၂၀၁၆ ခုနှစ် ကတည်းက Concept ကားတစ်စီးအနေနဲ့ စမြင်ခဲ့ရပြီး ၂၀၁၈ အရောက်မှာ အမေရိက ဈေးကွက်ကနေ စတင် မိတ်ဆက်ခဲ့တဲ့ Toyota C-HR Subcompact Crossover ကားလေးကတော့ ဒုတိယမြောက် မျိုးဆက်ထွက်ဖို့ အချိန်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ မျိုးဆက်သစ် ကား Prototype ကို စမ်းသပ်နေတာမျိုးတော့ မတွေ့ရသေး ပေမယ့် သေချာပေါက် ပြင်ဆင်နေပြီ ဆိုတာတော့ သေချာပါတယ်။ နာမည်အရ နဲ့ ထွက်လာတဲ့ ကားအရကို ထူးခြားသိသာတဲ့ အချိုးအစားတွေနဲ့ ဖြစ်တာကြောင့် အခု နောက်ထပ် မျိုးဆက်သစ်မှာလည်း ပထမ မျိုးဆက်ထက်မနိမ့်တဲ့ အလန်းစား ပြင်ဆင် မှုတွေကိုတော့ မျှော်လင့်ရဦးမှာပါ။

Photo Credit: motor 1.com

အခုဆိုရင်တော့ အဆိုပါ ကားသစ်ရဲ့ ပုံရိပ်တွေကို ခန့်မှန်းကြည့်ရတာ လွယ်ကူအောင် ဒီဂျစ်တယ် ပုံကြမ်းတစ်ရပ် ထွက်ပေါ်လာ ပြီ ဖြစ်ပြီးထူးခြားတာက လက်ရှိ Toyota ရဲ့ လျှပ်စစ်ကား bZ4X ဒီဇိုင်းကို အခြေခံထားတာပါ။ ဖြစ်နိုင်တာကတော့ Toyota ရဲ့ အဆိုပါ ပထမဆုံးသော လျှပ်စစ်ကားဟာ အနာဂတ် Toyota ကားတွေရဲ့ ဒီဇိုင်းပိုင်းကို လမ်းကြောင်းပေးခဲ့ပုံရပြီး အခုပုံကြမ်းမှာ တင် မဟုတ်ပဲ Aygo X ကားမှာတင်ကိုပဲ Design Language အတူတူကို သုံးပေးထားလို့ ဖြစ်ပါတယ်။ bZ4X နဲ့ Aygo X ကား တွေမှာလိုပဲ အခု C-HR ပုံကြမ်းကလည်း ခပ်ထူထူ အနက်ရောင် အပိုင်းတွေကို အနောက်ဘက် Panels တွေ နဲ့ Grille အပိုင်း တွေ မှာ သုံးလာပါတယ်။ မီးလုံး‌ပိုင်းတွေနဲ့ အမိုးတွေကိုကတော့ ယခင် City Crossover ကားရဲ့ ပုံစံအတိုင်း ပုံဖော်ကြည့်ပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

တစ်ချို့နေရာတွေမှာ ဆိုရင်တောင် ကုမ္ပဏီရဲ့ ပထမဆုံး ဇိမ်ခံလျှပ်စစ်ကား Lexus RZ နဲ့ ခပ်ဆင်ဆင်တူတာလေးတွေ တွေ့ရပါသေးတယ်။ တစ်ခုရှိတာက‌တော့ RZ ကားက e-TNGA Platform ပေါ် အခြေခံထားပြီး Toyota bZ4X နဲ့ Subaru Solterra တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုကားသစ်လည်း ယခင် မော်ဒယ် အဟောင်းရဲ့ အချိုးအစားတွေ အခုကားအသစ်တွေရဲ့ ပုံစံအသစ်တွေပေါင်းပြီး ပွဲထွက်လာနိုင်ဖို့ ရှိနေပါပြီ။ ဒါပေမယ့် ကားသစ်ဘယ်တော့ ရောက်မလဲ ဆိုတာကို အတိအကျ မသိရသေးတာကြောင့် အခုနှစ်‌‌ နှောင်းပိုင်းလောက်နဲ့ လာမယ့်နှစ် အစောပိုင်း ကြားလောက်မှသာစပြီး မြင်ရနိုင် မယ်လို့ ခန့်မှန်းရပါတယ်။

Ref: motor 1.com