အခု 2022 အတွက်ကတော့ Ranger ကားတွေအဖို့ မျိုးဆက်သစ် ထွက်လာခဲ့တာ ဖြစ်ပြီး Toyota Hilux အတွက် ကတော့ မျိုးဆက်သစ် မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် Toyota ကတော့ အဆိုပါ Hilux ကားကို ပိုကောင်းအောင် ပြုပြင်ဖန်တီးမှုတွေ ပြုလုပ်ပေးလာခဲ့ပြီး Ranger Raptor အသစ်နဲ့ ကောင်းကောင်းယှဉ်နိုင် လာအောင် စီစဉ်လာခဲ့ပါတယ်။ အဆိုပါ ကားကတော့ Hilux ကားကိုမှ နောက်ပိုင်း ၂၀၁၈ လောက်ကတည်းက ရှိလာခဲ့တဲ့ GR Sport Trim အဖြစ် ဖန်တီးလာတဲ့ကားဖြစ်ပြီး စွမ်းဆောင်ရည် ပိုကောင်းလာတာ တွေ့ရပါ တယ်။ အဆိုပါ ကားကိုတော့ တောင်အာဖရိက ဈေးကွက်ထဲမှာ စတင် အကြိုမြင်တွေ့ထားရပြီး 2022 Hilux GR Sport ကိုမှ Gazoo Racing အနေနဲ့ ပြောင်းလဲထားတာ ဖြစ်ကာ အင်ဂျင်ပိုင်း အဓိက အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ 2.8 Liter Turbodiesel Engine ကြောင့် 221 hp နဲ့ 550 Nm Torque အထိ ကို စွမ်းဆောင်ထားနိုင်ခဲ့တာ တွေ့ရပြီး သာမန် ကားထက် စာရင် ၁၀ ဆ လောက်ကို ပိုမို စွမ်း ဆောင်နိုင်နေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒီနေရာမှာတော့ Ranger Raptor အဟောင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုသာနေနိုင်ပေမယ့် နောက်ပိုင်းမှာတော့ Ford က ဒီဇယ်အစား ဓာတ်ဆီ အင်ဂျင်ကို ပိုသဘောကျနေတာ တွေ့ရမှာပါ။ အဆိုပါ ကားအသစ်မှာ ဆိုရင်တော့ EcoBoost V6 အင်ဂျင်ပဲ ပိုသဘောကျ အသုံးပြု လာနိုင်တာကြောင့် မြင်းကောင်ရေအား ပိုကောင်းလာနိုင်တယ် ဆိုပေမယ့် အခု GD6 Oil-Burner သုံးထားတဲ့ Hilux GR Sport အသစ် ရဲ့ Torque က‌တော့ သာလွန်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ ကားအသစ်ကိုတော့ တောင်အာဖရိက ဈေးကွက်ထဲမှာပဲ လာမယ့် မေလ မှာမှ တရားဝင် စတင်မိတ်ဆက် လာတော့မှာပါ။ လက်ရှိ အချိန်အထိ အသေးစိတ် အချက်အလက်တွေ မသိရသေးတာကြောင့် အဆိုပါ ကားသစ်ကို တောင်အာဖရိက ဈေးကွက်ထဲမှာပဲ ရောင်းချမှာလား ဒါမှမဟုတ် အခြားဈေးကွက်တွေထဲမှာလည်း Range အမြင့်ဆုံး ကားတစ်စီး အနေနဲ့မိတ်ဆက်လာဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အခုလက်ရှိ အဆင့်မြှင့် တင်မှုက ၇ နှစ်ကြာ သက်တမ်းရှိနေပြီ ဖြစ်တဲ့ ၈ ခု မြောက် မျိုးဆက် Hilux ကား အတွက်တော့ နောက်ဆုံး ဖြစ်လာဖို့ ရှိပါတယ်။

Photo Credit: motor 1.com

ယခင်ကတည်းက ခန့်မှန်းထားခဲ့ကြသလိုပဲ နောက်ပိုင်းမှာ ပေါ်လာမယ့် All-New Hilux ကားအသစ်က Tacoma နဲ့ Global Platform တစ်ခုတည်းပေါင်းကာ Truck ကား တစ်စီးတည်း အနေနဲ့ပဲ ထွက်ပေါ်လာနိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ သက်ဆိုင်ရာ SUV Version မျိုးကွဲတွေ ဖြစ်ကြတဲ့ Fortuner နဲ့ 4Runner တို့အတွက်ဆိုရင်လည်း အပြောင်းအလဲတစ်ချို့ရှိလာနိုင်ပြီး တစ်ဖက်မှာလည်း လျှပ်စစ်ကား သစ်တွေရဲ့ အနာဂါတ် အတွက် လှုပ်ရှား နေရချိန်ဖြစ်လို့ အခက်အခဲ တစ်ချို့နဲ့အတူ အပြောင်းအလဲတွေတော့ ရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် အခုကြိုမြင် ထားရတဲ့ Hilux အသစ်ကလည်း Gazoo Racing တွေထဲမှာ  Entry Level GR Sport ထက် ပိုမြင့်တဲ့ တစ်နေရာ ကနေ ဈေးကွက်ထဲ ဝင်လာဦးမှာလား ဆိုတာက စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com