Toyota ရဲ့ ပထမဆုံးသော bZ4X လျှပ်စစ်ကားကတော့ ဈေးကွက်ထဲ ရောက်တာတစ်နှစ်တောင် မရှိသေး ပေမယ့်ဈေးကွက် အစုံကနေ ပြန်သိမ်းရမယ့် အဖြစ်တော့ ရောက်လာခဲ့ပြန်ပါပြီ။ အထူးသဖြင့် အဆိုပါ Crossover အသစ်ရဲ့ အစီးရေပေါင်း ၂,၇၀၀ လောက်က ဘီးပြဿနာ ကြုံနေရနိုင်ပြီး အထူးသဖြင့် ဘီးက နပ်တွေသေချာမကြပ် နေတာကြောင့် ဘီးကျွတ် ထွက်သွားနိုင်တဲ့ အခြေအနေ ရှိနေတာပဲ ဖြစ်ပါတယ်။ ပြဿနာကတော့ နေ့စဉ် အမောင်းမှာ တင် ကြုံရနိုင်တာဖြစ်ပြီး ရုတ်တရက် အကွေ့တွေနဲ့ ဘရိတ်ဖမ်းလိုက် တာ မျိုးတွေမှာဆိုရင် ကျွတ်ထွက်သွားနိုင်တဲ့ အခြေအနေကို ဖြစ်နေတာပါ။ တကယ်လို့ အဆိုပါ ကားကို အခုအခြေအနေနဲ့ ဆက်မောင်းနေမယ် ‌ဆိုရင်တော့ နောက်ပိုင်းမှာ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ ကြားရနိုင် ပြီး ပိုဆိုးလာရင်တော့ တာယာတွေကပါ ကျွတ်သွားနိုင်တဲ့အထိ ဆိုးနေပါတယ်။  ရယ်စရာလို ဖြစ်နေပေမယ့် တကယ်ကတော့ အဆိုပါ ကားအတွက်တင် မဟုတ်ပဲ လမ်းပေါ်က အခြားကားတွေ အတွက်ကိုပါ ပြဿနာ ကြီးကြီး ပေးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ လက်ရှိ မှာတော့ Toyota က ဒီပြဿနာကို မရှင်းပေးနိုင်တဲ့ အထိ ‌မမောင်းသေးဖို့ အကြံပေးထားပါတယ်။

Photo Credit: CARBUZZ

ပြန်လည် သိမ်းဆည်းဖို့ လျာထားတဲ့ အစီးရေ ၂၇,၀၀၀ ထဲမှာတော့ အမေရိက ဈေးကွက်အတွက် ၂၆၀ စီး ပါဝင်ပြီး ကျန်တဲ့ ကား‌တွေထဲမှာတော့ ဥရောပဈေးကွက်က အများဆုံး ပါဝင်နေတာပါ။ ကျန်တဲ့ ကားတွေက တော့ ကနေဒါနဲ့ ဂျပန် ကားဈေးကွက်တွေ အတွက်ဖြစ်ပြီး အခု ကားနဲ့တွဲဖက်ထွက်လာတဲ့ Subaru ရဲ့ Solterra ကားသစ် အစီးရေ ၄၃၀ လောက်ကိုလည်း ပြန်လည်သိမ်းဆည်း ရတော့မှာပဲ ဖြစ်ပါတယ်။ Toyota ကတော့ လောလောဆယ်မှာ အခု ပြဿနာရှိနေနိုင်တဲ့ကားတွေကို ပြန်သိမ်းတော့မှာဖြစ်ပြီး အစိုးရ အေဂျင်စီတွေရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် စောင့်ဆိုင်း မနေတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါပေ မယ့် NHTSA ရဲ့ တရားဝင် ဝက်ဘ်ဆိုက် မှာတော့ မဖော်ပြထားသေး ပေမယ့် လက်ရှိ ကမ္ဘာ့ကားရောင်း အား အကောင်းဆုံး တိုယိုတာ အနေနဲ့ ဒီပြဿနာကို ကြီးကြီးမားမားကိစ္စ တစ်ခု အဖြစ် ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာန ဆီကိုပါ အကြောင်းကြားထား လိုက်ပါပြီ။ Toyota အတွက်ကတော့ သူတိုရဲ့ လျှပ်စစ်ကား အတွက်ကို အခုပြဿနာဟာ အရေးပေါ် အမြန်ရှင်းဖို့လိုနေပြီဖြစ်ပြီး နဂိုကတည်းကမှ လျှပ်စစ်ကား ဈေး ကွက် ခေတ်သစ်မှာ ခြေတစ်လှမ်း နောက်ကျနေတဲ့ Toyota အဖို့တော့ တကယ် ထိုးနှက်ချက် တစ်ရပ်ဖြစ်‌ လာ တော့တာပါ။

Photo Credit: CARBUZZ

ဒါပေမယ့် အခုလို ပြဿနာတွေ အပြင် တိုယိုတာတို့ကတော့သိတဲ့အတိုင်း ပတ်ဝန်းကျင်အတွက် အထောက် အကူ ပြုပါမယ်ဆိုတဲ့ အဖွဲ့အစည်းတွေက နေတောင်ထွက်ထားပြီး လျှပ်စစ်ကား အနာဂါတ်ကို အာမ မခံ ပေးနိုင် ဖြစ်လို့ နေပါတယ်။ ဒါ့အပြင် အခု လျှပ်စစ်စွမ်းအင်နည်းပညာကို အများအပြား အသုံးပြုလာ ကြတာ ကိုလည်း သိပ်ပြီး သဘောမတွေ့ရာ ပြနေသလို သာမန် ICE အင်ဂျင်ကားတွေကိုလည်း စွန့်လွှတ်ဖို့ရာ ဟန် မပြင်သေးပါဘူး။ အထူးသဖြင့် ကုမ္ပဏီရဲ့ တကယ့် အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ အဆိုပါ ကား တွေကို ဆက်ထားနိုင် အောင် စီစဉ်နေတာ ဖြစ်ပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ စွမ်းအင်ချွေတာ နိုင်ဖို့ ကိုတော့ တစ်ခြားသော နည်းလမ်းတွေနဲ့သာ ဖြေရှင်းဖို့ ပိုအားသန်နေခဲ့တာပါ။ လက်ရှိမှာတော့ လျှပ်စစ်တစ် ဝက် ဖြစ်တဲ့ Hybrid နည်းပညာကိုသာ အဖြေနဲ့ ချပြထားပြီး တစ်ဖက်မှာတော့ ပိုအား စိုက်ထားတဲ့ ဟိုက်ဒရိုဂျင် သီးသန့်သုံး Corolla Cross လို ကားမျိုးတွေတော့ ရှိနေပါသေးတယ်။ ဒါ့အပြင် ဟိုက်ဒရိုဂျင် သုံး Corolla ပြိုင်ကားနဲ့တင် Motorsport ပြိုင်ကားပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်နေနှင့်ပြီး ဖြစ်နေပါပြီ။

Ref: carbuzz.com