Toyota ကတော့ မကြာသေးမီ ကပဲ Brand New Rally ကားတစ်စီး ဖြစ်တဲ့ GR Corolla Hatchback ကို ချပြခဲ့ပြီး အမေရိက ဈေးကွက်အတွက် သီးသန့်လည်း ဖြစ်ပါတယ်။ အဆိုပါ Hatchback ကားအသစ် က တော့ အခြားသော ဈေးကွက်တွေထဲမှာ ရရှိနိုင်ခဲ့တဲ့ ယခင် GR Yaris ရဲ့ အစိတ်အပိုင်း အတော်များများကို ပြန်ယူသုံးထားပါတယ်။ အင်ဂျင် ပိုင်းမှာလည်း GR Yaris နဲ့ အတူတူပဲ ဖြစ်လာနိုင်တယ် ဆိုပေမယ့်လည်း Yaris ရဲ့ တံခါး ၃ ပေါက်ပါ Sport Layout တစ်မျိုးကိုတော့ သတိရမိကြတာ အမှန်ပဲ ဖြစ်ပါတယ်။ တကယ် လို့ အခုထွက်လာတဲ့ ကားကို တံခါး ၃ ပေါက်နဲ့ မြင်ချင်လှပါပြီ ဆိုတဲ့ ပရိသတ်တွေ အဖို့ကတော့ လောလော ဆယ်မှာ X-Tomi Design က ဖန်တီးထားတဲ့ ဒီဂျစ်တယ် ပုံရိပ်ကြမ်းကိုပဲပြသရတော့မှာပါ။ အခု နောက်ဆုံး အမေရိက ဈေးကွက်ထဲကို ဝင်လာတဲ့ ကားကတော့ Toyota ရဲ့ GR Performance Division ကနေ ထွက် ပေါ်လာတာ ဖြစ်ပြီး အခု GR Corolla မတိုင်ခင် လူကြိုက်များထား ပြီးသား GR Yaris ကလည်း နေရာ တစ်နေရာတော့ အပိုင်ရထားပြီးသား ဖြစ်နေပါတယ်။

 

အဆိုပါ GR Corolla နဲ့ GR Yaris တို့ အကြား အဓိက ကွာခြားချက်ကတော့ အရွယ်အစားတင်မကပဲ တံခါး ပေါက် အရေအတွက်ပါ မတူညီတာပါ။ ပိုသေးတဲ့ GR Yaris ကတော့ တံခါး ၃ ပေါက်ပဲ ပါဝင်တာ ဖြစ်ပြီး GR Corolla ကတော့ တံခါး ၅ ပေါက် အထိ ပါဝင်တဲ့ ကားဖြစ်ပါတယ်။ လက်တွေ့မှာ တံခါး ၅ ပေါက် ကား က ပိုပြီး အသုံးတည့်တယ် ဆိုတာ ငြင်းမရ ပေမယ့်လည်း တံခါး ၃ ပေါက် ရဲ့ ဒီဇိုင်း ပိုင်း လှပတာကလည်း မျက်ကွယ်ပြုလို့ မရပြန်ပါဘူး။ အခု အမေရိက ကိုအသစ်ဝင် လာတဲ့ GR Corolla ကားမှာတော့ Turbocharged 1.6 Liter Inline-3 Engine ကြောင့် 300 hp အထိ စွမ်းဆောင် ထားနိုင်တာတွေ့ရပြီး 6-Speed Manual Transmission ဂီယာလည်း ပါဝင်လာပါသေးတယ်။ အခုလို စွမ်းဆောင်ရည် ကောင်း နေရတာကတော့ ပိုကောင်းတဲ့ G16E-GTS Engine နည်းပညာအသစ်ကြောင့် ဖြစ်ပြီး Cylinder တစ်ခုကို 100 hp အထိ စွမ်းဆောင်နိုင်တာ ဖြစ်ကာ Oil Cooling Jet နည်းပညာ ၊ ပိုကြီးလာတဲ့ အိတ်ဇောပိုက်တွေနဲ့ Machined Cylinder တို့ကြောင့်လည်း ပိုပြီး သိသာလာစေခဲ့တာပါ။ ဒါ့အပြင် Toyota ရဲ့ GR Four Performance All-Wheel Drive စနစ် ကလည်း အမျိုးမျိုးသော ယာဉ်မောင်းနှင်မှု ပုံစံတွေအပေါ် အခြေခံ ပြီး ဖန်တီးပေးနေတာကြောင့် မောင်းနှင်ရတဲ့ အရသာကတော့ တကယ့် ထိပ်တန်း ပါပဲ။

Photo Credit: motor 1.com

GR Corolla ကတော့ Trim Level ၂ မျိုး နဲ့ ဈေးကွက်ထဲ ဝင်ရောက်လာခဲ့ပြီး Standard Model Dubbed Core ဒါမှ မဟုတ် စွမ်းဆောင်ရည် အသားပေး Circuit Trim တို့ ဆိုပြီး ရနိုင်မှာပါ။ အဆိုပါ Circuit Trim မှာကတော့ အမိုးက အစ ကာဗွန်ဖိုက်ဘာ ဖြစ်ပြီး ၊ အရှေ့ဘက် နဲ့ အနောက်ဘက်တို့မှာလည်း Torsion Limited-Slip Differential စနစ် တွေနဲ့ ပိုပြီး Aggressive ဖြစ်တဲ့ အရှေ့ဘက် စက်ဖုံးဒီဇိုင်းတို့လည်း ပါဝင်လာခဲ့ပါတယ်။ သေချာတာကတော့ ဘယ်လို GR Corolla ကားကိုပဲ ဝယ်ဝယ် လမ်းပေါ်မှာ မောင်းလို့ အ‌ကောင်းဆုံးသော Hatchback ကားတွေထဲက တစ်စီး ဖြစ်နေမှာကတော့ အသေအချာပါပဲ။ တံခါးက လည်း ၃ ပေါက်ပဲ ဖြစ်ဖြစ် ၅ပေါက်ပဲ ဖြစ်ဖြစ် Toyota က ဖန်တီး ပေးထားတဲ့ Hot Hatchback ကားတိုင်း ကတော့ ကောင်းပြီးသားဆိုတာ တကယ်ကို အသေအချာပါပဲ။

Ref: motor 1.com