးထားပြီး Dana ရဲ့ High-Pinion Differential တွေကို ARB ရဲ့ Locking Differential တွေနဲ့လည်း တွဲသုံး ပေးထားပါတယ်။ ဒါ့အပြင် Brembo ရဲ့ Sport ဘရိတ် တွေကိုပါ Hydro Boost Assistant နဲ့တွဲဖက်ပြီး သုံးစွဲပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

ကားကောင်း ကားဟောင်း တစ်စီးအတွက် ပိုပြီး စွဲမက်စရာ ‌အချက်တွေအဖြစ် အလူမီနီယံသားနဲ့ အနောက် ဘက်ကြည့်မှန် ၊ အရှေ့ဘက် ဘန်ဘာကိုမှ ခေတ်ပေါ် LED မီး ပေါင်းပေးထားတာတွေ ၊ Class 2 Receiver နဲ့ အတူ ကားအနောက်ဘက်က Icon ရဲ့ Dual Pivot ဘန်ဘာ ပုံစံတွေကိုလည်း မြင်ရဦးမှာပါ။ ကားမှာတော့ AMP Research Step ကို အလိုအလျောက် ပြောင်းပေးနိုင်မယ့် ခလုတ်အပြင် Air Compressor ကိုလည်း လိုအပ်ရင် ထပ်ရွေးချယ် ထည့်လို့ရအောင် စီစဉ်ပေးထား ပါသေးတယ်။ အခု ဂန္ဓဝင် ကားရဲ့ ဈေးနှုန်းကို သေချာမဖော်ပြထား သေးပေမယ့်လည်း ယခင်တုန်းက FJ 44 ကားတစ်စီးကို $ 237,000 အထိ ဈေးပြန်ရအောင် သတ်မှတ်နိုင်ခဲ့သေးတာ ကြောင့် အခုကားလည်း အဆိုပါ ဈေးတန်းထက်တော့ မနိမ့်နိုင်လောက်ဘူးလို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com