အခုနှစ်ကတော့ ဂျပန် ကားကုမ္ပဏီကြီး Toyota အတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်လာနေပြီး ပထမ ၃ လ ပတ် အတွင်းမှာလည်း ရောင်းအားတွေ စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် GR 86 ၊ GR Supra နဲ့ GR Corolla တို့လိုမျိုး Sports ကားအသစ်တွေကလည်း ကုမ္ပဏီရဲ့ ဈေးကွက်ကို ချဲ့ထွင်ပေးတဲ့နေရာမှာ အထောက်အကူ ဖြစ်နေစေပါတယ်။ အခုဆိုရင်လည်း Toyota GR 86 ဆိုရင် အတော်လေး ကို ရောင်းကောင်းနေပြီးတစ်ချို့ နိုင်ငံတကာ ဈေးကွက်တွေထဲ ရောင်းကုန်သွားတဲ့အထိတောင် ဖြစ်လာနေပါတယ်။ အဆိုပါ Rear-Wheel Drive စနစ်သုံး နာမည် ကျော် Sports ကားက အခု ၂၀၂၂ မှာမှ ပိုကောင်းတဲ့ စွမ်းဆောင်ရည် လုပ်အားနှုန်းတွေနဲ့ ဈေးကွက်ထဲ ပြန်ရောက် လာခဲ့တာဖြစ်ပြီး အခုဆိုရင်တော့နောက်ထပ် Special Edition အထူးထုတ်အသစ်တွေကိုပါ ဆက်‌မြင်ရပါဦးမယ်။ ပြီးခဲ့တဲ့ ဧပြီ လလောက် ကတည်းက Toyota အနေနဲ့ GR 86 ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် ကား တစ်မျိုးကို ၂၀၂၃ ခုနှစ်မှာချပြပေးလာမယ် ဆိုတာကြိုသိထား ခဲ့ရပြီး အခုတော့ အဆိုပါ ကားတင်မဟုတ်ပဲ နောက်ထပ် အထူးထုတ် ကား ၂ မျိုးပါ ပါဝင်လာပါပြီ။ ဒါပေမယ့် ဝမ်းနည်းဖို့ ကောင်းတာတစ်ခု ကတော့ အဆိုပါ ကားတွေက စပိန် နိုင်ငံ ကားဈေးကွက် အတွက်ပဲ သီးသန့်ရနိုင်တာ ဖြစ်နေလို့ပါပဲ။

Photo Credit: CARBUZZ

Toyota GR 86 ကားကိုတော့ စပိန် ဈေးကွက်ထဲမှာ ဆိုရင် Toyota GR 86 RZ အနေနဲ့ ရောင်းချနေတာ ဖြစ်ပြီး Manual ဂီယာ ပါဝင် တာလည်း ဖြစ်ပါတယ်။ ၁၇ လက်မ အရွယ် Michelin Primacy တာယာတွေ အပြင် ပိတ်စအသားနဲ့ ထူးထူးခြားခြား အတွင်းခန်းတို့ ပါဝင် ထားတဲ့ တစ်မျိုးတည်းသော ကားလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် စပိန် ဈေးကွက်ထဲက အားပေးချင်သူတွေ အဖို့ ကံမကောင်းတာက တော့ GR86 ကိုမှ Alcantara လို အတွင်းခန်းမျိုးနဲ့ မရနိုင်တာဖြစ်ပြီး Heated စနစ်ပါတဲ့ ထိုင်ခုံတွေ ၊ အလွိုင်းခြေနင်းတွေ ပါတဲ့ ကား‌ကိုပါ မရနိုင်တာပါ။ အဲ့ဒီအစား အခု ဆိုရင်တော့ သူတို့ ဈေးကွက်အတွက် သီးသန့်ဖြစ်လာမယ့် Special Edition ၂ ခုကို ချပြလိုက်ပြီး Touring Pack နဲ့ Circuit Pack ဆိုတဲ့ ကားတွေပဲ ဖြစ်ကြပါတယ်။ Touring Pack ကားကတော့ $ 37,500 ဝန်းကျင်လောက် ကျသင့် နိုင်ပြီး Gazoo Racing High Friction ဘရိတ်စနစ်တောင် ပါဝင်လာမှာ ဖြစ်ကာ Michelin Pilot Sport တာယာတွေ နဲ့ ၁၈ လက်မ အရွယ် အလွိုင်းဘီးတွေပါ ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။ သူ့ထက် ပိုကြမ်းတာ ကတော့ Circuit Pack ပဲဖြစ်ကာ $ 40,600 ဝန်းကျင်လောက် ကျသင့်နိုင်ပြီး Racing ဘရိတ် အမျိုးအစားတွေကိုမှ ပိုကြီးတဲ့ Calipers တွေနဲ့ Discs တွေ ထည့်ပေးထားမှာပါ။ ဒါ့အပြင် Pilot Sport Cup 2 တာယာ‌တွေနဲ့ ၁၈ လက်မ အရွယ် Forged ဘီးတွေကို တပ်ဆင် ပေးထားဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ အထူးထုတ် ကား ၂ မျိုးလုံး ကိုတော့ Crystal White Pearl အဖြူရောင် ၊ Ignition Red အနီ နဲ့ Crystal Black Silica အနက် ရောင်တွေကို အတူတူ ရရှိရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။  အခုဆိုရင်ပဲ အဆိုပါ အထူးထုတ် ကားတွေ အတွက် ကြိုတင် အမှာစာပေါင်း ၁၀၀ လောက်ကို Toyota Spain တို့ လက်ခံရရှိထားပြီ ဖြစ်ပြီး လာမယ့် ၂၀၂၄ ကား ဈေးကွက်ထဲ ဝင်လာတဲ့ အခါမှာတော့ နောက်ထပ် အစီးရေ ၅၀၀ လောက် ထပ်မံရောင်းချ ရနိုင်သေးတယ် ဆိုပြီး ခန့်မှန်းထား ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ အချိန်ရောက်ရင်တော့ နောက်ပိုင်းမှာ GR 86 ကို စပိန် ကား ဈေးကွက် ထဲ ဆက်လက်မြင်တွေ့ရဖို့ မရှိတော့ပဲ ဥရောပရဲ့ တင်းကြပ်တဲ့ ကာဗွန် ထုတ်လုပ်မှု စည်း မျဉ်းသစ်တွေကြောင့် စွန့်ခွာ ရတော့မှာပဲ ဖြစ်ပါတယ်။ အခု သိလိုက်ရတဲ့ Touring နဲ့ Circuit Pack အသစ် တွေကိုတော့ စပိန်ဈေးကွက် ပြင်ပ အမေရိကန် အပါအဝင် အခြားသော ဈေးကွက်တွေမှာ ရနိုင်ဖို့ မမြင်သေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အခြား ဈေးကွက်တွေထဲမှာလည်း အခု အထူးထုတ် ၂ စီးထက် ပိုကောင်းအောင် Tuning ပြုလုပ်ကာ ပြင်ဆင် ထားနိုင်တဲ့ GR ကားတွေ ရှိနေတာ ကြောင့် အဆင်ပြေတယ်လို့ပဲ ဆိုရမှာပါ။

Ref: carbuzz.com