စွမ်းဆောင်ရည်မြင့် Toyota ကားတွေထဲက GR 86 ကားကတော့ ဒုတိယမြောက် မျိုးဆက်ထဲအထိ ရောက်လာခဲ့ကာ ပိုကြီးတဲ့ အင်ဂျင်နဲ့ စွမ်းဆောင်ရည်လည်း ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ကားဝါသနာရှင် အတော်များများ ကတော့ Toyota အဖို့ အခုကားကို Turbocharger တပ်ပေးဖို့ပဲ အလို ရှိနေကြတာပါ။ ဒါကြောင့် အခုဆိုရင်တော့ Gazoo Racing ကနေ အဆိုပါ Coupe အတွက် Turbocharger တကယ်တပ်ပြီး ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် သိပ်တော့ စိတ်လှုပ်ရှားစရာ မရှိသေးတဲ့ အချက်တစ်ချက် ကျန်နေပါသေးတယ်။ ဩစတြေးလျ ကား သတင်း CarSales ရဲ့ အဆိုအရတော့ အခုလိုမျိုး Turbo ပါတဲ့ GR 86 ကို ထုတ်လုပ်ပြီးပြီလို့ သိထားရပြီး မေးစရာ တစ်ချက်ရှိတာက မူလ Three-Cylinder 1.6 Liter Engine ကိုပဲ ဆက်သုံးထားသေးတာလား ဆိုတဲ့ အချက် ဖြစ်ပါတယ်။ အဆိုပါ အင်ဂျင်ကိုတော့ GR Yaris နဲ့ GR Corolla Hot Hatch တွေမှာ သုံးထားခဲ့တာ ဖြစ်ပြီး GR Corolla Hot Hatch မှာ တုန်းကတော့ 300 hp နဲ့ 295 lb-ft Torque အထိကို စွမ်းဆောင်နိုင်တဲ့ အထိ ၂ ယောက် စီး Morizo Edition မှာ ကြမ်းပြနိုင်ခဲ့ ပါတယ်။ တကယ်သာ အဆိုပါ အင်ဂျင် အတွဲအစပ်တွေအတိုင်း GR 86 မှာ ထည့်ပေးနိုင်ပြီ ဆိုရင်တော့ သာမန်ထက် 72 hp နဲ့ 111 lb-ft Torque လောက်အထိ အပိုရလာဖို့ ရှိလာနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အရမ်းကြီး စိတ်မလှုပ်ရှားသင့်သေးတဲ့ အကြောင်းရင်း တစ်ရပ်ကတော့ အခုကားဟာ ရောင်းဖို့မဟုတ် သေးပဲ Synthetic Fuel နည်းပညာအတွက် စမ်းသပ်ဖို့ ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိထားရလို့ ပါပဲ။ ယခင် ကတည်းကတော့ GR Yaris နဲ့ GR Corolla တို့ကို အဆိုပါ Synthetic Fuel နဲ့ အတူ Combustion Engine တွေနဲ့ အသက်ဆက်နိုင်ဖို့ စမ်းသပ်ထားခဲ့ပြီဖြစ်ကာ အခု Turbocharged GR86 ကိုလည်း အလားတူ မျှော်လင့်နိုင်အောင် စမ်းသပ်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Gazoo Racing ရဲ့ အင်ဂျင်နီယာပိုင်းခေါင်းဆောင် ဖြစ်သူ Naoyuki Sakamoto ကတော့ လတ်တလော အတည်မပြုနိုင်သေးပေမယ့် အဆိုပါ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စွမ်းအင်တွေနဲ့အတူ ကားသစ်တွေကို ဆက်လက်သုံးစွဲသွားမယ်လို့ အတည်ပြုထားပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် တစ်ချိန်တည်းမှာပဲ G16E-GTS အင်ဂျင် တပ်ဆင်ထားမယ့် GR 86 ကားအသစ်တစ်မျိုးကို ဂျပန်ရဲ့ Super Taikyu ပြိုင်ကားပွဲ အတွက် ထုတ်လုပ်ပေးသွားမယ်လို့ Sakamoto က အတည်ပြု ပေးခဲ့ပါသေး တယ်။ အစောပိုင်း ထုတ်လုပ်တဲ့ အဆင့်တွေမှာ ဖြစ်နိုင်ချေကတော့ GRMN ဆိုတဲ့ တံဆိပ်နဲ့ကိုမှ GR Version ရဲ့ အထက်မှာ ထုတ်လုပ် ပေးလာနိုင်တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဆက်တိုက်ဆိုရင်တော့ GRMN တံဆိပ် နဲ့ Supra ကို ဆက်လက် စောင့်ဆိုင်း မျှော်လင့်လို့ရနိုင်ပြီး အနိမ့်ဆုံး အမေရိကဈေးကွက်အတွက် ဖြစ်မယ့် GR Corolla တစ်မျိုးကို ထပ်မျှော်လို့ ရနိုင်ပါသေးတယ်။ GR ကားတွေအကြောင်း ပြောမယ်ဆိုရင် မေ့ထားလို့ မရတာကတော့ GR Super Sport Hypercar နဲ့ Lexus LFA ရဲ့ လျှပ်စစ်မျိုးဆက် ကားသစ်တွေ ထုတ်လုပ်ဖန်တီးနေတယ် ဆိုတာပါပဲ။ အဆိုပါ ကားတွေကိုတော့ မနှစ်က နှောင်းပိုင်းလောက်မှာမှ စတင် မိတ်ဆက်ထားခဲ့ဖူးတဲ့ လျှပ်စစ် Sports Car တစ်ချို့နဲ့ ပူးတွဲ ပြင်ဆင်နေနိုင်ပြီး Supra လို ကားမျိုးမှာလည်း Manual Gear ထပ်ထည့်ပေးခြင်းဖြင့် ကားဝါသနာရှင်တွေ ကျေနပ် အောင် လုပ်‌ပေးထားနိုင်တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com