နာမည်ကြီး Toyota Crown ကတော့ ကားမော်ဒယ်အသစ် ထွက်လာတော့မှာ ဖြစ်ပြီး အခု နောက်ဆုံး မြင်လာရတဲ့ Teaser Video အရတော့ ဒီဇိုင်း အပြောင်း အလဲတွေက ရုပ်လုံး ပိုပေါ်လာပါပြီ။ Teaser Video ထဲမှာတော့ Crown ရဲ့ ကိုယ်ထည်ပိုင်း ဒီဇိုင်းနဲ့ Screen ထဲမှာ မြင်ရမယ့် Crown ရဲ့စာသားတွေကိုတွေ့မြင် ထား ရပြီး Sedan ဒါမှမဟုတ် SUV လား ဆိုတာတော့ မသေချာ သေးပါဘူး။ အခု Video ထဲမှာ ဒီဇိုင်းပိုင်း အရေးကြီးတဲ့ အချက်အလက်တွေကို ကြည့်ရမယ် ဆိုရင် ယခင်လ တုန်းက ထွက်ခဲ့တဲ့ Patent ဒီဇိုင်း ပုံကြမ်းတွေနဲ့ အတော်လေး ဆက်စပ်ဆင်တူလာခဲ့ပြီး Crown အသစ်ကတော့ ယခင် SUV နဲ့ Sedan အကြား ခပ်ဆန်းဆန်း အသွင်တစ်မျိုးကို ယူဆောင်လာ‌နိုင် ချေရှိပါပြီ။ အထူးသဖြင့် Fastback ကား ဆန်ဆန် နောက်ပိုင်းနဲ့ ထင်ထင်ရှားရှား ကားအရွယ်ပုံကို တွေ့ရနိုင် ပါတယ်။

ယခင် သတင်းတွေအရ သိထားရတာ ကတော့ ကားသစ်က TNGA-K Platform ကို အခြေခံ ဖန်တီးထားတာဖြစ်ပြီး ၁၉၄ လက်မ ရှည်လျားပြီး ၁၁၂.၂ လက်မ Wheelbase နဲ့ ပွဲထွက်လာမှာပါ။ ကား ရဲ့ အကျယ် ကတော့ ၇၂.၄ လက်မ ရှိပြီး အမြင့် ကတော့ ၁,၅၄၀ လက်မ အထိ ရှိပါတယ်။ အဆိုပါ Platform ကတော့ အရှည် ၁၉၅ လက်မ ၊ Wheelbase ၂၈၅၀ မီလီမီတာ ရှိတဲ့ Toyota Highlander အသစ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Highlander အသစ်ရဲ့ အမြင့် ကတော့ Crown အသစ်ထက် ၈ လက်မ ပိုမြင့်ပြီး ၄ လက်မ ပိုကျယ်လာနိုင်ပါတယ်။ စက်ပိုင်းဆိုင်ရာ တွေကတော့ အခုချိန်အထိကို အတိအကျ မသိရ‌နိုင်သေး ပေမယ့် သတင်းတွေ အရတော့ ရွေးချယ်စရာ များလာ နိုင်ပါတယ်။ အခု Platform ကတော့ Hybrid နဲ့ Plug-In Hybrid တွေနဲ့ပါ ကိုက်ညီတာကြောင့် ဒီ အမျိုးအစားတွေလည်း Crown မှာ ပါဝင် လာနိုင်ပြီး လျှပ်စစ်သီးသန့် အနေနဲ့လည်း ထွက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်နေပြန်တာပါ။ Toyota အနေနဲ့ သူတို့ရဲ့ နာမည်ကျော် Crown အသစ်ကို Front-Wheel Drive ဒါမှမဟုတ် All-Wheel Drive အနေနဲ့ လည်း ပွဲထုတ် ပေးလာနိုင်ပြီး Brand ရဲ့ သာမန် Rear-Wheel Drive တစ်မျိုးတည်းကနေ ကွဲထွက်လာနိုင်ပါတယ်။

Photo Credit: motor 1.com

ဒီ အနေအထားတွေ အရတော့ ကားကောင်းတစ်စီး အနေနဲ့ အမေရိကဈေးကွက် အထိကိုပါ တင်ပို့လာနိုင်ဖို့ မျှော်လင့် ရပြီး တကယ်လို့ရောက်သွား ခဲ့မယ်ဆိုရင် တော့ အမေရိကရဲ့ Toyota Model တွေထဲ Sequoia အထက်က ဈေးအကြီး ဆုံး ဖြစ်လာနိုင်ပါတယ်။ Toyota အနေနဲ့ ကတော့ အဆိုပါ Crown ကားအသစ် စက်စက်ကြီးကို အခုလာမယ့် ဇူလိုင် ၁၅ ရက်နေ့မှာတင် ချပြတော့မှာဖြစ်ပြီး ကားရဲ့ အသေးစိတ် အချက်အလက် တွေနဲ့ ဘယ်အချိန်လောက် စဝယ်လို့ ရမလဲ ဆိုတာလည်း အဆိုပါ မိတ်ဆက်ပွဲမှာ တစ်ပါတည်း သိရနိုင်ပါတယ်။ ဒါပေမယ့် သတင်း တွေအရတော့ Hybrid နဲ့ Plug-In Hybrid ကား မျိုးကွဲတွေ ပါလာခဲ့ မယ် ဆိုရင် နောက်နှစ်နွေရာသီမှာမှ စတင် ရောင်းချလာ နိုင်တယ်လို့ သိရပါတယ်။ တစ်ချို့ သတင်းတွေ အရလည်း Plug-In Hybrid ကားကို ပြည်တွင်း ဂျပန် ဈေးကွက်မှာပဲ ရောင်းချ ပေးနိုင်မယ်လို့ ကြားသိနေရပြီး တစ်ချို့ကလည်း လျှပ်စစ်သီးသန့် Crown ကိုတော့ လာမယ့် ၂၀၂၄ မှပဲ မြင်ရမယ်လို့ ဆိုနေကြပြန်တာ ကြောင့် လာမယ့် ၁၅ ရက်နေ့မှာ ဘယ်သတင်းက မှန်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com