Tesla ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက သူတို့ရဲ့ Model S နဲ့ Model X ကားသစ်တွေမှာ Yoke ဆိုတဲ့ စတီယာတိုင် တစ်ဝက်ဒီဇိုင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီ ဒီဇိုင်းပိုင်းကို Customer တွေဘက်က ဝေဖန် မှုတွေ ရှိခဲ့ပေမယ့်လည်း Elon Musk ကိုယ်တိုင်ကတော့ အဆိုပါ ဒီဇိုင်းကို ဆက်သုံးမှာဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ တော့ သာမန် စတီယာတိုင်ကိုပဲ ပြန်သုံးဖို့ ဖြစ်လာခဲ့ ရပြန်ပါပြီ။ Electrek ကလာတဲ့ သတင်းတွေအရတော့ Tesla ဟာ သူတို့ရဲ့ Model S နဲ့ Model X ကားတွေဟာ သာမန် စတီယာတိုင် အဝိုင်းအပြည့်ကို ထပ်ပြီး ကုန်ကျစရိတ်ပေးစရာ မလိုပဲရနိုင်မယ့် ရွေးချယ်စရာ ပေးလာ ခဲ့ပြီလို့ သိရပါတယ်။ တကယ်လို့ Yoke စတီယာတိုင် ဒီဇိုင်းကိုပဲ ရွေးချင် သေးတယ် ဆိုရင်လည်း ရွေးလို့ရအောင် စီစဉ်ပေးထားသေးတာဖြစ်လို့ ကြိုက်ရာ ရွေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အခု လက်ရှိ ရှိထားပြီး သား Yoke စတီယာတိုင်ကို ပြောင်းတပ်ချင်တယ် ဆိုရင်တော့ အပိုကုန်ကျစရိတ်တွေ ရှိလာဦးမှာပါ။

Photo Credit: motor 1.com

နာမည်ကျော် YouTuber လည်းဖြစ် ၊ လက်ရှိမှာလည်း Tesla ကားကိုပိုင်ဆိုင်ထားတဲ့ Marques Brownlee ကတော့ သူ့ရဲ့ကားမှာ သာမန်စတီယာတိုင် ပြန်ပြောင်းတပ်ဖို့ အတွက် ဒေါ်လာ ၇၀၀ အပိုပေးခဲ့ ရတယ်လို့ ဖော်ပြထား ပါတယ်။ Tesla ရဲ့ Website မှာ တော့ အဆိုပါ ပြန်ပြောင်းတပ် နိုင်မယ့် Retrofit အကြောင်းကို ဖော်ပြထားပေမယ့် လာမယ့် မတ်လ လောက် အထိတော့ မရနိုင်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် ပြန်လဲတပ်လို့ရမယ့် အဆိုပါ စတီယာတိုင် အဝိုင်းကတော့ သာမန် ကားတွေမှာလိုမျိုး Indicator Stalks ခလုတ်နေရာ လေးတွေ ပါဝင်လာမှာ မဟုတ်ပဲ ယခင် Yoke စတီယာတိုင်မှာလိုပဲ Touch စနစ်နဲ့ ဖြစ်လာမယ့် Indicator လေးတွေကိုပဲ သုံးလို့ရနိုင်မှာပါ။

Photo Credit: motor 1.com

Tesla ကတော့ Model S နဲ့ X ကားတွေမှာ အခုစတီယာတိုင် ပြန်ထည့်ပေးလာတာအပြင် တစ်ခြားအပြင်အဆင် လေးတွေလည်း နည်းနည်းထပ်ထည့်ပေးလာခဲ့ပါတယ်။ ကားရဲ့ Trunk Lid အပေါ် သာမန် Tesla Logo နေရာမှာတင် TESLA ဆိုတဲ့ စာသားကိုထည့်ပေးထားလိုက်ပြီး Brake Calipers တွေကလည်း အနီရောင်လေးတွေ ပြန်ရလာပါတယ်။ Model S Plaid အမျိုးအစားမှာတော့ အပူဒဏ်ပိုခံ နိုင်မယ့်ပိုကောင်း တဲ့ ဘရိတ်ကိုပါ ထပ်ထည့် ပေးလာပြီး Model 3 နဲ့ Model Y တို့မှာတော့ ယခင်အတိုင်းပဲ သာမန် စတီယာတိုင် ဒီဇိုင်းတစ်မျိုးတည်းပဲ ဆက်ရနေမှာ ဖြစ်ပါတယ်။ Tesla Model S ကတော့ လောလောဆယ်မှာ $ 106,990 ကျသင့်တာဖြစ်ပြီး S Plaid ဆိုရင်တော့ $ 137,190 ကျသင့်လာမှာပါ။ Model X ကိုမှ All-Wheel Drive စနစ် ၊ လျှပ်စစ်မော်တာ ၂ လုံးတို့နဲ့ဆိုရင်တော့ $ 122,190 ကျသင့်တာ ဖြစ်ပြီး Plaid မှာဆိုရင် တော့ $ 131,790 ပဲကျသင့်မှာပါ။

Ref: motor 1.com