မျိုးဆက်ပေါင်း ၁၅ ဆက် အထိကို ရှိလာခဲ့ပြီဖြစ်တဲ့ သက်တမ်းရင့် နာမည်ကျော် Toyota Crown ကားက တော့ Rear Wheel Drive Sedan ကားကောင်းတစ်စီးအနေနဲ့ ဈေးကွက်ထဲ နေရာရနေဆဲပါပဲ။ လူချမ်းသာ တွေ အတွက်တင်သာ မက လက်ရှိ ဂျပန်အစိုးရရဲ့ တာဝန်ရှိသူတွေကို ပို့ဆောင်ပေးတဲ့ အပိုင်းတွေမှာပါ အဆိုပါ Crown တွေကို ကောင်းကောင်း အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ Crown အနေနဲ့လည်း အချိန်တွေ အကြာကြီး ဖြတ်သန်းလာခဲ့တာ ကြောင့် Sedan တင်မကပဲ Coupe တွေ ၊ Wagons တွေနဲ့ Pickup လို ကားမျိုးကွဲတွေ အထိပါ ပုံပြောင်းပြီး ထွက်ရှိခဲ့ သလို တရုတ် ဈေးကွက်ထဲမှာ ဆိုရင် Crossover အနေနဲ့ရော Minivan အနေနဲ့ပါ မြင်ခဲ့ ရဖူးပါတယ်။ ဒါပေမယ့် မူလ ပင်ကိုယ် Sedan ကား အမျိုးအစား အနေနဲ့ Crown တို့ စတင်ရပ်တည် လာခဲ့တာကတော့ ၁၉၅၅ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအနေအထား တွေကတော့ လာမယ့် မျိုးဆက်သစ် Crown ကနေ စတင်ကာ အပြောင်းအလဲ တွေ ရှိလာနိုင်ပြီး ဂျပန် ဈေးကွက် ထဲကနေလည်း တစ်ချို့သော နမူနာပုံရိပ်ကြမ်း တစ်ချို့ပါ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ အဆို ပါ နမူနာ ပုံရိပ်တွေကိုအခြေခံပြီး ဒီဂျစ်တယ် ပုံရိပ်တွေအဖြစ် အသွင်ပြောင်းနေကြ Kolesa တို့ ကလည်း အခုဆိုရင် ကားရဲ့ ပုံရိပ်တွေကို ဖန်တီးပေးလာခဲ့ ပြန်ပါပြီ။

Photo Credit: motor 1.com

ပုံမှာမြင်ရတဲ့ အတိုင်းပဲ Crown မျိုးဆက်သစ်ကတော့ ဒေါင်လိုက် နည်းနည်း ပိုကျတဲ့ ကားကိုယ်ထည်နဲ့ ပွဲထွက်လာ နိုင်တာဖြစ်ပြီး ခပ်မြင့်မြင့် Fastback Body ကိုယ်ထည်နဲ့အတူ Citroen C5 X နဲ့ Peugeot 408 ကားသစ်‌တို့ရဲ့ ကိုယ်ထည် ပုံစံတွေ အတိုင်း ဖြစ်လာခဲ့ပါတယ်။ ပိုထူးခြားနေတာ ကတော့ ကားကိုယ် ထည်နဲ့ မတူတဲ့ အရောင် ဖြစ်လာ မယ့် ကားရှေ့စက်ဖုံးနဲ့ အရှေ့ဘက် Trunk Lid တွေပါပဲ။ ဒါ့အပြင် ကားရဲ့ ဘေးဘက်မှာ ဆိုရင်လည်း Garnishing တွေ နဲ့ ပလတ်စတစ် Cladding တွေ ထပ်ထည့်ပေးလာ နိုင်တာ ကို ပုံကြမ်းအရ ခန့်မှန်းလို့ရလာနိုင်ပါတယ်။ Kolesa ကတော့ အဆိုပါ အရောင်ကွဲလေးတွေကို အနက်ရောင် နဲ့ အ‌ဖြူရောင်တို့ ဖြစ်လာနိုင်တယ် ဆိုပြီး ပုံဖော်ထားတာပါ။ ဒါကြောင့် ကားကို ကြည့်လိုက်မယ် ဆိုရင် ကိုယ်ထည်က အတော်လေး တောက်ပတဲ့ အပြာရောင်လေး ဖြစ်ပေမယ့် အရှေ့ဘက်နဲ့ အနောက်ဘက်တို့မှာ ပိုပြီး ခပ်မှောင်မှောင် အသွင်လေးကို မြင်ရမှာပဲ ဖြစ်ပါတယ်။ လက်ရှိ အသစ်ထွက် လာမယ့် Crown အပြင် Crown Cross ကားသစ်တွေ နဲ့ပါ အသေးစိတ် အချက်အလက်တွေတော့ သိရဖို့ ခက်ခဲ နိုင်ပါသေးတယ်။ ကားကတော့ ၂၀၁၈ လောက် ကတည်းက ထွက်ခဲ့တဲ့ ယခင် S 220 ထက်တော့ ပိုကြီးလာနိုင်ပြီး ဂျပန်ဘက် ကလာတဲ့ သတင်းတွေ အရတော့ Four-Cylinder 2.5 Liter Hybrid Engine  ဒါမှမဟုတ် Turbocharged 2.4 Liter အင်ဂျင်ကို လျှပ်စစ်မော်တာ နဲ့ Six-Speed Automatic Gear တပ်ထားတဲ့ တွဲစပ် ပုံမျိုးတွေ နဲ့ ပွဲထွက်လာနိုင်တယ်လို့ သိရပါတယ်။ Toyota Crown မျိုးဆက်သစ် နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ လာမယ့် ဇူလိုင် ၁၅ တရားဝင်မိတ်ဆက်ပွဲမှာ သိရတော့မှာ ဖြစ် တာကြောင့် သိပ်ပြီး မစောင့်ဆိုင်းရတော့ ပါဘူး။

Ref: motor 1.com