နာမည်ကျော် နည်းပညာရှင် သူဌေးကြီး Elon Musk ပြောခဲ့ဖူးတဲ့ မောင်းသူမဲ့ စနစ်ဆိုတာ ကင်မရာ နည်း နည်းနဲ့လည်း ဖြစ်ပါတယ်ဆိုတဲ့ စကားရပ်ကိုတော့ ကြားဖူးကြမှာပါ။ လက်ရှိမှာတော့ ဒီစကားကို ကောင်း ကောင်း အကောင်အထည် ဖော်လိုက်တာကတော့ Toyota ပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာတော့ အခွဲတစ်ခု အနေနဲ့  လောလောဆယ် မှာ Woven Planet လို့ အမည်ပေးထားတဲ့ စနစ်တစ်ခု ရှိနေသေးပြီး အဆိုပါ စနစ် ကတော့ Toyota ရဲ့ အဆင့်မြင့် Driver Assist Arm နည်းပညာပဲ ဖြစ်ပါတယ်။ အဆိုပါ စနစ်ကို အခြေပြု ပြီး အနာဂါတ် အတွက် မောင်းသူမဲ့စနစ်ကို ပိုပြီး တိုးတက် အဆင်ပြေလာအောင် စီစဉ်နေတာဖြစ်ကာ ပြီးခဲ့ တဲ့ ဇန်နဝါရီ ကတည်းက ပညာရှင်ပေါင်း ၁,၆၀၀ လောက်နဲ့ စတင် လည်ပတ်နေတာပါ။ Toyota နဲ့ Woven Planet တို့ကတော့ သူတို့တီထွင်နေတဲ့ အနာဂါတ်မောင်းသူမဲ့စနစ်မှာ Lidar Sensor တွေမပါဝင်ပဲ ကောင်း ကောင်း အလုပ်လုပ်နိုင်‌အောင် စီစဉ်နေတာဖြစ်ပါတယ်။ အဲ့ဒီအစား Tesla အနေနဲ့ကတော့ ကင်မရာတွေကို ပဲ သီးသန့် သုံးနေတာဖြစ်ပြီးတော့ Toyota အနေနဲ့ ကတော့ Tesla ကို တိုက်ရိုက်ကူးချတာမျိုး မဟုတ်ပဲ ကွဲပြားခြားနားမှုတွေတော့ ရှိနေခဲ့ပါသေးတယ်။

Photo Credit: CARBUZZ

အဆိုပါ စနစ်ကိုတော့ ၂၀၁၉ ခုနှစ် တုန်းက Lexus ကား တစ်စီးမှာ စမ်းသပ်ပြခဲ့သေးပြီး အဆိုပါ ကားတုန်း ကတော့ ကင်မရာ တွေပဲ မဟုတ်ပဲ Sensor ‌တစ်ချို့လည်း အတိုင်းအတာ တစ်ခုအထိ ပါဝင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၂၀၁၉ ခုနှစ် စမ်းသပ်စဉ်ကတည်းကလည်း တိုးတက်မှုကောင်းတွေကို ရရှိ လာတာ ဖြစ်တယ်ဆိုပြီး Woven Planet ဘက်ကလည်း ဆိုထားပါတယ်။ အဆိုပါ လုပ်ငန်းရဲ့ အဆိုအရ တော့ ကင်မရာတွေကို အသုံး ပြုပြီး သွားလာတဲ့ လမ်းကြောင်းတွေကို ကောင်းကောင်း မှတ်သားနိုင်ကာ မောင်းသူမဲ့ စနစ်ကို အလုပ်ဖြစ်အောင် စီစဉ်သွားမှာပါ။ အဓိက ကတော့ အခု စနစ်ကို ဖြစ်အောင် လုပ်နေကြ ခြင်းက Tesla လိုပဲ ကုန်ကျစရိတ် အပိုင်းကို သတိပြုမိလို့ ဖြစ်နိုင်ပြီး အဆိုပါ Sensor တွေကို မသုံးပဲနဲ့ ကင်မရာပဲ ဆိုရင် ၉၀ ရာခိုင်နှုန်း လောက် အထိကို ဈေးက သက်သာသွားတော့မှာ ဖြစ်ပါတယ်။ Woven Planet ဘက်ကတော့ လက်ရှိမှာစမ်းသပ်ထားတဲ့ Toyota Camry တို့လိုကားမျိုးတွေဆီက အချက်အလက် တွေကိုကြည့်ရတာနဲ့တင် မောင်းသူမဲ့ စနစ်မှာ ဘယ်လို အနေအထားတွေအထိ တိုးတက်အောင် လုပ်လို့ရ တယ် ဆိုတာ ဖော်ပြနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဓိက အဟန့်အတား တစ်ခုကတော့ ကုန်ကျ စရိတ် ကြီးမားနေတာ ဖြစ်ပြီး Toyota 4Runner လို ကားမျိုးမှာဆိုရင် ပိုများနိုင်ပါတယ်။

Photo Credit: CARBUZZ

အခု စနစ်မှာ သုံးထားမယ့် ကင်မရာတွေ ကတော့ အဆိုပါ Sensor တွေ မပါဝင်ရင်တောင်မှ မြင်ကွင်း ကျယ် ကျယ်အထိ ဖမ်းယူနိုင်ပါတယ်။ ဒါပေမယ့် အခုနည်းပညာအရွေ့တစ်ခုကတော့ ပိုဈေးကြီးတဲ့ Lidar Sensor တွေ ကိုသာ အားထား လာနေတဲ့ Waymo တို့လိုအခြားသော ကုမ္ပဏီတွေနဲ့ ယှဉ်ရင် အတော်လေးတော့ ဆန့်ကျင်ဘက် ဖြစ်လာ နိုင်ပါတယ်။ Woven Planet ရဲ့ VP Michael Benisch ကတော့ အခု စနစ်က အချက်အလက် အသစ်တွေ အတော် များများ လိုအပ်ပြီး မောင်းသူမဲ့ယာဉ် အနည်းငယ်လောက် လေးကရတဲ့ အချက်အလက် တွေနဲ့တော့ အဆင်မပြေဘူး လို့ဆိုထား ပါတယ်။ ဒါပေမယ့်လည်း အခြားသော Robotaxi လို ဝန်ဆောင်မှု မျိုးတွေနဲ့ မောင်းသူမဲ့ ကားတစ်ချို့မှာ တော့ Lidar လို ဆင်ဆာ‌တွေကို ဆက်လက် သုံးပေး သွားဦးမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂါတ်မှာတော့ ကင်မရာ နည်းပညာ တစ်မျိုးတည်းနဲ့တင် ဆင်ဆာတွေ မပါဝင်ပဲ ဈေးသက်သာတဲ့ မောင်းသူမဲ့ စနစ်ကို ရနိုင်မယ်လို့ ယုံကြည် နေတာပါ။ ဒါပေမယ့် လည်း ကံ‌မကောင်းသေးတာ တစ်ခုကတော့ အခုစနစ်က ဘယ်လောက်အထိ ယုံကြည်စိတ်ချရမလဲ ဆိုတာ ကို အတိအကျ မပြောနိုင်သေးတာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com