Novitec Tuning ပိုင်း ကတော့ Tesla ရဲ့ Model 3 ၊ S နဲ့ X ကားတွေကို ကောင်းကောင်း အသစ်ဖန်တီး ပြင်ဆင် Tuning လုပ်ပေးအပြီးမှာပဲ အခုဆိုရင် Model Y အတွက်ကိုပါ ဖန်တီး ပေးလိုက်ပြန်ပါပြီ။ ကာဗွန်ဖိုက်ဘာ Body Kit ဖြစ်လာတဲ့ အဆိုပါ Model Y Kit အသစ်မှာ ဆိုရင် ၂၂ လက်မအရွယ် ဘီးအသစ်တွေ ပါပါဝင်လာခဲ့ပြီး Suspension ပိုင်းကိုလည်း ပိုနှိမ့်ကာ ကားကို ခပ်နိမ့်နိမ့်အသွင်ပြောင်းပေး လာနိုင်တာ တွေ့ရမှာပါ။ အမြင်ပိုင်း အဓိက ပြောင်းလာတာ ‌ဆိုပေမယ့် လည်း တကယ်ကို လိုအပ်ပြီး အသုံးတည့်တဲ့ အရာတွေပါ ပါဝင်လာခဲ့တာဖြစ်ကာ အထူးသဖြင့် ပိုကြီးတဲ့ Front Splitter ၊ ဘေးဘက်က ပိုရှည်တဲ့ Skirts ‌တွေ ၊ အနောက်ဘက် Diffuser နဲ့ Built-In ပါပြီးသား အနောက်ဘက် Spoiler တွေက တကယ်ကို ပြီးပြည့်စုံစေတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

ကားရဲ့ Bodykit ကို နောက်ထပ် ပိုပြီး သိသိသာသာ ထူးခြား ကောင်းမွန်သွား စေတာကတော့ ခပ်ပြောင်ပြောင် High- Gloss Sealer Finish တွေနဲ့ Carbon Fiber အပြောင်စားတွေကြောင့်လည်း ဖြစ်ပါတယ်။ Tuner ဘက်ကတော့ အဆိုပါ အစိတ်အပိုင်း တစ်ခုချင်းစီဟာ Aerodynamic ပိုင်း ပိုကောင်းအောင် လုပ်ပေးထားတာ ဖြစ်တယ်လို့ ဆိုထား ပါသေးတယ်။ အဆိုပါ Tuning Parts တွေ အတိုင်းကို အတော်လေး ကြည့်ကောင်းနေပြီ ဖြစ်ပေမယ့်လည်း Tuning လုပ်ချင်တဲ့ ကားပိုင်ရှင်ရဲ့ စိတ်ကြိုက်အပြင်ပိုင်း အရောင်တွေကိုလည်း ထပ်ပြီး ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။ အခု Tuning Kit မှာ နောက်ထပ် ထူးခြားချက် တစ်ခုကိုပြပါဆိုရင်တော့ Vossen နဲ့ ပူးပေါင်း ဖန်တီးပေးထားတဲ့ ၂၂ လက်မ အရွယ် Novitec NV2 Forged ဘီးအကြီးကြီးတွေကိုပဲ မြင်သာအောင်ပြရတော့မှာပါ။

Photo Credit: AllAutoExperts

အဆိုပါ ဘီးတွေရဲ့ အချိုးအစား ကျနလွန်းတဲ့ ပုံစံတွေကြောင့် ဘီးတစ်လုံးချင်းစီကကို သိသာနေသလို Brake Cooling ကိုပါ တစ်ခါတည်း တွဲထည့်ပေးထားတာ ဖြစ်ပါတယ်။ ဝယ်ယူချင်တဲ့ သူတွေအဖို့တော့ ‌ထင်ရှားတဲ့ အရောင် ၇၂ ရောင်ကိုမှ Polish အသွင်နဲ့လား Brush အနေအထားနဲ့လားဆိုတာ ရွေးပြီး ဝယ်နိုင်သေးတာပါ။ ဒါ့အပြင် စွမ်းဆောင်ရည် အသား ပေး တာယာတွေကိုလည်း တွဲဖက် ရွေးချယ် နိုင်ဦးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ကားရဲ့ အမြင့်ကိုပါ အနိမ့်အမြင့် ကစားနိုင်တဲ့ KW Coilover Suspension စနစ်က အခု Model Y နဲ့ အတော်လိုက်ဖက် နေမှာပါ။ ကားကို ၁.၆ လက်မ လောက်အထိ သာမန်ထက် ပိုနိမ့်ဆင်းသွားအောင် ဖန်တီးလို့ရတာကြောင့် ကားကို တကယ် Sports ပိုဆန်သွားစေတယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ အခြားသော Performance ပိုင်း ပိုကောင်းစေတဲ့ Tuning မျိုး‌ကိုတော့ Novitec ဆီမှာ မရနိုင်သေးပေမယ့် ဒီ အနေအထားကကိုပဲ အတော်လေး မိုက်နေပြီလို့ ဆိုလို့ ရပါတယ်။

Ref: AllAutoExperts