ကုမ္ပဏီ ရဲ့ ပထမဆုံးသော Semi Trailer Truck လျှပ်စစ် ကားကြီးတွေကို စတင် ထုတ်လုပ်နေပြီ ဖြစ်တယ်လို့ Tesla CEO Elon Musk က အတည်ပြုလိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ကတည်း မိတ်ဆက်ထားခဲ့တဲ့ အဆိုပါ ကားတွေထဲက ပထမဆုံးသော အစီးရေ ၁၀၀ ကို Pepsi ကုမ္ပဏီက မှာယူထားတာလည်း ဖြစ်ပါတယ်။ အလားတူပဲ ကုန်တင်ကား အစီးရေ ၄၀ ကို  ဘီယာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Budweiser ကပါ မှာယူ ထားတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ လ ၁ ရက် နေ့မှာ စတင် ရရှိတော့မှာပါ။ စတင်ပြီး ထုတ်လုပ်နေတဲ့ အဆိုပါ ကားတွေကို Pepsi ကုမ္ပဏီ ထံကိုလည်း ဒီဇင်ဘာ ၁ ရက်မှာ စတင် အရောက်ပို့ဆောင် ပေးနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: motor 1.com

ကားသစ်တွေကိုတော့ အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ Austin မှာ ရှိတဲ့ Tesla ကုမ္ပဏီ စက်ရုံ မှာပဲ ထုတ်လုပ် မှာပဲ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံမှာကလည်း နဂိုကတည်းက Model Y Crossover ကို ထုတ် လုပ်နေခဲ့ပြီး လာမယ့် ၂၀၂၃ အရောက်မှာလည်း Tesla Cybertruck ကားတွေကိုပါ ထုတ်လုပ်ဖို့ ရှိပါတယ်။ တကယ်တော့ အဆိုပါ ကား တွေကို ၂၀၁၉ ကတည်းကစတင် ထုတ်လုပ်ဖို့စီစဉ်ခဲ့ပေမယ့် ဘက်ထရီ Cells တွေနဲ့ အခြားသော လိုအပ်ချက်တွေ ကြောင့် မထုတ်လုပ်ဖြစ်ခဲ့တဲ့ Model Y ကားဘက်ကိုပါ ပိုပြီးဦးစားပေး ထားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အချိန် ကတည်း အတူတူ နီးပါး မိတ်ဆက်ခဲ့ကြတဲ့ Daimler Truck တွေနဲ့ Volvo Truck ကားတွေကတော့ လျှပ်စစ်ကားတွေ အဖြစ်ကို စတင်ထွက်ရှိ လာနေခဲ့ပြီးဖြစ်ပါတယ်။ အခု Semi ကားသစ်တွေကို အကြိုမှာယူဖို့အတွက် ပြီးခဲ့တဲ့ မေလ ကတည်းက အမှာစာတွေ စတင်လက်ခံ ခဲ့ပြီး ဩဂုတ် လမှာတော့ $ 20,000 Deposit စတင် ပေးခဲ့ကြရပါတယ်။ ကားတွေရဲ့ မူလ ဈေးကတော့ တစ်ခါအားသွင်း မိုင် ၃၀၀ မောင်းနိုင်တဲ့ အမျိုးအစားဆိုရင် $ 150,000 နဲ့ မိုင် ၅၀၀ အမျိုး အစားကို $ 180,000 အထိ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက တက်သွားခဲ့တဲ့ လျှပ်စစ် ကားဈေးတွေ တစ်ချို့ကြောင့် အခုကားတွေလည်း တကယ်တမ်း စတင်ရောင်းချချိန်မှာ ဈေးပိုတက် လာဖို့ ရှိနေပါသေးတယ်။

Photo Credit: motor 1.com

Tesla ရဲ့ အချက်အလက်တွေ အရတော့ အခု ကားတွေက 0-60 mph အရှိန်နှုန်းရဖို့ ဆိုရင် စက္ကန့် ၂၀ တည်းနဲ့ပဲ ဖြစ်နိုင်မှာဖြစ်ပြီး ပုံမှန် ထက် ၅% လောက် ပိုမြန်အောင် ရုန်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။ အဆိုပါ အချက်အလက် တွေဟာ ကားအတွင်း ၈၂,၀၀၀ ပေါင် လောက်ရှိတဲ့ ကုန်ပမာဏတွေနဲ့ တွက်ချက်ထားတာလည်း ဖြစ်ပြန်ပါတယ်။ Tesla ကတော့ အဆိုပါ ကားတွေမှာ လျှပ်စစ်မော်တာ သုံးလုံးအထိ တပ်ဆင်ထား တယ်လို့ ဆိုထားပြီး ဘက်ထရီ အပိုင်းကလည်း မိနစ် ၃၀ အားသွင်းထားရုံနဲ့တင် ၇၀% အထိ အားဖြည့်ပေးနိုင်ဦးမှာပါ။ Tesla ရဲ့ Autopilot နဲ့ Full Self-Driving Electronic Driver-Assist စနစ်‌တွေကိုလည်း အခု ကားတွေမှာ ပါဝင်လာနိုင်ပြီး အတည်တော့ မပြုနိုင် သေးပါဘူး။ ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ ၂၀၁၇ မှာ စတင် မိတ်ဆက်ကတည်းက မောင်းသူမဲ့ စနစ်တစ်ချို့ပါ ပါဝင်လာ လိမ့်မယ်လို့တော့ ဖော်ပြဖူးတာကြောင့် စောင့် ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com