၂၀၂၀ အစောပိုင်း လောက်ကတည်းက Hot Hatch  ကား တစ်မျိုး ကို အမေရိက ဈေးကွက် အထိ ပို့ဆောင် ပေးမယ် လို့ ဆိုထားတဲ့ Toyota တို့ ကတော့ နောက်ပိုင်းမှာ အသေးစိတ် အချက်အလက်တွေ ထပ်မချပြလာ ခဲ့ပဲ ရှိနေတာပါ။ ပုံမှန် အားဖြင့်တော့ ကုမ္ပဏီက ပြောထားတဲ့ အမေရိကဈေးကွက် ထဲမှာဆိုရင် Hot Hatch အနေနဲ့ Subcompact Yaris ရှိ နေသေးတာကြောင့် ထပ်လာမယ်ဆိုတဲ့ ကားကတော့ GR Yaris Version ပဲ ဖြစ်လိမ့်မယ်လို့ အတော်များများ ကလည်း ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့် Compact Corolla Hatchback အပေါ် အခြေခံထားတဲ့ Hot Hatch ကား ဖြစ်လာနိုင်ပြီး အခုဆိုရင်တော့ အများမျှော်လင့်ထား တဲ့ အဆိုပါ GR 86 ကားကို Teaser Video လေးတစ်ခု ကုမ္ပဏီ ဘက်က ချပြလာခဲ့ပါပြီ။

 

Video ရဲ့ ၃ မိနစ် ၃၀ စက္ကန့် နားလောက်မှာတော့ GR Corolla လို့ ယူဆရမယ့် ကားတစ်စီးကို တွေ့လိုက်ရ ပြီး ၃:၅၅ မိနစ် နေရာမှာလည်း ထပ်တွေ့ လိုက်ရပါတယ်။ Toyota ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ လ လောက် ကတည်းက အဆိုပါ ကား ကို Camouflage အပြည့်နဲ့ ပြသနေခဲ့တာဖြစ်ပြီး အပြည့်အဝတရားဝင် မိတ်ဆက် ပွဲကိုတော့ အခုနှစ်ကုန် ပိုင်း လောက်မှာ မျှော်လင့်လာနိုင်ဖို့ ရှိပါတယ်။ အခုကား အတွက် ဖြစ်နိုင်ချေအရှိဆုံး အင်ဂျင်ကတော့ 2.0 Liter Inline-4 အင်ဂျင် ဖြစ်ပြီး 164 hp အထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်က GR Corolla ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုကို ပိုင်ဆိုင်လာနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ GR Yaris မှာ သုံးထားတဲ့ 268 hp စွမ်းဆောင်ရည်ရှိ 1.6 Liter Turbocharged Inline-3 Engine ဖြစ်ပါတယ်။ GR Yaris မှာ တုန်း ကတော့ All-Wheel Drive စနစ် ၊ 6-Speed Manual Transmission စနစ်‌တို့ ပါဝင် ထားတာကြောင့် ကံကောင်းမယ် ဆိုရင်တော့ အဆိုပါ စနစ်တွေကိုလည်း GR Corolla ကားတွေထဲမှာ ပါဝင်လာနိုင်ပါတယ်။

Photo Credit: MotorAuthority

စိတ်ဝင်စားစရာ တစ်ခုကောင်းတာကတော့ Toyota ရဲ့ အင်ဂျင်နီယာဖြစ်သူ Naohiko Saito ဆီက ခန့်မှန်း အတည်ပြုချက် တစ်ရပ် ဖြစ်ပါတယ်။ သူ့အနေနဲ့ ကတော့ GR Yaris ရဲ့ All-Wheel Drive ကိုလည်း အခု ကားမှာ ထည့်သွင်းလာနိုင်တယ် ဖြစ်တယ်လို့ Carsguide နဲ့ ၂၀၂၀ တုန်းက အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ ဖူးတာပါ။ သူတို့ အနေနဲ့ Four-Wheel Drive စနစ်နဲ့ အတူ 1.6 Liter Engine ကိုပဲ အခု ကား သစ် အတွက် ပြန်သုံးနေမယ်ဆိုရင် အချိန်ကုန်ရုံပဲရှိမှာ ဖြစ်ပြီး အခု အင်ဂျင်အတွဲအစပ် ကိုတော့ အခြား သော GR Models တွေမှာ သုံးတာ ပိုကောင်းတယ် ဆိုပြီး အမြင်ကို ချပြထားခဲ့ပါတယ်။ ဒါကြောင့် အသစ် ထွက်လာမယ့် GR Corolla မှာကတော့ စွမ်းဆောင်ရည် အကောင်းဆုံး ဆိုတာတွေကိုချည်း စုဆောင်းပေး လာဖို့ ရှိလာနေခဲ့ပါပြီ။

Ref:MotorAuthority