ပြီးခဲ့တဲ့ ဩဂုတ် လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ Tesla ကုမ္ပဏီရဲ့ ရှယ်ယာရှင်များ အစည်းအဝေးမှာတော့ CEO Elon Musk က သူတို့ရဲ့ နောက်ထပ် ကားထုတ် လုပ်ရေးစက်ရုံသစ်ကြီး အကြောင်းကို ပြောခဲ့ပြီး အခုနှစ်နှောင်းပိုင်း လောက်မှာ စတင် တည်ဆောက်လာ နိုင်မယ်လို့ ဆိုခဲ့ပါတယ်။ အနာဂါတ် စက်ရုံ အသစ် တွေ အကြောင်း ပြောကြရာမှာတော့ အခုနှစ်ထဲမှာ Gigafactory Berlin-Brandenburg နဲ့ Gigafactory Texas ဆိုပြီး ၂ ရုံ စတင်လာ မှာဖြစ်ပြီး Tesla Model Y ကိုပဲ ၂ ရုံလုံးမှာ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ တက္ကဆက် က စက်ရုံ အသစ်မှာတော့ 4680 ဘက်ထရီအသစ်တွေ တပ်ဆင်ထားမယ့် Model Ys ကား အသစ် တွေကို ဆက်ပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

အနာဂါတ် စက်ရုံတွေနဲ့ ပတ်သက်လာရင်တော့ အဆိုပါ စက်ရုံအကြီးစားကြီးတွေကို လာမယ့် နှစ်တွေထဲ သေချာ ပေါက် တိုးချဲ့သွားမှာ ဖြစ်ပေမယ့် နေရာတွေ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Elon Musk က အတည်မပြု သေးပါဘူး။ ဒါပေမယ့် တစ်ချို့ သတင်းတွေအရတော့ တရုတ်အပြင် အမေရိက မြောက်ဘက် ဒေသတွေ နဲ့ ၊ အိန္ဒိယတို့အပြင် အင်ဒိုနီးရှား ဈေးကွက်တွေထဲမှာလည်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အခု အစည်း အဝေးမှာတော့ Musk က အခုနှစ်နှောင်းပိုင်း လောက်မှာ နောက်ထပ် စက်ရုံအသစ်ရဲ့ နေရာအတိအကျကို ကြေညာ ပေးလာနိုင်ပြီး သဲလွန်စပေးနိုင်ဖို့ မေးမြန်း ကြတဲ့ အခါမှာတော့ Tesla ကားသစ်တွေ ထုတ်ကို ထုတ်ပေးသင့်တဲ့ နေရာ လို့ ဆိုခဲ့ပါတယ်။ အတော်လေး မေးမြန်းကြတဲ့ အခါမှာတော့ Musk ကိုယ်တိုင်က နေ ကနေဒါ ဖြစ်နိုင်တယ်ဆိုပြီး ဖွင့်ဟခဲ့ကြတာပါ။ အခုနှစ် အစောပိုင်း တုန်းကတော့ Electrek ရဲ့ မေးမြန်းချက်တွေကို ဖြေခဲ့တုန်းကတော့ Elon Musk အနေ နဲ့ မြောက်အမေရိက အပိုင်းတွေမှာ ဆက်လက် ဆောက်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ ပါသေးတယ်။ အခု အစည်းအဝေးအပြီး သတင်း ထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ Elon Musk ကို နောက်ထပ် စက်ရုံ အသစ် အမေရိကမှာပဲလား ဆိုတဲ့ မေးခွန်းမေးခဲ့ရာမှာတော့ အမေရိက ဈေးကွက်ထဲမှာ ပဲ မဖြစ်နိုင်တော့ ဘူးလို့ ပြန်လည် ဖြေကြားခဲ့ဖူးတာပါ။ ကနေဒါမှာ သေချာပေါက် ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းကိုတော့ Elon Musk က ရှေ့ဆက် စက်ရုံ ၁၀ ခု ၁၂ ခု လောက်ထဲမှာ သေချာပေါက် ပါလာ နိုင်မယ်လို့ ဆိုထားခဲ့ပြီး အဓိက ကတော့ အများဆုံး ထုတ်လုပ်နိုင်မယ့် စက်ရုံကြီးတွေ ဖြစ်လာနိုင်ပါတယ်။ လက် ရှိမှာတော့ Tesla ရဲ့ အင်ပြည့်အားပြည့် ထုတ်လုပ်နေနိုင် တဲ့ စက်ရုံကြီးတွေမှာဆိုရင်တော့ Giga ရှန်ဟိုင်းနဲ့ Fremont စက်ရုံတွေရှိနေပြီး မနှစ်တုန်းကဆိုရင် စက်ရုံတစ်ရုံ ဆီက အစီးရေ ၅၀၀,၀၀၀ လောက် အထိကို ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။

Ref: InsideEvs