ကမ္ဘာပေါ်က တစ်ချို့သော မော်တော်ကားတွေကို ကြည့်လိုက်မယ် ဆိုရင်တော့ သင့်ကို ခေါင်းကုတ်စဉ်းစား စေလောက်အောင် အာရုံနောက်စေမှာ ဖြစ်ပြီး ဘာလို့များ ဒီလို ကားမျိုး ရှိနေရတာလဲလို့တောင် တွေးကောင်းတွေး မိစေနိုင် ပါတယ်။ အခု နော်ဝေနိုင်ငံမှာ ရောင်းချဖို့ စာရင်းထဲ ပါနေတဲ့ ၁၉၈၇ ခုနှစ်ထုတ် Toyota Camry ကား တစ်စီးကလည်း ဒီလို ကားမျိုးပါပဲ။ တကယ်လို့ အခုလို ထူးထူးခြားခြား ကားမျိုးကို လိုချင်တယ် ဆိုရင်တော့ ဒေါ်လာ ၁၉,၂၁၆ လောက်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ရောင်းတဲ့သူရဲ့ ပြောကြားချက် အရတော့ အခုကားက Toyota ဖန်တီးထားတဲ့ Camry ကားအရှည်မျိုးကွဲ ၂ စီး ထဲက တစ်စီး ဖြစ်တယ်လို့ သိရပါတယ်။ အပြင်ဘက် ကြည့်လိုက်ရင် သိသာနေမယ့် ကားရဲ့ အရှေ့ဘက်တံခါး နောက်က အပိုအဆက်ပြား အပိုင်းလေးက အနောက်ဘက်မှာ ကားပိုရှည် သွားစေဖို့အတွက် အဓိက အရေးကြီးတဲ့ အပိုင်းလေးလည်း ဖြစ်ပါတယ်။ အဆိုပါ အဆက်ပိုင်းလေးရဲ့ နောက်မှာတော့ လက်ကိုင်ရယ်လို့ သေချာမမြင်ရမယ့် တံခါးကြီး တစ်ချပ် အပိုပါဝင်လာပြီး အနောက်ဘက်ကတော့ သာမန် Camry ရဲ့ တံခါးအတိုင်းပဲ ပြန်လည် ထည့်ပေးထားပါတယ်။ ကားရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ပိုင်း ဒီဇိုင်းကတော့ အဆိုပါ ခေတ် မော်ဒယ်တွေ အတိုင်း အတူတူပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းပိုင်းကတော့ လူရှစ်ယောက် အထိ စီးလို့ရပြီး Cabin ရဲ့ Upholstery အပိုင်း တစ်ခုလုံးကိုတော့ အပြာရောင် အရသာလေးနဲ့ ဖန်တီး ပေးထားပါတယ်။ ကားအောက်ကြမ်းခင်းတွေလည်း အရောင်အတူတူပဲ ဖြစ်ပြီး တံခါးဘောင် တွေကတော့ မီးခိုးရောင်လေး သုံးပေးထားပါတယ်။ သစ်သား Cabinet လေးထဲမှာတော့ ရေခွက်ထည့်ဖို့ နေရာ ၊ တီဗွီ အသေးစားလေး တစ်ခုနဲ့ တစ်ချို့ပစ္စည်းလေးတွေ ထည့်သိမ်းထားလို့ရမယ့် နေရာလေးပါဝင် ပါတယ်။ ဒါ့အပြင် Panel တစ်ခုကိုလည်း ခရီးသည်နဲ့ ယာဉ်မောင်းနေရာ အကြား သီးသန့်လေး ဖြစ်အောင် သေချာခွဲတဲ့ အနေနဲ့ ထည့်ပေးထား ပါသေးတယ်။ ယာဉ်မောင်း နေရာကနေ ကြည့်မယ်ဆိုရင်တော့ ဘက်ကြည့်မှန်ကို မကြည့်လိုက် မခြင်း ကိုယ်မောင်းနေတဲ့ကားက အရှည်ကြီး ဆိုတာကို မသိနိုင် လောက်ပါဘူး။ အတော်များများကတော့ ၁၉၈၇ ခုနှစ် ထုတ် Camry ကားတွေရဲ့ အပြင်အဆင်အတိုင်း ကွက်တိဖြစ်ပြီး အမေရိက ဈေးကွက်လိုမျိုးထဲမှာဆိုရင်တောင် အခုလို ကားရှည်လိုမျိုးကို Automatic Gear နဲ့ ပါကောင်း ပါလာနိုင်ပေမယ့် အခု ကားမှာတော့ သာမန် Five-Speed Manual Gear ကိုပဲ သုံးပေးထားတာပါ။ စာရင်းတွေ အရတော့ အခုကားမှာ 2.0 Liter Engine ကို သုံးထားပြီး Four-Cylinder အမျိုးအစား ဖြစ်တာကြောင့် စွမ်းဆောင်ရည်ကတော့ 119 hp ဒါမှ မဟုတ် 126 hp လောက် အထိရှိနိုင်ပြီး Catalytic Converter ပါမပါ ဆိုတဲ့အပေါ် မူတည်ကာ ပြောင်းလဲနိုင်ပါတယ်။

Photo Credit: motor 1.com

ပုံတွေထဲမှာ မြင်ရသလောက် ကတော့ ကားကအတော်လေးကို ခပ်ကောင်းကောင်း အခြေအနေမှာ ရှိနေသေးပြီး Camry ရဲ့ သက်တမ်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် အတော်ကို ကြည့်ကောင်းနေဆဲပါပဲ။ ကားရဲ့ အတွင်းခန်းထဲမှာတော့ အတော်များများ ကောင်းသေးပေမယ့်လည်း ထိုင်ခုံတွေထဲက တစ်လုံးကတော့ Upholstery နေရာမှာ ခပ်ကြီးကြီး လေး ပြဲနေတာကိုတော့ မြင်လိုက် ရပါတယ်။ ရောင်းတဲ့သူ အနေနဲ့ကတော့ သူကိုယ်တိုင် နောက်တစ်နေရာကို ပြောင်း‌‌ရွှေ့တော့မှာဖြစ်လို့ အခုကားကြီး သယ်ဖို့ရွှေ့ဖို့ နေရာကို မရှိတော့တာကြောင့် ထုတ်ရောင်း ရတာ ဖြစ်တယ်လို့သိရပါတယ်။ အခု ကားကို ဝယ်မယ့်သူ အတွက်တော့ တစ်ခု လက်ဆောင်အပိုရနိုင်တာ ရှိပါသေးတယ် ၊ အဲ့ဒါကတော့ လက်ရှိ ပိုင်ရှင်ထံမှာ နောက်ထပ် အမျိုးအစားတူ သာမန် Camry တစ်စီး ရှိသေးတာကြောင့် အဆိုပါ ကားကိုပါ လိုချင်တယ်ဆိုရင်လည်း ၂ စီး ပေါင်းကာ ညှိနှိုင်းပေးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

 

(14) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube