Toyota Supra တို့ ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ မော်ဒယ် အတွက် ဈေးကွက်ထဲ ပြန်ရောက်လာခဲ့ပြီး တစ်ချိန် တည်းမှာပဲ ပြိုင်ကား ဈေးကွက်ထဲကိုပါ ဆက်ရောက်လာ ခဲ့ပါတယ်။ ၂၀၂၀ မှာကတည်းက GR Supra GT 4 ကားကို ပြိုင်ပွဲတွေ အတွက် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၂၁ နှစ်ကုန်ပိုင်း အရောက်မှာတော့ ပြိုင်ကားသီးသန့် အနေနဲ့ အစီးရေ ၅၀ အထိ ထုတ်လုပ် လာနိုင်တာပါ။ အခု ဆိုရင်တော့ နောက်ထပ် ကားသစ် ၆ စီး လောက် ကို ပြိုင်ကား လမ်းကြောင်းအတွက် ထုတ်လုပ် ပေးဦးမှာဖြစ်ပြီး အခု တစ်ခေါက် ဖန်တီးပေးမှာကတော့ Toyota GR Supra GT4 50 Edition ဆိုတဲ့ အထူးထုတ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ သာမန် မူလကားတွေမှာ ရထားတဲ့ အချက်အလက်တွေ အပါအဝင် အပြင်ဘက် အရောင်လေးက အနီရောင်တောက် တောက်လေးနဲ့ ထူးခြားနေပြီး ရွှေရောင်တံဆိပ် စာသားလေးတွေနဲ့ အနားသတ် ပေးထားပါတယ်။ အတွင်း ခန်းထဲမှာ ဆိုရင်လည်း ယာဉ်မောင်း အတွက် Branding ပုံစံ အသစ်လေး ဖန်တီး ပေးထားပြီး ခရီးသည် လိုက်မယ့် နေရာအတွက်ကို Standard ပစ္စည်းတစ်ချို့ကို တစ်ပါတည်းထည့်သွင်း ပေးထားလိုက်ပါတယ်။ 50 Edition ဆိုတဲ့ ထူးထူးခြားခြား အမှတ်တရ တံဆိပ်စာသားလေးကို ထည့်ပေးထားပြီး ကားရဲ့ ကာဗွန် ဖိုက်ဘာ Dashboard ကိုလည်း လှလှပပလေး ဖြစ်အောင် အလှဆင်ထားပါသေးတယ်။

Photo Credit: motor 1.com

အခု အထူးထုတ် ပြိုင်ကား အမျိုးအစားမှာတော့ BMW ထုတ် Supercharged 3.0 Liter Inline-Six Engine ကို တပ်ဆင်ပေးထားတာ ဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 424 hp အထိကို ရှိနေတာပါ။ ကားက တော့ Rear-Wheel Drive စနစ်နဲ့ အတူ Automatic Transmission ဂီယာ စနစ်တို့ ပါဝင်တာ ဖြစ်ပြီး ‌ဈေးနှုန်းကတော့ Toyota GR Supra GT4 50 Edition နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကားကို အပြင် ကနေ ကြည့်လိုက်ရင် ပြိုင်ကား ဆိုတာထက် သာမန် လမ်းမ ထက်သွား ကားတစ်စီးလိုပဲ မြင်မိကြမှာ သေချာပြီး အနောက်ဘက်က Wing ကြီး နဲ့ Chin Spoiler တို့က ပါးတာလေး ပဲ သိသာနေတာပါ။ ကိုယ်ထည်ကတော့ စတီးနဲ့ ဖြစ်ပြီး ဘေးဘက် ပြတင်းပေါက်တွေက ကားရဲ့ပြိုင်ကား လမ်းကြောင်းကို ကောင်းကောင်း ပုံဖော် ထားပြီး အတွင်းခန်းမှာတော့ သာမန် Supra လိုမျိုး မဟုတ်ပဲ အထူးထုတ် ဆိုတာကို ပေါ်လွင်နေအောင် ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာကတော့ ပြိုင်ကားတစ်စီးလိုမျိုး အရသာ ကို ပိုခံစားရအောင် ပြုလုပ် ထားတာကြောင့် လမ်းမထက်က ကားတစ်စီး လိုမျိုး သက်တောင့်သက်သာ အရသာ ကိုတော့ အများကြီး မပေးနိုင်သေးတာ သေချာပါတယ်။ ဒါ့အပြင် ခံနိုင်ရည်ပိုကောင်းတဲ့ Roll Cage တစ်ခုကိုလည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားကို စတင် မိတ်ဆက်လိုက်ကတည်းက Toyota GR Supra GT 4 အနေနဲ့တုန်းက ဆိုရင် ပြိုင်ပွဲပေါင်း ၂၅၀ လောက် အထိ ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ကာ ၃၆ ပွဲ နိုင်ခဲ့ပြီး ရပ်တည်ချက်ကောင်း ၇၈  ခု လောက်အထိလည်း ရရှိခဲ့တာပါ။ လက်ရှိ မှာ တော့ အဆိုပါ GR Supra GT4 ကိုလည်း ဆက်လက် တိုးတက်အောင် ထုတ်လုပ် ပေးသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီ ဘက်က ပြောကြားထားပါတယ်။ ဒါပေမယ့် တစ်ခု ရှိတာကတော့ အနာ ဂါတ် Sports ကားတွေမှာ Manual Gearbox ပါလာဖို့ အခွင့်အရေးနည်းလာနေပြီးလာမယ့် ၂၀၂၃ အတွက် ဆိုရင်တော့ အခု ပြောခဲ့တဲ့ ကားမော်ဒယ်မှာ Manual Gear ပါလာနိုင် သေးတယ်လို့ သိထားရပါတယ်။ ဒါပေမယ့်လည်း သေချာ မသိနိုင်သေးတဲ့ Supra ရဲ့ အနာဂါတ်ပဲ ဖြစ်တာကြောင့် ဘယ်လောက်အထိ စိတ် လှုပ်ရှားစရာ ကောင်းတဲ့ ကားတစ်စီးအဖြစ် ရှေ့ဆက်နိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref: motor 1.com