Tesla ရဲ့ DC အမြန် အားသွင်းကွန်ရက်တွေကို အမေရိကန် နိုင်ငံတွင်းမှာ Tesla မဟုတ်တဲ့ အခြားသော လျှပ်စစ် ကားတွေပါ အားသွင်းနိုင် ဖို့ အတွက် စီစဉ်ပေးသွားတော့မှာ ဖြစ်တယ်လို့ အမေရိကန် အိမ်ဖြူတော်ကနေ သတင်း ထွက်ပေါ်လာ ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ အကြီး မားဆုံးသော လျှပ်စစ်ကား အားသွင်းကွန်ရက်ကြီးထဲမှာ လျှပ်စစ် ကားသစ် ပိုင်ရှင်တွေ အတော်များများ အားသွင်းလာ နိုင်ကြတော့မှာပါ။ Inside EVs ကလာတဲ့ သတင်းအရတော့ နိုင်ငံ တွင်းမှာ လျှပ်စစ်ကား အားသွင်းကွန်ရက် အပိုင်းတွေကို ရင်းနှီးမြုပ်နှံမှု တိုးချဲ့နေပြီဖြစ်ပြီး ဒီအချက်ကြောင့် အခုနှစ် နှောင်းပိုင်းလောက်မှာ Tesla မဟုတ်တဲ့ ကားတွေပါ အားသွင်းနိုင်မယ့် Supercharger တွေကို Tesla က ထုတ် လုပ် ပေးသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် တစ်ခု သိဖို့ လိုနေသေးတာကတော့ အခု Chargers အသစ်တွေကို ဘယ်အချိန်မှာ ဘယ်လိုစပြီး တပ်ဆင် အသုံးပြုနိုင်မှာလဲ ဆိုတဲ့ အချက်ပါပဲ။ အကြောင်းကတော့ Tesla ရဲ့ Supercharger အဆင့်ဟာ အခြားသော ကုမ္ပဏီ တွေက ဖန်တီးထားတဲ့ CHAdeMO နဲ့ Combined Charging Standards (CCS) တွေနဲ့ ကွဲပြားခြားနားတာကြောင့် ဖြစ်ကာ ဒါကြောင့်ပဲ လက်ရှိ အဆိုပါ Supercharger ကွန်ရက်တွေမှာ Tesla မဟုတ်တဲ့ ကားတွေ အားသွင်းလို့ မရနိုင် သေးတာပါ။ Tesla အနေနဲ့ အခုလိုမျိုး အခြားကားတွေ အတွက်ပါ အဆင် ပြေအောင် လုပ်ပေးမယ်ဆိုရင်တော့ Hardware အသစ်ပါထည့်ပေးလာရမယ့် အနေအထားရှိနေပါတယ်။ အချက်အလက်တွေ အရတော့ Tesla အနေနဲ့ Supercharger နေရာ ပေါင်း ၆,၀၇၇ နဲ့ Supercharger Connector ပေါင်း ၂၆,၂၃၆ လောက်အထိ အမေရိကန် နိုင်ငံ ထဲမှာ ရှိနေတာပါ။ အမေရိကရဲ့ အများပြည်သူ အလွယ်တကူ အားသွင်းနိုင်တဲ့နေရာ စုစုပေါင်း ကတော့ ၄၅,၃၇၈ အထိ ရှိနေပြီ ဖြစ်ပြီး ၉၅,၄၁၀ ခု ကတော့ အမြန်အားသွင်းစနစ်နဲ့ 240-V Connector တွေ ဖြစ်ပါတယ်။ အခုလို အခြား ကားတွေပါ အားသွင်းအောင် လုပ်ပေး နိုင်မယ့် အစီအစဉ်ကိုတော့ Tesla တို့က အခုနှစ်အစောပိုင်း ကတည်းက အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ အခုလိုဖန်တီးဖို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ လကမှ အတည်ပြုထားတဲ့ အားသွင်းကွန်ရက် ချဲ့ထွင်ရေးဆိုင်ရာ နိုင်ငံရဲ့ ဘဏ္ဍာငွေကြေး ဒေါ်လာ ၁ ထရီလီယံ ထဲက ခွဲတမ်း တစ်ချို့ မျှော်လင့်ရမှာ ဖြစ်ပြီး အဆိုပါ ပမာဏ ကတော့ လာမယ့် ၂၀၅၀ အရောက်မှာ နိုင်ငံတစ်ဝန်း အားသွင်းရုံပေါင်း ၅၀၀,၀၀၀ လောက် အထိ ရှိလာဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ အခု ဘတ်ဂျတ်ရဲ့ ရည်မှန်းချက်က အားသွင်း ကွန်ရင် အသစ်တွေကို ချဲ့ထွင်နိုင်ဖို့ ဖြစ်ပြီး ရှိပြီးသား အားသွင်းရုံတွေကို အခြားသူတွေ အဆင်ပြေအောင် မွမ်းမံ ပေးတာမျိုးတော့ မပါဝင်လာသေး ပါဘူး။ ဒါကြောင့် Tesla ရဲ့ အခု အစီအစဉ် အတွက်ကို ဒီ ဘဏ္ဍာငွေထဲက သုံးနိုင်လို့ ရပါ့မလား ဆိုတာကတော့ မသေချာသေးဘူး ဖြစ်နေ ပါတယ်။
Motor Authority ရဲ့ Tesla CEO Elon Musk ဆီကို တိုက်ရိုက် မေးမြန်းထားမှုတွေကြောင့် နောက်ပိုင်းမှာတော့ အခု အခြေအနေ နဲ့ ပတ်သက်ပြီး သတင်းအသစ်တွေနဲ့ အတည်ပြုချက်တွေကို မျှော်လင့်လို့ ရလာနိုင်ပါတယ်။ တကယ် တော့ အခုလို အခြားသော လျှပ်စစ် ကားတွေပါ အားသွင်းနိုင်မယ့်ကွန်ရက်တွေကို Tesla က ဥရောပမှာ စမ်းသပ်နေပြီးတောင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နှောင်းပိုင်းမှာတုန်း ကတော့ နယ်သာလန်နိုင်ငံ တွင်းမှာ CCS Connector နဲ့ အခြားသော လျှပ်စစ်ကားတွေ အတွက် သုံးလို့ရအောင် စတင် စမ်းသပ်ခဲ့ပြီး အခု နောက်ပိုင်းမှာတော့ အခြား ဥရောပ နိုင်ငံတွေကို ချဲ့ထွင် စမ်းသပ်နေပါတယ်။ ဒါပေမယ့် တကယ်တမ်း မူလအစကတော့ အဆိုပါ CCS အားသွင်းခေါင်း တွေနဲ့ အဆင်ပြေနိုင်ဖို့ကို Tesla က ၂၀၁၈ အစောပိုင်း လောက်ကတည်းက ကြိုတင်စဉ်းစား ခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေ မယ့် အမေရိက မှာကတော့ Tesla က Supercharger တွေစပြီး ဆောက်တဲ့အခါမှာ CCS ကွန်ရက်တွေ စပြီး မပေါ်သေးတာကြောင့် အခုလို နောက်ကျနေတဲ့ သဘောပါပဲ။ ဒါကြောင့် အခုလိုမျိုး Tesla မဟုတ်တဲ့ အခြားသော လျှပ်စစ်ကားတွေ အတွက်ကို Tesla ရဲ့ Supercharger တွေမှာ အားသွင်းလို့ ရအောင် လုပ်ပေးတာက ခက်ခဲမှာ သေချာပြီး ရလာခဲ့ရင်လည်း လျှပ်စစ်ကားတိုင်းအတွက်ကို အား သွင်းစရာ နေရာတွေ အတော်လေး များပြားလာ တော့မှာပါ။
Ref: MotorAuthority