ဒီနေ့မှာပဲ Toyota ကနေ သူတို့ရဲ့ 2023 Supra ကားသစ်ကို Manual Gearbox နဲ့ ထုတ်ပေးခဲ့ အပြီးမှာ A 91-MT Edition အကြောင်းကိုလည်း လူတွေစိတ်ဝင်စားလာ ကြပါသေးတယ်။ Matte White အဖြူရောင်၊ CU Later Gray မီးခိုးရောင် တို့နဲ့ အစီးရေ ၅၀၀ ပဲ သီးသန့် ထုတ်လုပ်မယ့် အဆိုပါ ကားသစ်ကိုတော့ 3.0 Liter Premium Trim Engine အဖြစ် 6 MT ‌အနေနဲ့ ပွဲထုတ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ကား အတွက် လည်း Cognac လယ်သာသား ၊ အနီရောင် အစင်းလေးတွေနဲ့ Tower Brace တို့အပြင် Supra တံဆိပ်တို့ကို လည်း အနီရောင်လေးနဲ့ လှလှပပထည့်သွင်း ပေးထားတာတွေ တွေ့ရမှာပါ။ ဒါပေမယ့်အခု ဥရောပအတွက် ထထွက်လာတဲ့ အပေါ့စား Lightweight Version အသစ်ကတော့ ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေ ပါသေးတယ်။ အဆိုပါ ကားမှာလည်း Six-Speed Manual Transmission ဂီယာကို သုံးထားပေမယ့် ၁၉ လက်မ အလွိုင်းဘီးတွေ အဖြစ် ပြောင်းလဲလာကာ 6 MT အင်ဂျင် ကြောင့်လည်း ၄၈ ပေါင် လောက် အထိ ကို ကားက ပိုပေါ့ပါးသွားပါသေးတယ်။ ကားရဲ့ ထောင့်ချိုးတွေ နေရာက Shoes အသစ်တွေကြောင့်လည်း ၂.၆ ပေါင် လောက် ပိုလျော့သွား ပြန်သလို စတီယာတိုင်နဲ့ ကားမောင်းနှင်ရတာ ပိုကောင်း စေဖို့အတွက် အလေးချိန်ကို ပိုလျှော့ ပေးထားတာ ဖြစ်ပါတယ်။ ပုံတွေထဲမှာ မမြင်ထား ရသေးပေမယ့်လည်း Forged Multi-Spoke ဘီးတွေက GR Yaris နဲ့ GR Corolla တို့မှာလိုမျိုးသုံး ပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

အခု Lightweight Version အသစ်ကိုတော့ ပိုကောင်းတဲ့ လယ်သာ Upholstery တွေ ထပ်ထည့် ပေးထား ပြီး အသံ စနစ်လည်း မတူတာ သုံးပေးထားပါတယ်။ ဒါ့အပြင် ကားရဲ့ Power Adjustment လုပ်ဖို့တွေနဲ့ Lumbar ပိုင်းတွေ ကိုလည်း အထောက်အကူ ဖြစ်အောင် စီစဉ်ပေးထား ပြီး သာမန် Automatic Gear သုံး ၊ Six-Cylinder Engine ကားနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ၈၄.၄ ပေါင် လောက် အထိကို လျော့ကျသွားတာ ပဲ ဖြစ်ပါတယ်။ အခု ဥရောပ Version အနေနဲ့ ထွက်လာတဲ့ အပေါ့စား ကားသစ်ကတော့ Supra တွေထဲ ဆွဲဆောင်မှု အရှိဆုံး ကားလိုတောင် ဖြစ်လာပါပြီ။ A 91-MT Edition ကိုတော့ အမေရိက ကားဈေးကွက် ထဲကို ၂၀၂၃ နှစ်လယ် လောက်မှသာ စတင် ဝင်ရောက်လာမှာ ဖြစ်ပြီး ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အဆိုပါ Sports Car အသစ်ကတော့ ဥရောပဈေးကွက်အတွက် ရေရှည် ရည်ရွယ် ထားပုံရပါတယ်။

Photo Credit: motor 1.com

Toyota ဘက်ကတော့ အဆိုပါ 6MT Engine နဲ့ ပတ်သက်လို့ Customers တွေရဲ့ လိုလားချက်တွေနဲ့ တောင်းဆိုချက် တွေကို အဓိကထည့်ပြီး ဖန်တီး ပေးထားတာဖြစ်တယ်လို့ ဆိုထား ပါတယ်။ ဒါပေမယ့်လည်း Manual ဂီယာတွေ လုံးဝ ပျောက်ပျက် မသွားစေဖို့ အတွက် ရည်ရွယ်ပြီး GR Yaris ၊ GR Corolla နဲ့ GR 86 တွေမှာ အဓိက ထည့်သွင်းပေးနေတာ ပဲ ဖြစ်ပါတယ်။ အခုမြင်ရတဲ့ Supra Lightweight မော်ဒယ် အသစ်ကတော့ ယခင်ကတည်းက အချိန်အကြာကြီး သတင်းတွေ ထွက်နေခဲ့တဲ့ GRMN ကားသစ်အတွက် ပထမဆုံး ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ Six-Speed ကားတွေကိုပါ အခုနှစ် နှောင်း ပိုင်း လောက်မှာပဲ စတင် ရောင်းချလာနိုင်ပြီး ဂျပန် ဈေးကွက်ကတော့ ပထမဆုံး စရလာနိုင်ဖို့ ရှိနေကာ နောက်ပိုင်း ဆောင်းတွင်းလောက်မှာတော့ တစ်ခြား ဈေးကွက်တွေထဲ ဆက်ရောက် လာဖို့ ရှိနေပါတယ်။

Ref: motor 1.com