Tesla ရဲ့ Ful Self-Driving Beta Software အသစ်ကတော့ စထွက်လာကတည်း အမျိုးမျိုးသော ဝေဖန်စ ရာတွေ ချို့ယွင်းချက် တစ်ချို့တွေနဲ့ ပြည့်လာနေခဲ့တာဖြစ်ပြီး Autopilot စနစ်ကြီး မဟုတ်သေးပေမယ့် လည်း ကုမ္ပဏီရဲ့ ပထမဆုံးသော Driver-Assist နည်းပညာတော့ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့်လည်း အခု တော့ ဒီ နည်းပညာရဲ့ သတင်းတွေက မွှေးမနေခဲ့ပဲ အခုဆိုရင်လည်း NHTSA ရဲ့ ကနေ Tesla ရဲ့ Model S ၊ X ၊ 3 နဲ့ Y အမျိုး အစားတွေထဲကမှ ကားအစီးရေပေါင်း ၅၃,၈၂၂ စီး အထိ ပြန်လည်သိမ်းဆည်းနိုင်ဖို့အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အကြောင်း ကတော့ အဆိုပါ Software ပြဿနာကြောင့်ပဲ ဖြစ်ပြီး လမ်းမှာ ဖော်ပြထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေထဲက Stop Sign တွေကို စနစ်က မမှတ်နိုင်ဖြစ်နေကာ လုံးဝ အလို အလျောက် မရပ်ပေးနိုင်ဖြစ်နေလို့ပါပဲ။ အဆိုပါ Error ကတော့ FSD Beta စနစ်မှာမှ နောက်ထပ် Version အသစ်တင်ထားတဲ့ ကားတွေမှာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် လမ်းဆုံတွေ မရောက်ခင်မှာ တစ် နာရီကို ၅.၆ မိုင်နှုန်းလောက်နဲ့ မောင်းနှင်နေပြီး နောက်မှ အလိုအလျောက် ရပ်တန့်မယ့် အဆိုပါ Rolling Stop Function ကို Tesla တို့က အခုဆိုရင် OTA Update တွေ ထပ်ပေးပြီး မသုံးနိုင်အောင် ပြန်ပိတ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ NHTSA ရဲ့ စုံစမ်းချက်တွေ အရတော့ အခုနည်းပညာ Error က အသက်အန္တရာယ် တွေ ဆုံးရှုံးနိုင်တဲ့ အထိ ဆိုးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုနည်းပညာချို့ယွင်းချက်က အမေရိကန်မှာဆိုရင် ပြည်နယ် ၅၀ စလုံးမှာ သတ်မှတ်ထားတဲ့ ယာဉ်စည်း ကမ်း ဥပဒေကိုပါ ချိုးဖောက်ရာရောက်နေပြီး မီးပွိုင့်နားရောက်လို့မှ ကားက လုံးဝရပ်တန့် မသွား သေးဘူးဆိုရင် အဖမ်းခံရတော့မှာပါ။ ဒါပေမယ့် Tesla တို့ ကတော့ ဒါကို သိပ်အာရုံထားခဲ့ ပုံမရပဲ ၂၀၂၂ ဇန်နဝါရီ လ ၂၇ ရက်နေ့ အထိ တော့ အခုနည်းပညာ ချို့ယွင်းချက်ကြောင့် တစ်စုံတစ်ရာ ယာဉ်မတော် တဆမှု ဖြစ်တာတွေ ၊ ထိခိုက် ဒဏ်ရာရတာ တွေ မရှိသေးဘူးလို့ အမေရိကန် အစိုးရဆီကို အစီရင်ခံစာ တင် ပို့ ထားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို စနစ် ချို့ယွင်းချက်ကြောင့် အန္တရာယ် တစ်စုံတစ်ရာ မကြုံတွေ့ ရသေးဘူးဆိုတာကတော့ အဆိုးထဲက အကောင်းလို့ပဲ ဆိုရမှာ ဖြစ်ပြီး Tesla ကိုယ်တိုင်ကလည်း ကားတွေ ပြန်လည် သိမ်းဆည်းရေးကို သဘောတူထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ပြန်လည်သိမ်းဆည်း ခံရ မယ့် ကားတွေအနေနဲ့ဆိုရင်တော့ Model X နဲ့ S တို့ ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၆ ကနေ အခု ၂၀၂၂ အတွင်း ထုတ် လုပ်ထားတဲ့ ကားတွေအထိ ပါနိုင်သလို ၊ Model 3 နဲ့ Model Y တွေ ဆိုရင်တော့ ၂၀၁၇ ကနေ ၂၀၂၂ အထိ ထုတ်လုပ်ထားတဲ့ ကားအတော်များများ ပါဝင်နေတော့မှာပါ။
ဒါပေမယ့် လက်ရှိအချိန်ထိကတော့ အဆိုပါ FSD စနစ် ဆိုတာကလည်း Tesla ကားပိုင်ရှင်တိုင်းမှာ ရနေ သေးတာ မဟုတ်ပဲ Autopilot စနစ်လိုမျိုး တစ်ချို့တွေမှာ အသုံး ပြုနေနိုင်သေးတာပါ။ တကယ်ကတော့ အခု FSD Beta စနစ် ရထားသူတွေ ကလည်း ကားက လုံးဝကို လှည့်ကြည့်စရာ မလိုလောက်အောင် အလို အလျောက် မောင်းနှင်နေမှာမျိုးမဟုတ်သေးပဲ Level 2 အဆင့် မောင်းသူမဲ့အတိုင်းပဲ ရနိုင်ဦးမှာ ဖြစ်ပါတယ်။ အခု စနစ်ကို ပြန်လည် ပြင်ဆင် ပေးနိုင်မယ့် OTA Update အသစ်ကတော့ အခုလ အစောပိုင်းထဲမှာပဲ ထုတ်ပေးနိုင် လိမ့်မယ်လို့တော့ Tesla ဘက်က ဆိုထားပါတယ်။ လက်ရှိမှာတော့ ထုံးစံအတိုင်းပဲ Public Relations အပိုင်းမရှိသေးတဲ့ Tesla တို့က ကားတွေ ပြန်သိမ်းဆည်းမယ့် အစီအစဉ် အကြောင်း သေချာဘာ မှ မထုတ်ပြန်ထားသေးပါဘူး။ အဓိက ပြဿနာဖြစ်စေ ခဲ့တာကတော့ အောက်တိုဘာ လကမှ ထုတ်လုပ်ပေး ထားခဲ့တဲ့ Update အသစ်မှာ ပါလာတဲ့ Rolling Stop Feature အသစ် ကြောင့်ပဲ ဖြစ်ပါတယ်။ အခု ဖြစ်ရပ် ကတော့ ယာဉ်စည်းကမ်း လုံခြုံရေး အပိုင်းကိုပါ ထိခိုက်လာတာကြောင့် Tesla တို့ သေချာ ဖြေရှင်းပေးရ တော့မှာ ဖြစ်ပါတယ်။
Ref: carbuzz.com