မြန်မာပြည် ဈေးကွက်နဲ့လည်း မစိမ်းတဲ့ Toyota Harrier ကားတွေကတော့ အခုဆိုရင် Lineup တစ်ခုလုံး အပြောင်းအလဲ အသစ်တွေနဲ့ အဆင့်မြှင့်တင်ကာ Plug-In Hybrid အမျိုးအစားပါ ထုတ်ပေးလာပြီ ဖြစ်ပါ တယ်။ အဆိုပါ PHEV ကားမှာတော့ 2.5 Liter Four-Cylinder Engine ကို တပ်ဆင်ပေးထား ပြီး 174 hp နဲ့ 161 lb-ft Torque တို့ အထိကို စွမ်းဆောင် နိုင်ပါလိမ့်မယ်။ ကားမှာပါတဲ့ လျှပ်စစ်မော်တာ ၂ လုံးထဲမှာမှ အရှေ့ဘက် ဝင်ရိုးက တစ်လုံး ကတော့ 180 hp နဲ့ 199 lb-ft Torque အထိ စွမ်းဆောင်နိုင်ကာ အနောက်ဘက်က တစ်လုံးကတော့ 54 hp နဲ့ 89 lb-ft Torque အထိ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်ရဲ့ လုပ်အားနှုန်းနဲပါ အားလုံးပေါင်းလိုက်မယ်ဆိုရင် ကားသစ်က 302 hp အထိ ကို စွမ်းဆောင်နိုင်တော့မှာပါ။ ဒါကြောင့် ကားကလည်း လျှပ်စစ်သီးသန့် တစ်မျိုးတည်းနဲ့ မောင်းမယ် ဆိုရင်တောင် တစ်ခါအားပြည့်နေရင် ၅၈ မိုင် အထိမောင်းနိုင်ပြီး 18.1 kWh ရှိမယ့် Lithium-Ion Battery ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

Photo Credit: AllAutoExperts

ထူးခြားတာကတော့ အဆိုပါ Plug-In Hybrid Version အသစ်မှာ အပြင်ဒီဇိုင်းပိုင်းတွေပါ လိုက်ပါပြောင်းလဲ ပေးထားတာပါပဲ။ ဥပမာ ပြရမယ် ဆိုရင် ကားရဲ့အရှေ့ဘက် Grille မှာ အရောင်ပြေး ၄ မျိုးအထိထည့် ပြီး ဒီဇိုင်း ဆွဲပေးထားတာမျိုး ဖြစ်ပါတယ်။ အဆိုပါ အရောင်တွေထဲမှာ ဆိုရင် အတော်လေး ထင်ရှားသိသာတဲ့ Metallic Grey လို အရောင် မျိုးလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ကားအတွင်းခန်းရဲ့ Instrument Panel တွေနဲ့ တံခါး Trim တွေ အတွက်ကိုလည်း Metal Mesh တွေ အသုံးပြုပေးထားပြီး အနီ‌ရင့်ရောင် Piping တွေကိုလည်း ပိုပြီး ထင်ရှားလှပဖို့ အနားကွပ် ထည့်ပေးထားတာကိုသိသိသာသာ မြင်ရနိုင်ပါတယ်။ ပိုကောင်းတာကတော့ ကားရဲ့ အနောက်ဘက် ထိုင်ခုံတွေမှာပါ အပူပေးစနစ် ပါဝင်လာတာဖြစ်ပြီး မြင်ကွင်းကျယ် ဖြစ်လာတဲ့ Monitor အသစ်ကလည်း ကားသစ်ရဲ့ အထင်ရှားဆုံး အပြောင်းအလဲတစ်ရပ် ဖြစ်လာပါ တယ်။ အဆိုပါ ၁၂.၃ လက်မ အရွယ် Infotainment Screen နဲ့ ၁၂.၃ လက်မအရွယ် Digital Instrument Cluster တွေအပြင် ကားအတွင်း သုံးနိုင်မယ့် ဝိုင်ဖိုင်နဲ့ Toyota Safety Sense Suite လုံခြုံရေးစနစ်တွေ ကတော့ အခု Harrier ကားသစ် အကုန်လုံးမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

Harrier ရဲ့ ပုံမှန် ကားသစ်တွေနဲ့ ပုံမှန် Hybrid ကားအကုန်လုံးကိုတော့ လာမယ့် အောက်တိုဘာ လ ၄ ရက် နေ့မှာ ဂျပန် ဈေးကွက်ထဲ စတင် ရောင်းချမှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၃၁ ရက် မှာတော့ Plug-In Hybrid ကားသစ် အမျိုးအစားကို တရားဝင် မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကိုတော့ တရားဝင် မကြေညာရသေးပေမယ့် ခန့်မှန်းချက်တွေ အရတော့ $ 21,260 နဲ့ $ 42,850 အကြားမှာ ရှိနိုင်မယ်လို့ သိရ ပါတယ်။

Ref: AllAutoExperts