Toyota CH-R ဆိုတဲ့ ကားကတော့ $ 24,130 ဆိုတဲ့ စျေးနှုန်းနဲ့အတူ ကမ္ဘာ့ကားစျေးကွက် အသီးသီး အကြား အကောင်းဆုံး ရေပန်းစားခဲ့ဖူးတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နှောင်းပိုင်းလောက်မှာ မိတ်ဆက်ခဲ့ပြီး သက်တမ်း ကြာကြာ ရပ်တည်လာနိုင်ခဲ့တဲ့ အဆိုပါကားကိုတော့ အခုဆိုရင် ကြီးကြီးမားမား အပြောင်းအလဲ တွေ လုပ်ပြီး Honda HR-V အသစ်စက်စက်နဲ့ အဓိကယှဥ်ပြိုင်လာ နိုင်ဖို့ ကြိုးစားလာပါပြီ။ အခုကားမှာ တော့ မျှော်လင့်ရသလောက် ဆိုရင် bZ Compact SUV Concept ကားထဲက ဒီဇိုင်းအသွင်မျိုးတွေ ခပ်များ များ ပါလာနိုင်ပြီး နည်းပညာပိုင်းတွေပါ သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ ဂျပန်ရဲ့ Spyder 7 ကလာ တဲ့ သတင်းတွေအရတော့ အခုကားအသစ်ကို လာမယ့်နှစ်မှာ ပွဲထုတ်လာနိုင်ကာ ဂတ်စ်ကား အပြင် လျှပ်စစ် ကား အနေနဲ့ပါ ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ကားရဲ့ ခပ်သွယ်သွယ်လှပတဲ့ Concept ပုံရိပ် တစ်စီး ကို မြင်ထားရပြီး အတော်လေးတော့ ပြောင်းလဲ ဆန်းသစ်ထားတဲ့ ခေတ်သစ် ဒီဇိုင်းတစ်ခုကို မြင်လာရပါတယ်။ အထူးသဖြင့် နောက်ပိုင်း Crossover တွေ Coupe တွေမှာ မြင်တွေ့ရပါ များလာတဲ့ ခပ်သွယ်သွယ်နဲ့ Aggressive ဖြစ်တဲ့ပုံမျိုးကို အခုကားသစ်မှာလည်း တွေ့လာ ရနိုင်ပါတယ်။

Photo Credit: CARBUZZ

လျှပ်စစ်သီးသန့် မျိုးကွဲ အပြင် အခုကားသစ်အတွက် Hybrid အမျိုးအစားကိုလည်း 2.0 Liter Four-Cylinder Engine တွဲပြီး ထွက်လာ နိုင်ပါသေးတယ်။ ကားသစ်မှာတော့ Four-Wheel Drive စနစ်လည်း ပါလာနိုင်ပြီး မောင်းနှင်ရတဲ့ စွမ်းဆောင်ရည်ကလည်း အရင်ကထက် သိသိသာသာ တိုးတက်လာနိုင်တာ ဖြစ်ပါတယ်။ လျှပ်စစ် ကားသစ်နဲ့ ပတ်သက်ပြီး သိပ်မသေချာသေးတဲ့ အပိုင်းကတော့ C-HR ဆိုတဲ့ နာမည် အတိုင်းပဲ ဆက်ပြီး ထုတ်လုပ်လာမလား ၊ ဒါမှ မဟုတ် bZ4x လိုမျိုး bZ3x ဆိုတဲ့ နာမည်ကိုပဲ ပေးလာမလား ဆိုတာပါပဲ။ တကယ်သာဆိုရင် ပိုကြီးတဲ့ ‌အရှေ့က bZ4x ကားလိုမျိုး ပုံစံမျိုးနဲ့ပဲ မြင်လာရနိုင်ဖို့ ရှိနေကာ စွမ်းဆောင်ရည်ကလည်း 201 ကနေ 214 hp အထိ ရှိလာနိုင်ပါတယ်။ တစ်ခါ အားသွင်းထားရင် မိုင် ၂၅၀ လောက်အထိ မောင်းနှင်နိုင်မယ့် စွမ်းအင် ပမာဏကိုလည်း မျှော်လင့်လို့ ရနိုင်ပါတယ်။ ပိုသေးတဲ့ အသွင်နဲ့ ပိုမို ပေါ့ပါးတဲ့ ကားကိုယ်ထည်တွေသာဆိုရင်တော့ မောင်းနှင်နိုင်တဲ့ Range ကို ပိုတိုးတက် လာစေနိုင်ပါ တယ်။

Photo Credit: CARBUZZ

လျှပ်စစ်ကား အနာဂါတ်နဲ့ ပတ်သက်ရင်တော့ Toyota တို့ အာမခံထားပြီး ဖြစ်ကာ အခုဆိုရင်လည်း ရှေ့က ထွက်ခဲ့တဲ့ ကားတွေရဲ့ အနေအထားကို ကြည့်ပြီး ဆန်းသစ်တီထွင်ဖို့ အတွက် ကြိုးစားနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဟိုက်ဒရိုဂျင် စွမ်းအင်ပိုင်းမှာလည်း ခေသူမဟုတ်တဲ့ Toyota ကတော့ တစ်ဖက်မှာလည်း ဟိုက်ဒရိုဂျင်သုံး Mirai Sedan အသစ်ကို စျေးကွက် အတော်များများမှာ ရရှိနေပြီ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် စွမ်းအင်ကိုတော့ ကားပြိုင်ပွဲတွေမှာပါ အသုံးချ နိုင်ဖို့ ကုမ္ပဏီဘက်က ကြိုးစားနေတာဖြစ်ပြီး Hydrogen Corolla Cross ကိုလည်း ထုတ်လုပ်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ တစ်ချို့ကလည်း အတော် များများ ရှေ့ဆက် လျှောက်နေကြတဲ့ လျှပ်စစ်ကား စျေးကွက်ကို Toyota တို့ အင်တိုက်အားတိုက် မလိုက် ကြသေးတာလဲ ဆိုပြီး မေးခွန်းထုတ်နေကြပေမယ့် ကုမ္ပဏီရဲ့ အနေအထားကိုက သာမန်အလိုကို လိုက်တာ ထက် ဆန်းသစ်တီထွင်ဖို့ အတွက်ကိုပဲ ပိုပြီးအားစိုက်လေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးအရ စျေးကွက်တွေ မပါသွားစေဖို့အတွက် လျှပ်စစ်ကားတွေကိုတော့ ထုတ်လုပ်ပေးလာနိုင်ပြီး တစ်ဖက်မှာ တော့ Customers တွေအတွက် ပိုပြီး ဆန်းသစ်စေမယ့် Hydrogen နည်းပညာကိုပဲ အားစိုက်ပေးလာ နိုင်သေး ကာ လျှပ်စစ် ကားတွေထက်လည်း ပိုကောင်းလည်း ကောင်းသွားနိုင်တာကြောင့် စောင့်ကြည့် ကြရမှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com