၂၀၂၂ ကလည်း ကုန်ခါနီးလာပြီဖြစ်လို့ ကားလောက ထဲမှာလည်း ကားကုမ္ပဏီတွေရဲ့ ရောင်းအားစာရင်း တွေ တစ်နှစ်စာ မှတ်တမ်းဝင်ကြဖို့ နီးစပ်လာနေပါပြီ။ အဆိုပါ ကုမ္ပဏီ အများအပြားထဲမှာမှ အများစိတ်ဝင် စားမှု ခံနေရတဲ့အထဲမှာ  Toyota တို့လည်း အပါအဝင်ပါပဲ။ ဒါပေမယ့် ထူးခြားတာက အခုပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကုမ္ပဏီရဲ့ ပထမဆုံးသော လျှပ်စစ်ကား bZ4X က တစ်စီးမှ မရောင်းချခဲ့ရဘူးလို့ သိရပါ တယ်။ ဒါပေမယ့် ကားကို ဝယ်သူတွေဘက်က လုံးဝစိတ်မဝင်စားတာကြောင့်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ တုန်းကတော့ အဆိုပါ ကားသစ်တွေရဲ့ ဘီးတွေမှာ နပ်ပြဿနာရှိနေပြီး ရုတ်တရက် ဘီးကျွတ်ထွက် သွားနိုင်လို့ ကားတွေပြန်လည် သိမ်းဆည်းရတဲ့ကိစ္စ ဖြစ်ခဲ့ပါသေးတယ်။ အဆိုပါ ပြန်လည် သိမ်းဆည်းရတဲ့ ကားတွေကတော့ အစီးကေ ၂၆၀ အထိ ကိုရှိခဲ့ပြီး စုံစမ်းနေဆဲ ကာလအတွင်း ကားသစ်တွေကို မမောင်းဖို့ လည်း ပိုင်ရှင်တွေကို အကြောင်းကြားထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Toyota ဘက်က ပြောကြားချက် အရတော့ အခု ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့် bZ4X ကားသစ်တွေလည်း တစ်စီးမှကို ရောင်းချ ဝန်ဆောင်မှုပေးတာမျိုး မရှိသေး တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြဿနာကိုတော့ ပုံစံတူ ထုတ်လုပ်ထားတဲ့ Subaru Solterra ကားသစ်တွေမှာ ကြုံရမှာ ဖြစ်ပေမယ့် Subaru ကားတွေက မရောင်းရသေးခင် ကြုံရတာပါ။ Toyota ရဲ့ နောက်ထပ် ကားသစ်တစ်စီး ဖြစ်တဲ့ Sequoia ကားကလည်း ပြီးခဲ့တဲ့ လမှာ ၉ စီးသာ ရောင်းချ ခဲ့ရပြန်ပါတယ်။ ဒါကလည်း လူစိတ်ဝင်စားမှုနည်းလို့ မဟုတ်ပြန်ပဲ အခုနှစ် အစောပိုင်းကတည်းက ကြေညာထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်အထိ မစတင်နိုင် သေးတဲ့ ကားသစ် ထုတ်လုပ်ရေးပိုင်းတွေကြောင့်ပါပဲ။ အခု ရောင်းအားပမာဏတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၈ ကတည်းက ကုမ္ပဏီရဲ့ ယခင်မျိုးဆက် ကားတွေ နဲ့ယှဉ်ရင် ရောင်းအားကျခဲ့ရတယ် ဆိုပေမယ့် ကားသစ်တွေ ကိုယ်တိုင်ကိုက ဈေးကွက်ထဲ ပြည့်ပြည့်ဝဝ မရောက်နိုင်သေးတာက အဓိကလိုအပ်ချက် ဖြစ်ခဲ့ပါတယ်။

Photo Credit: motor 1.com

အခုလို ကားသစ် ၂ မျိုးရဲ့ ရောင်းအားပိုင်း လိုအပ်ချက်တွေ ရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ ကားအားလုံး ရောင်းအားမှာ တော့ ၁၇ % ကျော် အထိ တက်လာခဲ့တာပါ။ အဓိက ရောင်းအားကောင်းခဲ့တဲ့ ကားတွေထဲမှာတော့ Corolla နဲ့ Camry ကားတွေ ပါဝင်ခဲ့ပြီး Corolla ဆိုရင် ၃၂% နဲ့ Camry ဆိုရင် ၄၅.၈ % အထိကို တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီရောင်းအားတွေကြောင့် ဈေးကွက်ထဲမှာ Compact ကားတွေနဲ့ Sedan တွေ အတွက် နေရာရှိသေးတာကို မြင်နိုင်ပါတယ်။ ရောင်းအားကျလာနေတဲ့ Toyota SUV တွေထဲ ကယ်တင်ရှင်ဖြစ်ခဲ့တာကတော့ RAV4 ဖြစ်ပြီး ၅၀.၈% အထိကို တက်လာ ခဲ့တာပါ။ Toyota ရဲ့ Truck ကားပိုင်းတွေ မှာတော့ Tacoma က ၁၈.၇ % နဲ့ Tundra က ၁၁.၂ % အထိကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Pickup ကား ဈေးကွက်ပိုင်းမှာကတော့ ပိုပြီး ရောင်းအား ကောင်းဖို့ရာ လိုအပ်နေပါသေးတယ်။ ဘယ်လို ပဲပြောပြော စက်တင်ဘာ ဟာ ‌Toyota အတွက် ရောင်းအားကောင်းခဲ့ ပေမယ့် တစ်နှစ်လုံးစာ ရောင်းအားတွေမှာတော့ လက်ရှိ အချိန်ထိကို မနှစ်ကနဲ့ ယှဉ်ရင် ၁၅.၄ % လောက်အထိ ကျဆင်းနေရဆဲပဲ ဖြစ်ပါတယ်။

Ref: motor 1.com