Concept ကား အဆင့်တွေအတွက် 2022 ကားဒီဇိုင်းဆုကိုတော့ နာမည်ကြီး Toyota ကရယူသွားနိုင်ခဲ့ပြီး တကယ် လည်း ထိုက်တန်တယ်လို့ ဆိုရမှာပါ။ အခု ဆိုရင်လည်း Toyota FJ Cruiser EV Concept ရဲ့ ပုံရိပ်အသစ်တွေကို မြင်တွေ့လာရပြီး Compact EV ကားအသစ်ရဲ့ ပုံရိပ်တွေကတော့ တကယ့်ကို အံ့မခန်း လှပနေတော့တာပါပဲ။ အခု Concept က မြင်ရသလောက် ဆိုရင်တော့ FJ ကားတွေရဲ့ အချိုးအစားအတိုင်း ရှိနေတယ်ဆိုပေမယ့်လည်း ပိုပြီး ခေတ်ဆန်တဲ့ ကားကိုယ်ထည် ပုံတော့ ဖြစ်လာပါတယ်။ အခု ကားကတော့ Concept  အဆင့် ဆိုပေမယ့်လည်း တကယ့် တာယာတွေပေါ်မှာ အခြေခံ ဖန်တီးထားတာဖြစ်ပြီး ပြင်သစ် အခြေစိုက် Toyota Europe Design Development Center က ထုတ်လုပ်ပေးထားတာပါ။ သေချာတာ ကတော့ မနှစ်တုန်းက FJ Cruiser ကားသစ် ဒီဇိုင်းကို ယူထားတာဖြစ်ပြီး ပုံစံကတော့ ပိုဆန်းသစ် ပေးထား တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခု ကားကတော့ ယခင် FJ Cruiser အပြင် ဟိုးတုန်းက FJ Cruiser ကားတွေရဲ့ အသွင်အပြင်တွေကိုပါ ဖန်တီး ပေးထားတာကြောင့် ခေတ်သစ် ခေတ်ဟောင်း ပေါင်းစပ်ထားတဲ့ Retro-Futuristic အသွင်ကို မြင်ရ တာပဲ ဖြစ်ပါတယ်။ ပိုသိသာ တာကတော့ Grille အပိုင်းမှာဖြစ်ပြီး ခေတ်ဟောင်းဒီဇိုင်း Toyota အရသာကို ခံစားရစေကာ Fascia ကိုလည်း ခေတ်‌ဟောင်း ဒီဇိုင်းထည့်ပေးထား ပါတယ်။ ဒါပေမယ့် ကားရဲ့  Skidplate အသစ်ကတော့ ခေတ်သစ် ဒီဇိုင်းအသွင်ကို ပေးထားနိုင်ပြီး ဘီးတွေ ကလည်းပိုကြီး ပိုခေတ်ဆန်လာပါတယ်။ ဘီးတွေကတော့ အနက်ရောင်ကိုမှ စိန်ပုံစံ ဘီးဒီဇိုင်း လုပ်ထားကာ စတီးအသွင်ကိုတော့ တစ်ဖန် ပြန်မြင် လာရတာပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ သာမန် Toyota ထက်စာရင် Mazda RX8 ကားနဲ့‌တောင် ပိုဆင်တူနေတဲ့ ဒီဇိုင်းခပ်ဆန်းဆန်း တံခါးပုံစံတွေပါပဲ။ နောက်ထပ် ကြည့်ရတာနဲ့တင် ပိုထူးခြားစေတာက တော့ အနောက်ဘက် Panel Ladder အသစ်နဲ့ အမိုးကိုင်း အသစ် တွေပေါင်းထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု အဆင်ပြေတာကတော့ တာယာအဖြူလေးတွေနဲ့ ပေါင်းစပ် ထားတဲ့  Retro ဘီး အ‌ဟောင်း ပုံတွေကို ပြန်ပြီး သုံးပေးထား သေးတာပါပဲ။

Photo Credit: CARBUZZ

အခု Concept ကားဒီဇိုင်းနဲ့ ပတ်သက်လို့ကတော့ Toyota ဆီကနေ ယခင်တုန်းက မမြင်ခဲ့ရသေးပေမယ့် အခုကား ဒီဇိုင်းဆု ရသွားတာကြောင့် လာမယ့် လပိုင်းတွေထဲမှာတော့ အခုကားနဲ့ ပတ်သက်တဲ့ နောက်ထပ် အချက်အလက်တွေ ပါ သိလာရဖို့ ရှိပါတယ်။ အခြားသော ကားတွေထဲမှာဆိုရင်တော့ လက်ရှိမျိုးဆက် Toyota 4Runner မှာ ခပ်ရှည်ရှည် ခေါင်းပိုင်း နဲ့ ပွဲထွက်လာ နိုင်ဖို့ ရှိနေသေးကာ လမ်းကြမ်းပိုင်း ဦးစားပေး Bronco Sport ကားအသစ်လည်း ရောက်လာ ဦးမှာပါ။ အခု ပုံတွေအရ ဆိုရင်တော့ Pickup ကားအသေး လေးတစ်စီးကိုလည်း Platform အတူတူပေါ်မှာပဲ အခြေခံပြီး ထုတ်လုပ်ပေးလာနိုင်ဖို့ ရှိပါသေးတယ်။ အခုမြင်ရတဲ့ ကားလေး ထွက်လာရင်လည်း လျှပ်စစ်ဖြစ်ဖို့ပဲ များသွားပြီ ဖြစ်ပြီး လောလောဆယ်မှာတော့ FJ Cruiser လေးရဲ့ တကယ်ထုတ်လုပ်ရင် ဘယ်လိုပုံလေး ဖြစ်လာမလဲ ဆိုတာကိုပဲ စိတ်လှုပ်ရှားဖွယ် စောင့် ကြည့်သွား ရတော့မှာပါ။

Ref: carbuzz.com