အမေရိကန် နိုင်ငံ ၊ နယူးဂျာစီပြည်နယ်က အသက် ၂၀ အရွယ် Wayne Maver Jr. ဆိုသူကတော့ 2019 Toyota Camry ကားလေးကို ဝယ်ယူတဲ့ အချိန်မှာပဲ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာ တစ်ခုကို ကြုံတွေ့ လိုက်ရပါတယ်။ တကယ် တော့ အဆိုပါ အနက်ရောင် Camry ‌ကားလေးက ဘာမှ ထူးထူးခြားခြားဖြစ်နေလို့ မဟုတ်ပဲ အဆိုပါ ကားရောင်း ချရမှု ကသာ မှတ်တမ်းတစ်ရပ်ဝင် နေခဲ့လို့ပါ။ အဆိုပါ ကားကတော့ မြောက် အမေရိက အတွက် ဂျပန်ကုမ္ပဏီ တိုယိုတာ က သတ်မှတ်ထားတဲ့ တရားဝင် တစ်ပတ်ရစ်ကားတွေ ရောင်းချ ရမှု အစီးရေ ၇ သန်း မြောက် ဖြစ်နေလို့ပါပဲ။ အခုလို အမှတ်တရ ကားတစ်စီးကို ကံထူးပြီး လာဝယ်မိတဲ့ သူ့ အတွက်တော့ ကားရဲ့တန်ကြေး $ 29,480 ကို လုံးဝပေးချေစရာ မလိုတော့ရုံတင်မကပဲ အမေရိကန် Bladder ဆိုတဲ့ ကင်ဆာ ရောဂါကု‌သရေး ဆိုင်ရာ အဖွဲ့အစည်းကိုပါ သူ့ရဲ့ နာမည် နဲ့ ဒေါ်လာ ၅,၀၀၀ လှူ ပေးခဲ့ ပါသေးတယ်။ ပိုအံ့အားသင့်စရာ ကောင်းတဲ့ ရက်ရောမှုကတော့ ကားဝယ်တဲ့ လူငယ် လေး အတွက် ဒေါ်လာ ၁၀၀၀ ဖိုး ဂတ်စ်ဝယ်ယူဖို့ လက်မှတ် ၊ လေးနှစ်စာ / ၅၅,၀၀၀ မိုင် ပမာဏစာ အခမဲ့ ပြုပြင် ထိန်း သိမ်းခွင့် လက်မှတ်တို့ကိုပါ ပေး‌ခဲ့ သေးတာပဲ ဖြစ်ပါတယ်။ အခုလိုမျိုး Toyota အသိအမှတ်ပြု တစ်ပတ်ရစ် ကား ဈေးကွက်ထဲက ကားတွေအတွက်ကို မိုင်ပေါင်း ၁၂,၀၀၀ ဒါမှမဟုတ် ၁၂ လ စာ အာမခံပေးထားပြီး အင်ဂျင်ပိုင်းကို ၇ နှစ် / ၁၀၀,၀၀၀ မိုင်စာ အာမခံထားပါသေးတယ်။ ဒါ့အပြင် Road Sign Assistance Coverage ဆိုတဲ့ လမ်းမထက်က ဝန်ဆောင်မှုတွေအတွက် ကိုလည်း ၇ နှစ် စာ / ၁၀၀,၀၀၀ ‌မိုင် ‌ပမာဏ စာအထိ ပေး‌ထားသေးတာ ဖြစ်လို့ အတော်လေး ကို အံ့အားသင့်စရာ ကောင်းတဲ့ ဆွဲဆောင်မှုတွေပဲလို့ ဆိုရမှာပါ။

Photo Credit: CARBUZZ

အဆိုပါ ကားဝယ်သူ လူငယ်လေး Maver ကတော့ သူ့အနေနဲ့ အခုလို Surprise ကို ဘယ်လိုမှ မမျှော်လင့် ထားပဲ ကားက ရေရှည် ကောင်းကောင်းသုံးလို့ ရမယ်ဆိုတာကို ယုံကြည်လို့ ဝယ်ယူခဲ့တာ ဖြစ်ပြီး အခုလိုမျိုး ကားအတွက် ငွေ ချေ စရာမလိုတော့ဘူးဆိုတာ ကတော့ တော်တော်ကို အံ့အားသင့်စရာ ကောင်းခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဦးလေး ဖြစ်သူမှာလည်း ကင်ဆာရောဂါ ခံစားနေရတာကြောင့်Toyota က American Bladder Cancer Society မှာ သူ့အတွက် ငွေထပ်လှူပေးခဲ့တာ ဖြစ်ပါတယ်။ အခု ဝယ်လိုက် တဲ့ ကားကတော့ ပုံကြည့်ရတာ 3.5 Liter V 6 Engine သုံး XSE Model ဖြစ်ဖို့ များပြီး 301 hp လောက် အထိ ရှိတဲ့ကား ဖြစ်နိုင်ပါတယ်။ အခုလိုမျိုး တစ်ပတ်ရစ် ကား ဈေးကွက်မှာပါ ဈေးတွေ အကုန်တက်နေတဲ့ အချိန်မှာ ကားတစ်စီး အလကားရလိုက်တာကတော့ တကယ့်ကို ကံကောင်း လွန်းတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

Homan Toyota ရဲ့  အထွေထွေ မန်နေဂျာ Micheal Schwab ကတော့ အခုလို ကုမ္ပဏီက တရားဝင် အသိ အမှတ်ပြု ပေးထားတဲ့ တစ်ပတ်ရစ် ကားတွေကို ဝယ်ယူအားပေး ကြတာတကယ်ကို ဂုဏ်ယူဖို့ကောင်းပြီး အခုလိုမျိုး ဝယ်ယူသူတွေ အကျိုး ရှိစေမယ့် အရာတွေကို အခွင့်သာရင် ထပ်မံလုပ်ပေးသွားဦးမှာ ဖြစ်တယ် လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကပဲ အမေရိကမှာ Toyota Camry ကား အစီးရေ ၁၀ သန်းပြည့် ရောင်းချ ခဲ့ရမှုကို မှတ်တမ်းတင် နိုင် ခဲ့သလို အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တဲ့ အဆိုပါ Sedan ကား အတွက်လည်း ဂုဏ်ယူစရာ ကောင်းခဲ့ပါတယ်။ အမေရိက ရဲ့ ရောင်းအားအကောင်းဆုံး ကားတစ်စီးအဖြစ် ဆက်မရှိထားနိုင် ပေမယ့်လည်း ၂၀၂၁ မှာ အစီး ရေပေါင်း ၃၁၃,၇၉၅ စီး အထိ ရောင်းချခဲ့ ရတာကို ကြည့်ရင်တော့ ပုံမှန် ထက်ကို ပိုလူကြိုက် များနေဆဲဆိုတာ သိသာပါတယ်။ Truck မဟုတ်တဲ့ ကားတွေထဲမှာ ဆိုရင်တော့ သူ့ ထက် ပိုရောင်းရတာဆိုလို့ Honda CR-V နဲ့ Toyota RAV 4 တို့ပဲ ကျန်ရှိ တော့တာ ဖြစ်ပါတယ်။

Ref: carbuzz.com