Toyota ရဲ့ လျှပ်စစ် ကားသစ်တွေထဲ ဒုတိယမြောက် မော်ဒယ်ဖြစ်လာတဲ့ bZ3 ကတော့ တရုတ်ဈေးကွက်ကနေ စတင် ပွဲထွက်လာခဲ့ပြီဖြစ်ပြီး BYD ကုမ္ပဏီ ၊ FAW Toyota တို့နဲ့လည်း ပူးပေါင်းထုတ်လုပ်ထားတယ် လို့ သိရပါတယ်။ bZ3 ကတော့ ယခင် ပထမဆုံး လျှပ်စစ်ကား bZ4X ဆီက Chiseled Nose Design နဲ့ အပေါ်ဘက်ကို ‌ပိုရောက်တဲ့ မီးလုံးပုံစံတွေကို ဆက်လက် ယူဆောင်လာဆဲဖြစ်ပြီး Toyota ကတော့ Hammarhead Shark ငါးမန်းခေါင်းပုံကို နမူနာယူ ဖန်တီးထားကာ ‌ဖြစ်ကာ bZ Model တွေ အကုန်လုံးမှာ ပါလာလိမ့်မယ်လို့ ဆိုခဲ့ဖူးပါတယ်။ အခုကားကတော့ Sedan Design ဖြစ်တာ ကြောင့် အမိုးကိုလည်း အနောက်ဘက် Fenders တွေအထိ ခပ်လျှောလျှောလေး နိမ့်ဆင်းပေးထားပြီး ကိုယ်ထည်ရဲ့ Drag Coefficient ကပါ အခုဒီဇိုင်းကြောင့် 0.218 ပဲရှိတဲ့အထိ ကောင်းမွန်နေပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ Toyota ရဲ့အခေါ် Digital Island ဆိုတဲ့ Infotainment ပုံစံ အပြင်အဆင်ကို တွေ့ရမှာဖြစ်ပြီး ဒေါင်လိုက် ခပ်ရှည်ရှည် Display ကြီးကို အလယ်မှာ တပ်ဆင်ပေးထားတာပါ။ အဆိုပါ Screen ကြီးကနေ HVAC ၊ Stereo ပိုင်းထိန်းချုပ်မှုတွေအပြင် ကားနောက်အဖုံးဖွင့်တာတွေအထိကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Console Layout မှာ ပါဝင်လာတဲ့ Dial အပိုင်းကတော့ Driver Setting အတွက်ဖြစ်ပြီး Low-Profile Digital Instrument Cluster အနေနဲ့လည်း ယာဉ်မောင်းဖြစ်သူက အသုံးပြုနိုင်မှာပါ။ bZ3 ကတော့ တရုတ်ရဲ့ တိုင်းတာတဲ့ စံစနစ်အရဆိုရင်ကိုပဲ တစ်ခါ အားသွင်းထားရင် ၃၇၃ မိုင်အထိ မောင်းနှင်နိုင်တာတွေ့ရပြီး တရုတ်ကုမ္ပဏီ BYD ကတော့ အခုကားရဲ့ Lithium-Ion Phosphate ဘက်ထရီ အပိုင်းကို‌ ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီ ပမာဏ ဘယ်လောက်ရှိလဲ မသိရ‌သေးပေမယ့် ဆယ်နှစ်လောက် သုံးပြီးရင်ကိုပဲ Battery Capacity ပိုင်းက ၉၀% လောက် ကျန်လိမ့်မယ်လို့ ကုမ္ပဏီက ဆိုထားတာပါ။ အခုကားရဲ့ အအေးပေး စနစ်တွေ ၊ ထိန်းချုပ်ပုံတွေနဲ့ အခြားသော လုံခြုံရေးပိုင်းစနစ်တွေ အတော်များများမှာ နည်းပညာသစ်တွေချည်း သုံးထားတာကတော့ ထူးခြားချက်ပါပဲ။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေကို ကုမ္ပဏီဘက်က ‌မဖော်ပြထား သေးပေမယ့်လည်း တရုတ် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာနဘက်က ပေါက်ကြားလာတဲ့ သတင်းတွေ အရ ဆိုရင်တော့ 178 hp နဲ့ 238 hp ဆိုတဲ့ စွမ်းဆောင်ရည် ၂ မျိုးကို ရွေးချယ်နိုင်လိမ့်မယ်လို့ သိရပါတယ်။ အမြင့်ဆုံး မြန်နှုန်းပိုင်းကတော့ တစ်နာရီကို မိုင် ၁၀၀ အထိပဲကန့်သတ် ပေးထားတယ်လို့ သိထားရပြန်ပါ တယ်။ အခု ကားကို တရုတ်မှာ ထုတ်လုပ်ဖို့ တာဝန်ယူထားတာကတော့ FAW Toyota ကုမ္ပဏီကဖြစ်ပြီး ရောင်းချမှု အပိုင်းကိုလည်း တာဝန်ယူသွားမှာပါ။ စက်တင်ဘာလ လောက်က သတင်းတွေ အရ ဆိုရင်တော့ Toyota ရဲ့ အဆိုပါ လျှပ်စစ် Sedan အသစ်တွေကို လာမယ့် ၂၀၂၄ အစောပိုင်းလောက်က စပြီး ဥရောပ ဈေးကွက်ထဲ စတင် ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အမေရိက ဈေးကွက်အထိ ရောက်နိုင် မရောက်နိုင်ကိုတော့ အတိအကျ မသိရသေးပါဘူး။ လက်ရှိမှာတော့ Toyota ဟာ နောက်ထပ် bZ Model တွေ အတွက်လည်း ပြင်ဆင်နေပြီ ဖြစ်ပြီး e-TNGA Platform နဲ့အတူ အနည်းဆုံး လျှပ်စစ်ကား ၆ မျိုး လောက် ထွက်လာနိုင်ပါတယ်။ အစောပိုင်း မိတ်ဆက် လာမယ့် ကားတွေထဲမှာတော့ Compact Car ၊ အလယ်အလတ် ရှိကြတဲ့ Crossover ၊ Sedan ၊ Minivan  နဲ့ SUV တို့ အပြင် ကြီးမားတဲ့ SUV ကား တစ်မျိုး လည်း ပါဝင်လာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com