နာမည်ကြီး Toyota တို့ ကတော့ လာမယ့် ဆယ်စုနှစ်တစ်ခု အတွက် လျှပ်စစ်ကား ခြေလှမ်းတွေကို ခပ် သွက်သွက် လှမ်း နေပြီဖြစ်ပြီး Toyota နဲ့ Lexus Brand တွေ ကအောက်ကနေ နောက်ထပ် လျှပ်စစ် ကား ပေါင်း ၁၅ မျိုး လောက် အထိ ထုတ်လုပ်ဖို့ လျာထား ပါတယ်။ အခုဆိုရင်ပဲ bZ4X နဲ့ စတင်ကာ ခြေလှမ်းခဲ့ ပြီး ပိုထူးခြားတာကတော့ သာမန် အင်ဂျင်သုံး crossover ကားတွေမှာလိုပဲ ပိုကောင်းတဲ့ GR Performance မျိုးကွဲကိုပါ အနာဂါတ်မှာ ထုတ်ပေး လာနိုင်တယ်လို့ သိရပါတယ်။ Autocar သတင်းရဲ့ အခွဲ တစ်ခုဖြစ်တဲ့ Move Electric သတင်းကို BZ4X ရဲ့ အဓိက အင်ဂျင်နီယာဖြစ်သူ Daisuke က ပြောကြားရာ မှာတော့ GR version ကို ထပ်ထုတ်ဖြစ်ဖို့ စဉ်းစားနေတယ်လို့ အတည်ပြုထားပါတယ်။ ဒါပေမယ့် ဘယ်လို ပဲ ဖြစ်ဖြစ် ဖြစ်နိုင်ချေတွေကို စဉ်းစားနေတယ် ဆိုတာကတော့ သိပ်ပြီး သေချာတဲ့ အဆင့်တော့ မဟုတ်သေး ပြန်ပါဘူး။ အစောပိုင်းကာလပဲ ရှိသေးတာကြောင့် အချိန်ယူပြီး စောင့်ဆိုင်း ရနိုင်တဲ့ ကားမော်ဒယ် တစ်မျိုး လည်း ဖြစ်ကောင်း ဖြစ်လာ နိုင်ပါတယ်။

Photo Credit: motor 1.com

အဓိက အခုလိုမျိုး လျှပ်စစ်ကားကို GR Version အဖြစ် ထုတ်လုပ်မယ်ဆိုရင် အဓိက ကြုံရမယ့် စိန်ခေါ်မှု ကတော့ GR ရဲ့ Handling ပိုင်း ပိုကောင်းမှုနဲ့ စွမ်းဆောင်ရည်မြင့် စံနှုန်းတွေပါပဲ။ GR ဆိုတာကတော့ Crossover ကားဆီကို စွမ်းဆောင်ရည် ကောင်းတွေထပ်ပြီး ယူဆောင်ပေးလာနိုင်တာပဲ ဖြစ်ပြီး တကယ်သာ ထုတ်ဖြစ်မယ် ဆိုရင်တော့ လျှပ်စစ် ကားပဲ ဖြစ်ပေမယ့် အတော်လေးကို သိသာတဲ့ စွမ်းဆောင်ရည် မြှင့်တင် ပေးရမှာပါ။ bZ4X မှာ ဆိုရင်တော့ လျှပ်စစ် မော်တာ တစ်လုံးတပ်ထားတဲ့ Front-Wheel Drive ကားမှာ ဆိုရင် 201 hp အထိ စွမ်းဆောင်နိုင်ပြီး လျှပ်စစ် မော်တာ ၂ လုံး တပ်ဆိုရင် တော့ ‌‌All-Wheel Drive နဲ့ ရနိုင်ကာ 215 hp အထိ စွမ်းဆောင် နိုင်ပါတယ်။ တကယ် တော့ အခုလိုမျိုး စွမ်းဆောင်ရည် အသားပေး GR သာဆိုရင် 402  hp လောက် အထိ ဖြစ်မှ အဆင်ပြေနိုင်ပြီး လက်ရှိကားမှာ ကိုကလည်း Ford Mustang Mach-E နဲ့ Kia EV 6 GT တို့နဲ့ အရွယ်တူပဲ ဖြစ်နေတာပါ။ အဆိုပါ ကားတွေကတော့ 459 hp နဲ့ 576 hp အထိကို စွမ်းဆောင် ထားနိုင်တာကြောင့် အခု ကားကို စွမ်းဆောင်ရည် အဆိုပါ ပမာဏတွေ အထိ မြှင့် လိုက်မယ် ဆိုရင်လည်း Toyota အတွက် ပိုကောင်းသွားစေတာပဲ ရှိနိုင်ပါတယ်။

Photo Credit: motor 1.com

GR bZ4X ဖြစ်လာနိုင်မလား မသိရသေးပေမယ့် bZ4X GR Sport ကားသစ်ကိုတော့ တိုကျို ကားပြပွဲကြီး မှာ မိတ်ဆက် ပေးခဲ့ပြီး ပိုကြီးတဲ့ ဘီးတွေ ၊ အနက်ရောင် Trim တွေ နဲ့ အတူ Sports ဆန်တဲ့ အပြင်အဆင် တွေကို မြင်ထား ရပါတယ်။ စက်ပိုင်း ဆိုင်ရာတွေကိုတော့ Toyota က ထုတ်မပြောထားသေးပဲ GT bZ4X အတွက် အကြို ပြင်ဆင်မှုလို့တော့ တပ်အပ်ပြောလို့ မရနိုင် သေးပါဘူး။ 2023 Toyota bZ4X ကားကတော့ $ 43,215 က နေစတင် ကျသင့်တာ ဖြစ်ပြီး ဒါတောင်မှ Entry Level XLE ကို Front Wheel Drive နဲ့ ဈေးဖြစ်ပါတယ်။ အမြင့်ဆုံး Limited Trim ကို All Wheel Drive နဲ့ ဆိုရင် တော့ $ 49,995 အထိကို ကျသင့်တာဖြစ်ပြီး တကယ်သာ GR version ထပ်ထွက်လာရင်တော့ ဒီထက် အတော်လေး ဈေးပိုများ နိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အိပ်မက်ဆန်မလား လက်တွေ့ဆန်မလား ဆိုတာ မသေချာ သေးပေ မယ့်လည်း အနာဂါတ် ကားသစ်တစ်စီး အနေနဲ့တော့ bZ4X GR Version အသစ်ကို မြင်ကောင်း မြင်လာ ရနိုင်ပါသေးတယ်။

Ref: motor 1.com