Toyota ရဲ့ နာမည်ရ ကားအလှလေး GR Supra ကတော့ အခုဆိုရင် ဘီးအသစ်တွေ ၊ သိသိသာသာကို ထင်ရှားနေတဲ့ Body Kit အသစ်တွေနဲ့ ပိုပိုပြီး ကွဲထွက်လို့လာနေပါပြီ။ အခု Body Kit အသစ်ကတော့ Street Hunter Design Package လို့ အမည်ပေးထားတာဖြစ်ပြီး အတော်လေး လှပသပ်ရပ်တဲ့အပြင်အဆင် တစ်ရပ် ဖြစ်ပါတယ်။ ဥပမာပြရမယ် ဆိုရင်တော့ ကားရဲ့အရှေ့နဲ့ အနောက်ဘက် ဘီးဖုံး‌နေရာတွေ ဆိုရင် အခု Kit အသစ်ကြောင့် ယခင်ထက်သိသိသာသာ ပိုကျယ်သွားတဲ့ ပုံစံမျိုးဖြစ်လာခဲ့ပြီး ပိုပြီးလည်း Sport ဆန်လာတာ သိသာပါတယ်။ လမ်းပေါ်မှာလည်း ပုံမှန်ကားတွေ ထက်ကို သိသိသာသာ ကွဲထွက်ပြီး ထင်ထင်ရှားရှားတော့ ရှိနေပြန်ဦးမှာပါ။

Photo Credit: AllAutoExperts

အခု ဘီးဖုံး ဒီဇိုင်းအသစ်တွေနဲ့ ပိုပိုပြီး လိုက်ဖက်စေမယ့် အပြင်အဆင် ‌အသစ်တစ်ရပ်ကတော့ ကားရဲ့ အရှေ့ဖက် Splitter ပါပဲ။ ပိုပြီး Aggressive ဖြစ်ဖြစ် ခပ်ကြမ်းကြမ်း အသွင်ကို သုံးထားတဲ့ အဆိုပါ Splitter အသစ်ကတော့ ကားကို ပိုပြီးသစ်လွင် သွားစေတာ သေချာပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာလည်း အတော်လေး ကြီးတဲ့ အတောင်ပံ တစ်ခုကို သိသိသာသာ ထည့်ပေးထားလိုက်ပြီးကားရဲ့ Decklid Spoiler ကနေ ထင်ထင်ရှားရှားကြီးကို ဆန့်ထွက်နေမှာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခုကားအတွက် Brand-New Diffuser အသစ်ကိုလည်း အခု Package မှာ ထပ်ထည့်ပေးထားပါသေးတယ်။ အခုလို Diffuser အသစ် ၊ အခြားသော ပစ္စည်းအသစ်တွေလိုပဲ Toyo R888R တာယာတွေနဲ့အတူ Anrky ဘီးအသစ်တွေ ကလည်း တကယ်ကို ပြောင်ပြောင်လက်လက်နဲ့လှပလို့ နေပြန်တာကြောင့် Upgrade လုပ်ရတာတန်တဲ့ Package တစ်ခု ဖြစ်လာလိမ့်မယ် ဆိုတာတော့ သေချာနေပါတယ်။

Ref: AllAutoExperts