Teaser ပုံရိပ်တွေ အများအပြားကို Toyota တို့ချပြခဲ့ပြီးတဲ့ နောက်မှာတော့ 2023 GR Corolla ကို တရား ဝင် မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ Hot Hatch ကားသစ်ကတော့ ယခင် GR Yaris ကားသေးလို မဟုတ်ပဲ အမေရိက ဈေးကွက် အထိ ရောက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အဆိုပါ ကားသစ်ကိုပဲ ပိုကြမ်းတဲ့ Edition တစ်မျိုးဖြစ်တဲ့ Morizo Edition အသစ်ကိုလည်း ချပြပေးသွားမယ်လို့ Toyota က မကြာသေးမီ ကမှ ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုလို စွမ်းဆောင်ရည် မြင့် ကားတွေနဲ့ ပတ်သက်လို့ ဒီထက်ပိုလို ချင်သေးမယ့် သူတွေ အနေနဲ့ကတော့ အခု ဂျပန်ဘက်က လာတဲ့ သတင်း တစ်ပုဒ်အရ ဆိုရင် ပိုပြီး ဝမ်းသာ စရာ ကောင်းမှာ သေချာပါတယ်။ အဆိုပါ သတင်းကတော့ Toyota အနေနဲ့ Corolla GR ကားသစ်ကိုပဲ Sedan အမျိုးအစား အနေနဲ့ ထုတ်လုပ်ပေးလာနိုင်တယ်ဆိုတဲ့ သတင်းပါပဲ။ Toyota ဘက်က အတည်ပြု ပေးဖို့ လိုသေးတယ် ဆိုပေမယ့်လည်း တကယ်သာ ထွက်လာဖြစ်မယ် ဆိုရင်တော့ တံခါး လေးပေါက်ပါ GR ကား တစ်စီးအနေနဲ့ အတော်လေး ပျော်စရာ ကောင်းနေတော့မှာပါ။

Photo Credit: CARBUZZ

သတင်းတွေ အရတော့ ကားရဲ့ကိုယ်ထည်က Toyota ရဲ့ အခု နောက်ပိုင်း အမှတ်သညာ ပုံစံ အတိုင်း ရှိနိုင် ပြီး အမေရိက ဈေးကွက် အထိလည်း ရည်ရွယ်ပုံ ရပါတယ်။ ဒါပေမယ့်လည်း Corolla Sedan အမျိုးအစား ထုတ်လုပ် ရတာ ကတော့ ထင်သလောက် မရိုးရှင်း နေနိုင်ပဲ အင်ဂျင်နီယာတွေ အဖို့ စိန်ခေါ်မှုတွေ ရှိလို့ နေနိုင်ပါတယ်။ ဂျပန် ရဲ့ Corolla Sedan ကားတွေ ဆိုတာကတော့ ဂျပန် ဈေးကွက်အတွက် သီးသန့်ပဲ ရနိုင်တာ ဖြစ်ပြီး JDM ကား အနေနဲ့ ကတော့ ယခင် GR Yaris နဲ့ Platform အတူတူပဲ ဖန်တီးထားတာပါ။ အခြားသော ဈေးကွက် တွေထဲက Corolla ကားတွေကတော့ ၂.၃၆ လက်မ လောက် ပိုရှည်တာတွေ့ရပြီး Hot Hatch ထက် လည်း နည်းနည်း ပိုကျဉ်း သေးတာပဲ ဖြစ်ပါတယ်။ အခု ဂျပန် သတင်း ရင်းမြစ်အရတော့ အခု ထွက်လာနိုင်တယ်ဆိုတဲ့ Sedan ကားအသစ်ရဲ့ ကိုယ်ထည် ကလည်း မြောက် အမေရိက ဈေးကွက်ထဲ က Model လိုမျိုး ခပ်ကြီးကြီး ဖြစ်လာ နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: CARBUZZ

Toyota ဘက်က‌ အတည်ပြုထားတာမျိုး မရှိသေးဘူးဆိုပေမယ့်လည်း လာမယ့် ၂၀၂၃ အစောပိုင်း လောက် မှာ အခု ကား ထွက်လာနိုင်တယ်လို့ကို ခန့်မှန်း နေကြပြီး ဖြစ်ပါတယ်။ တကယ်လို့ ဒီ သတင်းသာ မှန်ခဲ့မယ် ဆိုရင်တော့ WRX STI ကား မရှိတော့တဲ့ နေရာကို အစားထိုးနိုင်မယ့် ကားကောင်းတစ်စီး ဖြစ်လာနိုင်ပါ တယ်။ Subaru ရဲ့ WRX STI ကား ကတော့ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေတွေကို အမှီလိုက်နိုင်ဖို့ရာ အဆင်မပြေတဲ့ အနေအထားကြောင့် ကားစိတ်ဝင်စား သူတွေအဖို့ အခက်ကြုံစေခဲ့ ရတာပါ။ လက်ရှိ Corolla ကားတွေထဲ အကောင်းဆုံးကတော့ Turbocharged 1.6 Liter Three-Cylinder အင်ဂျင် နဲ့ ဖန်တီးထားတဲ့ 300 hp ရှိ ကားပါပဲ။ တကယ်လို့မှ အဆိုပါ စွမ်းဆောင်ရည်က နည်းသေးတယ်လို့ ယူဆရင် လည်း Six-Speed Manual Gearbox နဲ့ အတူ Four-Wheel Drive တို့ ထပ်‌ ရွေးချယ်ပြီး အဆင့်မြှင့်တင် လို့ ရအောင် လုပ်ပေးထားပါတယ်။ တစ်ခြား ဈေးကွက်တွေထဲမှာ ဆိုရင်တော့ Corolla ကို ပိုမိုခန့်ညားတဲ့ Wagon ကားတစ်စီး အနေနဲ့လည်း မြင်ထားရပါတယ်။ ဒါကြောင့် အမိုး ခပ်ရှည်ရှည်နဲ့မှ ကြိုက်ကြတဲ့ သူတွေအတွက် ဆိုရင်လည်း အခု Render ဒီဇိုင်းပုံကြမ်းထဲကလိုမျိုး Wagon ကိုပါ အရေအတွက် အကန့် အသတ်နဲ့ ရနိုင်သေးတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com