ကနေဒါ က Tesla Model Y ကားတစ်စီး ကတော့ မောင်းနေတုန်းမှာပဲ Error ဆိုတဲ့ သတိပေးချက် ဝင်လာ ကာ ၊ မီးခိုး ထွက်ပြီး နောက်ဆုံး ရုတ်တရတ် မီးထလောင်ခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်း ဖြစ်သူလည်း နောက်ဆုံးမှာတော့ ရွေးချယ်စရာ မရှိတော့လို့ မှန်ကိုခွဲပြီး အသက်လုကာ ထွက်ပြေးခဲ့ရတယ်လို့လည်း သိရ ပါတယ်။ အဆိုပါ ကားပိုင်ရှင် ကတော့ ကနေဒါနိုင်ငံ ၊ ဗန်ကူးပါး မြို့က ဖြစ်ပြီး ကားက ရုတ်တရက် သူ့အလို လို ပါဝါ ပိတ်သွားတာလည်း ဖြစ်တယ် လို့ ဆိုထားပါတယ်။ ပါဝါ ပိတ်သွားပြီးကတည်းက ရုတ်တရက် မီးခိုး တွေ ထွက်လာခဲ့ကာ သူ့အနေနဲ့ တံခါးတွေ ကိုလည်း လုံးဝဖွင့်မရတော့ပဲ ပိတ်မိ နေခဲ့တာကြောင့် တံခါးကို ရိုက်ခွဲကာ ဖွင့်ခဲ့ရပြီး နောက်ဆုံး သက်ဆိုင်ရာကို အကြောင်းကြားလိုက် ရတော့တယ်လို့ သိရပါတယ်။

ပိုင်ရှင် ဖြစ်သူ Jamil Jutha ကတော့ အခု ကားလေးကို လွန်ခဲ့တဲ့ ၈ လ ကမှ စတင် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ကားက ပါဝါ ရုတ်တရတ် ကျသွားအပြီးမှာ တံခါးတွေ လုံးဝဖွင့်မရတော့တာကတော့ အတော်လေး ကြောက် စရာ ကောင်းခဲ့တာပါ။ ဒါပေမယ့်လည်း ကံကောင်းတာကတော့ ယာဉ်မောင်းဘက်က ပြတင်းပေါက်ကို ခွဲပြီး မီးထမလောင်ခင် ထွက်ပြေးလိုက် နိုင်တာပါပဲ။ ပုံမှန်အားဖြင့်ကတော့ ယာဉ်က ပါဝါပိတ်သွားပြီး ရုတ်တရက် မတော်တဆ ဖြစ်ခဲ့ရင် တံခါး တွေကို အရေးပေါ်ဖွင့်လို့ရအောင် Tesla က ဖန်တီး ထားပေမယ့်လည်း အခု တစ်ခေါက်မှာတော့ အလုပ်မဖြစ် ခဲ့တာပါ။ တကယ်တမ်း အခုလိုမျိုး အသက်အန္တရာယ်နဲ့ အရမ်းနီးကပ်သွား တဲ့ အချိန်မှာလည်း အရေးပေါ် ထွက် ပေါက် အတွက် နည်းလမ်းတွေ အလွယ်တကူ စဉ်းစားဖို့ရာ မလွယ်ကူ တော့တာ ဖြစ်တယ်လို့လည်း ယာဉ်မောင်းဖြစ်သူက ဖွင့်ဟထားပါတယ်။ အခု အဖြစ်အပျက်ကို ရိုက်ကူးထား နိုင်တဲ့ ၁၂ မိနစ်စာ Video တစ်ခုလည်း ထွက်ပေါ်လာခဲ့ပြီး Video ထဲမှာတော့ ထွက်ပြေး လွတ်မြောက်လာ ခဲ့တဲ့ ယာဉ်မောင်းက Error လို့ပဲ ဆက်တိုက်ပြနေကာ ဘက်ထရီ သေပြီး မီးခိုးတွေနဲ့ မီးထလောင်ခဲ့‌တော့ တာပဲ ဖြစ်တယ်လို့ဆိုထား ပါတယ်။ ရုတ်တရတ် ဆိုသလို ဘာဖြစ်သွားမှန်းမသိ ပဲ မီးလောင်သွားတာက အခုဆိုရင် ကားတစ်စီးလုံး လောင်ခဲ့ရပြီလို့ ပိုင်ရှင် ဖြစ်သူက ဆိုထား ခဲ့တာပါ။

Photo Credit: InsideEvs

Tesla ကား‌တွေက မကြာခဏ မီးလောင်တာမျိုးမရှိဘူးဆိုပေမယ့်လည်း ဆက်ပြီးတော့မီးလောင်တဲ့ သတင်း တွေ ကြားနေရဆဲပါ။ တစ်ချို့ ကလည်း မီဒီယာတွေ အနေနဲ့ ဂတ်စ်ကားတွေ မီးလောင်တာကိုပဲ ပြောနေကြ ပြီး လျှပ်စစ် ကားတွေ မီးလောင်တတ်တာကို သိပ်ပြီး အရေးမစိုက်ကြတော့တာလို့ ဝေဖန်မှုတွေလည်း ရှိနေ ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ကားတွေ မီးလောင်တယ် ဆိုတာကတော့ မြင်လာရ ကြားလာ ရတာ ကြောင့် ဒီ ဖြစ်ရပ်တွေ ခပ်စိပ်စိပ် ဖြစ်မလာဖို့ပဲ အဖြေရှာကာ မျှော်လင့်ကြရမှာ ဖြစ်ပါတယ်။ သတင်းတွေမှာ လည်း ကားမတော်တ‌ဆမှု ဆိုရင် လက်မလွတ်ကြပေမယ့် လေယာဉ် မတော်တဆမှုတွေ ဆိုရင်တော့ အတော်လေး ရှားပါးတာမြင်ရမှာပါ။ ဒီလို ဆိုတိုင်းလည်းလေယာဉ် မတော်တဆမှုတွေ ဆက်မရှိတော့ ပါဘူး လို့ ဆိုလို့ မရတာ ဖြစ်ပါတယ်။ အခု လျှပ်စစ်ကား မီးလောင်မှုကလည်း ထိုနည်းတူပဲ ဖြစ်လို့ ရေရှည်ဘယ်လို ဖြေရှင်း သွားနိုင်မလဲဆိုတဲ့ သတင်းကိုပဲ နားစွင့်ကြရတော့ မှာပါ။

Ref: InsideEvs