နာမည်ကြီး ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Toyota နဲ့ Google တို့ကတော့ ကားအတွင်းခန်းရဲ့ Voice Assistant စနစ်အသစ် အတွင်း ပူးပေါင်းမှု တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အခုလို ပူးပေါင်းလိုက်နိုင်တာကြောင့် အဆိုပါ ဝန်ဆောင်မှု အသစ်ကို မျိုးဆက်သစ် Toyota နဲ့ Lexus ကားတွေ ရဲ့ Infotainment စနစ်တွေမှာ စတင်ရရှိ လာတော့မှာဖြစ်ပြီး အင်တာနက်မရှိရင် တောင်မှအလွယ် တကူသုံးနိုင်တော့မယ့် စနစ်မျိုးပဲ ဖြစ်ပါတယ်။ Toyota နဲ့ Lexus တို့ရဲ့  Infotainment System တွေဟာ ဆိုရင် Linux ကို အခြေခံထားပြီး Google Cloud ရဲ့ နည်းပညာတွေကို တောင် အသုံးပြုထားနှင့်ပြီး ဖြစ်ပါတယ်။ အဆိုပါ စနစ်တွေရဲ့ Voice Assistant နည်းပညာကလည်း Google Cloud ရဲ့ Speech-To-Text ဝန်ဆောင်မှုက တစ်ဆင့်ယူသုံးထားတာ ဖြစ်ပါတယ်။ အဆိုပါ စနစ်တွေကိုတော့ Toyota Motor မြောက်အမေရိကရဲ့ နည်းပညာပိုင်းနဲ့ Toyota Connected Organization အစုံတို့အကြား ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက စတင်ပူးပေါင်း အသုံးပြုနေကြတာပါ။

Photo Credit: motor 1.com

ပုံမှန် အားဖြင့်တော့ အခုလက်ရှိ သုံးနေတဲ့စနစ်တွေမှာ အင်တာနက်ကို အားပြုပြီး ဘာသာစကား အပြောင်းအလဲ တွေကို ပြုလုပ်ယူရတာဖြစ်ကာ ချက်ချင်းမေးလိုက်တဲ့ စကားရပ်တွေကို ဖြေရှင်းပေးဖို့ရာ နည်းပညာ ပိုင်းကလည်း အခက်အခဲ ရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခုစနစ်သစ်မှာတော့ အင်တာနက် မလိုတော့ပဲ AI ဉာဏ်ရည်တု နည်းပညာနဲ့တင် ဖြေရှင်းနိုင်တော့မှာပါ။ Google Cloud ရဲ့ Global Strategic Customers & Industries ပိုင်းက VP ဖြစ်သူ Umesh Vemuri ကတော့ ကားအတွင်းနည်းပညာ လိုအပ်ချက်တွေအတွက် Toyota နဲ့ ပူးပေါင်းဆောင်ရွက်လိုက်နိုင်တာကြောင့် စွမ်းအင်နည်းနည်းပဲသုံးပြီး Server အကြီးစားကြီး တစ်ခုလို ယာဉ်မောင်း တွေ လိုအပ်သမျှ ပေးစွမ်းနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

Google Cloud ရဲ့ နောက်ဆုံးပေါ် Speech On Device လုပ်ဆောင်ချက်နဲ့အတူ အခြားသော ဝန်ဆောင်မှုတွေ မှာလည်း အင်တာနက် မလိုတဲ့ AI နည်းပညာနဲ့ အသုံးပြုလာ နိုင်တော့မှာပါ။ ဒီထဲမှာမှ ပို အရေးကြီးတာ ကတော့ လာမယ့် ၂၀၂၅ မှာ အသစ် သုံးလာမယ့် Toyota ရဲ့ Infotainment စနစ်သစ် နဲ့အတူ အပီလန်းလာမယ့် Toyota နဲ့ Lexus ကားတွေ အပိုင်းပဲ ဖြစ်ပါတယ်။ အတိအကျ ဆိုရရင်တော့ အခု စနစ်အသစ်ကို လာမယ့် ၂၀၂၃ မှာတင် Toyota ရဲ့ Tundra ၊ Sequoia နဲ့ Corolla တို့လိုကားတွေမှာ စတင်ရလာ နိုင်ပါတယ်။ တစ်ဖက်မှာလည်း 2023 Lexus ကားတွေ မှာပါ ရလာနိုင်သလို အထူးသဖြင့် Lexus ရဲ့ NX၊ RX နဲ့ All-Electric RZ တို့လို ကားမျိုးတွေမှာ ပိုရလာနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com