Tesla ရဲ့ Model Y ကား ဆိုတာကတော့ သံသယ ဖြစ်ဖွယ် မရှိလောက်အောင် အတော်လေး ကောင်းတဲ့ကား ဆိုတာ သေချာပါတယ်။ လက်ရှိ အချိန်အထိ ကိုလည်း ဈေးကွက်ထဲ အကောင်းဆုံးသော ရောင်းအားတွေ ကို ရထားတဲ့ လျှပ်စစ် Crossover ကားတစ်စီး ပီပီ Model Y ဟာ အခုဆိုရင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားတစ်စီးပါ ဖြစ်လာ နိုင်ဖို့ တာဆူနေပါပြီ။ Tesla ရဲ့ နှစ်စဉ်ပြုလုပ်နေကြ ရှယ်ယာရှင် အစည်းအဝေး ကြီးမှာတော့ CEO Elon Musk ကနေ Model Y ကားတွေဟာ အခုနှစ်ထဲမှာတင် ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားတွေ ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာ ကို ဆိုခဲ့ပါတယ်။ ဒါ့အပြင် Musk ရဲ့ ပြောကြားချက် အရတော့ တကယ်လည်း Tesla Model Y ဟာလာမယ့် ၂၀၂၃ အထိမှာယူ ဝယ်ထားတာ တွေပါ ထည့်တွက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အစီးရေ အများဆုံး ရောင်းထားရတဲ့ ကားဖြစ် နေတယ်လို့လည်း သိရပါတယ်။

Photo Credit: InsideEvs

‌ဒါပေမယ့်လက်ရှိ တကယ့် စာရင်းဇယားတွေထဲမှာတော့ ကမ္ဘာ့ရောင်းအား အမြင့်မားဆုံးကားက Toyota Corolla ဖြစ်လို့ နေပါတယ်။ ခန့်မှန်းခြေအားဖြင့်တော့ မနှစ်တုန်းက အဆိုပါ Corolla ကားအစီးရေ ၁,၁၅၀,၀၀၀ အထိ ရောင်းချ ခဲ့ရပြီး Tesla ကတော့ ၂၀၂၁ တစ်နှစ်ထဲမှာကိုပဲ အစီးရေ ၉၃၆,၂၂၂ အထိ ရောင်းချ ခဲ့ရပါတယ်။ ဒါပေမယ့် Tesla ရဲ့ ရောင်းအား တွေက နှစ်စဉ်ပုံမှန်ကို သိသိသာသာ တိုးလာနေတာဖြစ်လို့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အခုနှစ် ထဲမှာတင်ပဲ ကား အစီးရေ ၁.၃ သန်း လောက် ရောင်းချပြီးသား ဖြစ်နေတော့မှာပါ။ ဒါတောင်မှ ကုန်ကြမ်းပစ္စည်း ပြတ်လပ် လျော့နည်းမှု ရှိနေသေးတဲ့ လတ်တလော အခြေအနေမှာ ဖြစ်ပါတယ်။ တကယ်လို့ အခုလို ပြဿနာတွေ လည်း မရှိတော့ပဲ အားလုံးအဆင်ပြေကာ ၊ Tesla ရဲ့ ကားထုတ်လုပ်ရေး စက်ရုံ အကြီးစားကြီးတွေ ဖြစ်ကြတဲ့ Giga Texas နဲ့ Giga Austin စက်ရုံ တွေသာ သေချာပေါက် အင်ပြည့်အားပြည့် လည်ပတ်နိုင်မယ် ဆိုရင်တော့ တကယ်ကို ပဲ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်လာဖို့က လက်တွေ့ကျကျ သေချာလို့ နေပါတယ်။

Photo Credit: InsideEvs

တကယ်တော့ အခုလိုမျိုး ရောင်းအားကောင်းနေသေးတာကိုတင် မဟုတ်ပဲ ကားရဲ့ဈေးကြီးနေတဲ့ အခြေအနေမှာတင် ကို ရောင်းနေရတာဆိုရင် ပိုအံ့အားသင့်ဖို့ ကောင်းမှာ‌ သေချာပါတယ်။ ယခင်တုန်းကဆိုရင် အခုလို ဒေါ်လာ ၇ သောင်း ကျော်တန် ကားတစ်စီးက ဘယ်နည်းနဲ့မှ ၃ လပတ် ကာလလောက်မှာတင် အစီးရေ ၁၅၀,၀၀၀ လောက် အကြမ်းဖျင်း မရောင်းရ‌တာတော့ သေချာပါတယ်။ ဒါတောင်မှ Tesla တို့က Model 3 ၊ Model Y တို့ ရဲ့ ကားရောင်းအားတွေ ကိုသာ အကြမ်းဖျင်း ပြောထားတာဖြစ်ပြီး Model Y ရောင်းအား သီးသန့်ကိုတောင် မသိနိုင်သေးတာပါ။ ဒါ့အပြင် Tesla က လည်း နောက်ထပ် Giga Berlin စက်ရုံ အသစ်ကြီးမှာပါ Model Y ဥရောပ မော်ဒယ် ကားတွေကို ယခင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ဖို့ စီစဉ်နေပါသေးတယ်။ ဒါဆိုရင်တော့ ဒေါ်လာ ၆၇,၄၄၀ လောက်ကနေကို စတင် ထားတဲ့ Tesla Model Y တို့က တကယ်ပဲ ကားကောင်းတစ်စီးလား ၊ ကမ္ဘာပေါ်က ကားအမျိုးအစား အစုံအလင်ထဲ ရောင်းအား အကောင်းဆုံး ကားတကယ် ဖြစ်လာမှာလား ဆိုတာကတော့ စောင့်ကြည့်ချင်စရာ ကောင်းနေခဲ့ပြီ ဖြစ်ပါ တယ်။

Ref: InsideEvs