Tesla ကတော့ သူတို့ရဲ့ 2023 Model S နဲ့ Model X ကားသစ်တွေထဲမှာ Screen အကြီးတွေကို တပ်ဆင် ပေးဖို့ ပြင်ဆင်နေပြီဖြစ်ပြီး အသုံးပြုသူတစ်ဦးရဲ့ ပြောင်းလဲတပ်ဆင်ထားတဲ့ Screen အသစ်နဲ့ ယခင် အဟောင်းကို ယှဉ်ပြထားတဲ့ Video တစ်ခုလည်း ထွက်ပေါ်လာ ခဲ့ပါတယ်။ ကားအသုံးပြုသူ Vlad Ionut ဆိုသူက အဆိုပါ Video ကို လူမှူကွန်ရက်ပေါ်မှာ မျှဝေခဲ့တာဖြစ်ပြီး Screen အသစ်က သိသိသာသာ ကြီး လာခဲ့တဲ့အပြင် ယခင် တပ်ဆင်ထားတဲ့ နေရာနဲ့လည်း အတူတူပဲ နေရာယူထားပါတယ်။ Tesla ကတော့ Screen အဓိက ထည့်ထားတဲ့ Console ကို မပြောင်းလဲ ထားတာကြောင့် ယခင် ကားအဟောင်းတွေရဲ့ Screen နေရာမှာ ပြောင်းလဲ တပ်ဆင်ချင်တယ် ဆိုရင်လည်း အဆင်ပြေစေမှာပါ။ Screen ကတော့ ပိုပြီး ကြီးမား လာရုံတင် မကပဲ ယခင်ထက် ဘေးဘောင်တွေလည်း ပိုပါးလာခဲ့တာကြောင့် Model S နဲ့ Model X ကားသစ် တွေရဲ့ နောက်ခန်းမှာ ထိုင်ရတာ အတော်လေး ပိုခေတ်မှီတယ်ဆိုတဲ့ ခံစားချက်ကို ရစေပါလိမ့်မယ်။

Photo Credit: InsideEvs

Video အရတော့ Screen က ပိုပြီး ကောင်းမွန်တဲ့ HD အရည်အသွေးနဲ့ ရုပ်ထွက်လည်း ပိုကောင်းလာပုံရပြီး အရောင်တွေကလည်း ယခင်ထက်စာရင် ပိုပြီး ခပ်တောက်တောက်ဘက်ကို ရောက်လာပါတယ်။ ဒါပေမယ့်လည်း ဒါက Video ရိုက်ယူထားတဲ့ အနေအထား တွေကြောင့် ဖြစ်နိုင်သေးတာမို့လို့ အတိအကျ တော့ ယူဆလို့ မရသေးပါဘူး။Tesla အနေနဲ့ အခု Screen အသစ်နဲ့အတူ လုပ်ဆောင်ချက် အသစ်တွေကိုပါ ထည့်ပေးလာ ဦးမလား ဆိုတာ အတိအကျ မသိနိုင်သေးပေမယ့်လည်း အခုလို အနောက်ခန်း Screen တွေနဲ့ Bluetooth Headphone ကို တစ်ပါတည်း ချိတ်ဆက်လို့ ရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပိုကြီး ပိုကောင်းလာတဲ့ Screen ကို Tesla တို့ နဂိုကတည်းက ဖန်တီးထားပြီးသား လား ၊ ဘယ်လို အခြေအနေမှာစပြီး မိတ်ဆက်လာမလဲ ဆို တာကို တော့ စိတ်ဝင်စားဖွယ်ရာ ဆက်လက် စောင့်ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs