Opel ကား အမျိုးအစားတွေကို အမြဲတမ်း အသွင်ပြောင်း ဖန်တီးပေးလေ့ရှိတဲ့ ဂျာမနီ ကား Tuning လုပ်ငန်း Irmscher ကတော့ အခုဆိုရင် Tesla Model Y အတွက်ပါ ဒီဇိုင်းလုံးဝ ပြောင်းပေးလိုက်ပြန်ပါတယ်။ အခု ကား အတွက် နည်းနည်း ပိုပြီး ထင်ရှားတဲ့ ပုံစံရှိတဲ့ Body Kit အသစ်တစ်ခုအပြင် အတော်လေး မျက်စိပသာဒ ဖြစ်စေမယ့်အပြင်ပိုင်း အရောင် တစ်ချို့ကိုလည်း မြင်ရတာ ဖြစ်ပါတယ်။ အခု ကားဒီဇ်ိုင်း အသစ်အတွက် နောက်ထပ် သိသိသာသာ ပြောင်းလာတဲ့ တစ်ချက်ကတော့ Grille ပုံစံ ဒီဇိုင်းတုဖြစ်ပြီး Spider Web ပုံစံ Pattern လေးတွေကို သုံးပေးထားတာပါ။

Photo Credit: AllAutoExperts

အခု Kit အရ ထူးခြားတာကတော့ အဆိုပါ Grille အတု ပုံစံတင် မဟုတ်ပဲ Aerodynamic Bumper Extension  တွေ ကားရဲ့ ဘေးဘက်က Side Skirts တွေနဲ့ အနောက်ဘက် Diffuser တွေလည်း ပါဝင်လာသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင် ဒါမှမဟုတ် Diamond Polish အရောင် တင်ပေးထားတဲ့ လက်မ ၂၀ အရွယ် Heli Star ဘီးတွေ ကိုလည်း ပြောင်းလဲ တပ်ဆင်ပေးထားပြီး အနောက်ဘက် Tailgate ပေါ်မှာပါ ပိုကြီးမားတဲ့ Spoiler ကို ထပ်တင် ပေးလိုက် ပါသေးတယ်။ အဆိုပါ Tesla Model Y အသစ် အတွက်ကိုတော့ နှစ်ရောင်စပ် အပြင်အဆင် အသစ်လည်း ရနိုင်ဦးမှာဖြစ်ပြီး အင်ဂျင်နဲ့ အမိုးတွေပေါ်မှာ အနက်ရောင်နဲ့ဖြစ်လာ ပါလိမ့်မယ်။

Photo Credit: AllAutoExperts

ဒီဇိုင်း ပိုင်းအရ အပြောင်းအလဲတွေ အနေနဲ့တော့ အပြင်ပိုင်းတင်မကပဲ အတွင်းပိုင်းတွေပါ ပြောင်းပေးလာ ခဲ့တာ ဖြစ်ပြီး Stainless Steel နဲ့ ပြောင်းလဲ ပေးထားတဲ့ တံခါးဘောင်တွေ ၊ Velour ကြမ်းခင်းတွေနဲ့ ထိုင်ခုံတွေ သီးသန့် လယ်သာ Upholstery အသစ်တွေ ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ အခု Tuning ပိုင်း အပြောင်းအလဲတွေ ကတော့ ဒီဇိုင်းပိုင်း သီးသန့်ပဲ ဖြစ်တာကြောင့်ကားရဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို မပြောင်းလဲပေးနိုင် သေးပါဘူး။ အခု Upgrade Package ကြီး တစ်ခုလုံးရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့်လည်း မကြာခင်မှာတော့ Tuner ဘက်ကနေ ကြေညာ ချပြပေးလာဖွယ် ရှိနေပါတယ်။

Ref: AllAutoExperts