ဂျပန် နာမည်ကြီး ကားကုမ္ပဏီ Toyota ကတော့ ဘယ်တော့မဆို ဈေးသက်သာပြီး ၊ ယုံကြည်စိတ်ချရကာ တကယ်လည်း ကောင်းတဲ့ ကားတွေနဲ့ နာမည်ရလေ့ရှိတာ ဖြစ်ပါတယ်။ ဒီလို ကားကောင်းတွေ ဖန်တီးနိုင်တဲ့ ရလဒ် ကတော့ နှစ်တိုင်း ရောင်းအားတွေ ကောင်းနေခဲ့တာပါပဲ။ အခုဆိုရင်လည်း ပြိုင်ပွဲလမ်းကြောင်းတွေ အတွက် အဓိကထားတဲ့ ကားတွေ ၊ ဈေးသက်သာတဲ့ လျှပ်စစ်ကားတွေ အပြင် ပိုကောင်းတဲ့ ထုတ်လုပ်ရေး လုပ်ငန်းစဉ်တွေ ကိုလည်း သေချာပြုပြင် လုပ်ဆောင်နေပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခြားသော ကား ကုမ္ပဏီတွေလိုပဲ ကပ်ရောဂါနောက်ဆက်တွဲ ရိုက်ခတ်မှုတွေနဲ့ ကုန်ကြမ်းပြတ်လပ်မှုတွေကို Toyota တို့ လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် စီမံခန့်ခွဲ မှုကောင်းတွေကြောင့် တစ်ခြား ကုမ္ပဏီတွေ လောက်ကို ဒဏ်မခံခဲ့ရဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကုမ္ပဏီ ရဲ့ ၂၀၂၂ မတ်လ ၃၁ ရက်နေ့ မှာ အပြီးသတ်ခဲ့တဲ့ ဘဏ္ဍာရေး နှစ် အရတော့ သူတို့ အနေနဲ့ ၂၄.၆ ဘီလီ ယံ အထိကို အကျိုးအမြတ် ရခဲ့ တယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ပမာဏ ကတော့ မနှစ်က ဘဏ္ဍာရေးနှစ်နဲ့ ယှဉ်မယ်ဆိုရင် ၃၆% အထိကို မြင့်တက်လာတာ ဖြစ်ပြီး ၂၀၁၆ တုန်းက အများဆုံးအဖြစ် စံချိန်တင် ထားခဲ့တဲ့ $17.6 Billion ထက်ကိုတော်တော်လေး ကျော်တက် သွားခဲ့ပြန်တာပါ။ အခွန်အခ ပိုင်းတွေမှာလည်း $ 257.4 Billion ဖိုးလောက်အထိ ရှိတဲ့ ၁၅% ပမာဏ လောက်ကို ရခဲ့ပါသေးတယ်။ ဒါတင် မကသေးပဲ အခုလို ရောင်းအားတက်ခဲ့ရခြင်းတွေထဲမှာ 8.23 Million နီးပါး လောက် အထိ ရှိတဲ့ ၇.၆ % သော ကားသစ် တွေလည်း ပါဝင်ခဲ့ ပါသေးတယ်။ တစ်ခုရှိတာကတော့ အခု ဘဏ္ဍာရေးနှစ်ရဲ့ ရောင်းအား ပမာဏက Toyota ရဲ့ အခြား သော Brand အခွဲတွေဖြစ်တဲ့ Lexus နဲ့ Hino တို့ ရောင်းအားတွေကိုပါ ထည့်တွက် ပေးထားတာ ဖြစ်ပါတယ်။ အခုလို ရောင်းအား တိုးတက်နေမှုကို နောက် ဘဏ္ဍာရေးနှစ် အထိလည်း ဆက်တက်နေဖို့အတွက် မျှော်လင့်ထားပြီး အစီးရေ ၁၀.၇ သန်းခန့် ၃.၁ % လောက်အထိ ပိုများလာလိမ့်မယ်လို့လည်း ရည်ရွယ်ထားတာပါ။

Photo Credit: CARBUZZ

ဒါပေမယ့်လည်း လုပ်ငန်း လည်ပတ်မှု အကျိုးအမြတ် ကတော့ ၁၉.၇ ဘီလီယံ ဝန်းကျင်လောက် အထိကို ကျသွား လိမ့်မယ်လို့ ခန့်မှန်းထားပြီး ဒါကလည်းတရုတ်နိုင်ငံ တွင်းကျ တစ်ကျော့ပြန် ကိုဗစ်ကြောင့် စက်ရုံ တွေ ပြန်ပိတ်ရတာ တွေ ၊ ကုန်ကြမ်း ပြတ်လပ်တာတွေနဲ့ ယူကရိန်း အရေးတို့ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အခု ပြဿနာတွေက ဆက်ပြီးလည်း ဖြစ်နေဦးမှာ မို့လို့ အခု ဘဏ္ဍာရေးနှစ်ဟာလည်း ထင်ထားတာထက် ပိုမို ခက်ခဲလိမ့်မယ်ဆိုပြီး ကုမ္ပဏီ ရဲ့ ဆက်သွယ်ရေး တာဝန်ခံ Jun Nagata က ဆိုထားပါတယ်။ အခုလိုမျိုး အခြေအနေတွေကြောင့် ဖြစ်လာမယ့် ဘဏ္ဍာရေး ပြဿနာတွေ အတွက် Customers တွေအဖို့ ကားဈေး တက် တာတွေကို ဆက်ကြံလာ ရနိုင်ပြီး နောက်ထပ် စိုးရိမ်စရာ ကောင်းတာကတော့ ကားသစ်ရမှုတွေ စောင့်ဆိုင်းချိန်ပိုကြာ လာနိုင်တာပါပဲ။ လက်ရှိ မှာတော့ ကုမ္ပဏီရဲ့ အသစ်စက်စက် Toyota GR 86 ကို တစ်ချို့သော ဈေးကွက် တွေထဲမှာ ရောင်းကုန်သွားခဲ့ပြီ ဖြစ်ပြီး တစ်ချို့ဈေးကွက် တွေထဲမှာတော့ သဘာဝ ဘေးအန္တရာယ်တွေ ကြောင့်လည်း အဟန့်အတား ဖြစ်နေသေးတာကြောင့် ယခုနှစ်ရော ရောင်းအားဆက် ကောင်း နိုင်မလားကတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.com